အပိုင်း(၄၇) uni-zaw

10.4K 316 62
                                    


ရင်ခွင်တစ်စုံသို့တမ်းခြင်း ၄၇

မာမီထွက်သွားတော့ ညီခန့်အ၀တ်အစားလှဲကာပြင်ထွက်လာခဲ့၏ သူပျိုနဲ့ချိန်းထားတာမျိုးမရှိချေ မာမီကတော့ သူထင်ချင်ရာထင်သွားခဲ့ပြီ ထင်ပါစေတော့ ညီခန့်ဖက်ကရိုးသားနေဖို့သာအဓိကမဟုတ်လား

ညီခန့့် အခန်းထဲကထွက်လာတော့ ပျို့ကိုသူ့အခန်းရှေ့ရပ်လျှက်သား တွေ့လိုက်ရ၏
ပျိုကတော့ပြုံးပြနေကာ

"စောင့်ရတာကြာသွားလားပျို !"

"ဟင့်အင်ရတယ် ညီ !"

"ဘာစားလာပြီးပြီလဲ နေလည်စာအတူသွားစားကြမယ်လေ!"

"အွန်း ညီ သွားကြမယ် !"

ပျိုနဲ့ညီ နှစ်ယောက်သား ဟိုတယ်မှာပဲ နေ့လည်စာစားဖို့ပြင်ဆင်လိုက်၏

"ပျိုလာတာ တော်သေးတယ် ကိုယ်ကနောက်နေ့ဆိုအားတော့မှာမဟုတ်ဘူး အလုပ်တွေက
တောက်လျှောက်စုပုံနေပြီ!ဒီကြားထဲဘာမှကိုမလုပ်ဖြစ်တာ"

ညီ အသဲကွဲဒဏ်ကြောင့်အလုပ်မလုပ်ပဲဖြစ်သလိုနေနေတာကြောင့်မနက်ဖန်ကစပြီးသာအလုပ်ပြန်လုပ်ဖို့တွေးထားလိုက်၏ ပြည်ပကိုခရီးထွက်ဖို့ရှိသလို ချောင်းသာကိုလည်း သွားဖို့ရှိလေ၏

"ပျိုလည်း အလုပ်ကိစ္စနဲ့လမ်းကြုံ၀င်လာခဲ့တာညီရယ် !"

ပျိုနဲ့ညီနှစ်ယောက်သားခုံတွင်ထိုင်လိုက်ကြပြီး ပျိုက menuကိုကောက်ကိုင်လိုက်၏

"ညီခုတလောပိန်နေတယ် ထမင်းမစားဘူးလားဟင်  ပျို ညီကြိုက်တာလေးတွေမှာလိုက်မယ်နော်!"

"....."

ပျိုဟင်းတွေမှာလိုက်ပြီး ညီကတော့စိတ်မပါစွာ အပြင်ဘက်ငေးနေ၏

ခဏကြာတော့မှာထားတဲ့ဟင်းပွဲ ချပေးလာ၏

"ညီ ဟင်းပွဲတွေရောက်ပြီနော် စားရအောင်!"

"အင်း !!"

ညီက ထမင်းစားဖို့အတွက် ဇွန်းနဲ့ခက်ရင်းကိုကောက်ကိုင်လိုက်၏

"ညီ!!! ညီတို့ကွာရှင်းလိုက်ကြပြီဆို ပျိုလည်း မေးရမှာအားနာပါတယ် ညီတို့သတင်းကြားရတာစိတ်မကောင်းပါဘူး ညီရယ် ပျို ၀င်ပြီးဖြေရှင်းပေးရမလား!"

ရင်ခွင်တစ်စုံသို့တမ်းခြင်း(Completed)Where stories live. Discover now