အပိုင်း(၄၀)uni-zaw

9K 217 10
                                    

ရင်ခွင်တစ်စုံသို့တမ်းခြင်း ၄၀

ညီခန့် စုယဥ်အား နေ့လည်စာစားဖို့အိမ်ကိုပဲပြန်ခေါ်လာခဲ့၏ ဆိုင်မှာစားရင်ရပယ်မယ့် သူမနက်ကတည်းက တစ်နေကုန်အပင်ပန်းခံထားတာမို့ ခေါ်လာခဲ့တာဖြစ်၏

ရောက်ကတည်းကညီ့ကိုခုံပေါ်မှာပဲထိုင်ထားခိုင်းထားတာကြောင့် ယဥ် ဘာမှကူမလုပ်ပဲထိုင်နေလိုက်၏
ညီကဟင်းတွေခူးခတ်နေကာတစ်ယောက်တည်းအလုပ်ရှုပ်နေဟန်ပါ

"စားပြီးရင်အန်တီ့ဆီကိုပြန်သွားရမှာလား အပြင်သွားဖို့က အန်တီဒီနေ့မအားဘူးထင်တယ် !"

"ဒါမဲ့ ကိုယ်ရှိနေတာဘဲကို  ပြီးကျရင်အတူသွား၀င်ကြမယ်လေ ငယ်ငယ်တို့ဆီပါသွားကြရအောင် စုယဥ်ကိုယ်၀န်ရှိနေတာအန်တီတို့ကို မပြောရသေးဘူးမလား!"

ညီက ယဥ့်ရှေ့ဟင်းတွေချပေးလာ၏ မနက်ကတည်းကဘာတွေကြိုးကြိုးစားစားချက်နေလဲမှတ်တာ ဘူးသီးနဲ့ကြာဇံကိုဟင်းချိုချက်ထားပြီး ကြက်သားကိုကြော်ထားတာရယ်  ပန်း​ဂေါ်ဖီကြော်တာ ရယ်တဲ့
ညီကတော့ထမင်းပန်းကန်အားခူးပြီးယဥ်ဖက်ကမ်းပေးလာ၏

"ညီ့ဟင်းတွေက အကုန်အချိုတွေချည်း ဒီတိုင်းစားရမှာလား!ငရုတ်သီးင/ပိကျက်ချက်လေးတောင်မပါပဲ ဘယ်လိုလုပ်စား၀င်တော့မှာလဲ!"

"အာ!!စုယဥ်ကလည်းအစပ်တွေစားမလို့လား !ကိုယ်၀န်ဆောင်ကအစပ်မစားရဘူးဆိုလို့လေ!"

"နည်းနည်းပါးပါးစားတာလောက်နဲ့ဘာမှဖြစ်မသွားပါဘူး ယဥ့်ကိုငရုတ်သီးစိမ်းသာယူပေး ဒီတိုင်းစားမလို့ ယဥ်ငရုတ်သီးမပါရင်မစားတတ်ဘူး!"

"......"

ညီခန့်ထိုင်ရာမှ ထပြီးသာငရုတ်သီး ၃ထောင့်ယူပေးလိုက်ရ၏

စုယဥ်ကတော့ ငရုတ်သီးကိုအပိုင်းသေးသေးလေးတွေညှပ်ပြီး ဂေါ်ဖီကြော်နဲ့ရောစားလေ၏
စုယဥ်စားလို့၀ပြီးထိစောင့်ပြီးတာနဲ့ ညီခန့်ပန်းကန်တွေသိမ်းလိုက်ကာရေအားဆေးလိုက်ပြီး အရည်စစ်ထားလိုက်၏

ပြီးတာနဲ့မနက်ကစျေးကနေ ထောပတ်သီးတွေ့တာနဲ့ စုယဥ်ကိုဖျော်ပေးဖို့၀ယ်လာတာရှိတော့
ညီခန့် ထောပတ်သီးအားခြမ်းကာ ဇွန်းနဲ့ကော်၍ဖျော်စက်ထဲထည့်ပြီးရောကြိတ်လိုက်လေ၏  ပြီးတော့မှ နို့ဆီနဲနဲထည့်လိုက်ပြီး ရေခဲပါထည့်လိုက်လေ၏
ပြီးတာနဲ့ ဖန်ခွက် မှာသူ့အတွက်ပါတစ်ပါတည်းလိုက်၏
ဖျော်ရည်နှစ်ခွက်လုံးကိုဧည့်ခန်းကိုသယ်ချလာပြီး စုယဥ်ကတော့ ဆိုဖာပေါ်ထိုင်နေလေ၏

ရင်ခွင်တစ်စုံသို့တမ်းခြင်း(Completed)Where stories live. Discover now