အပိုင်း(၁၂)uni-zaw

8.1K 128 7
                                    

ရင်ခွင်တစ်စုံသို့တမ်းခြင်း

ညီခန့်အိပ်ယာမှနိုးလာတော့ အကြည့်ကဆိုဖာပေါ်သို့အလိုလိုရောက်သွားလေသည်  နန်းစုယဥ်ကတော့ ဆိုဖာပေါ်မှာကွေးကွေးကလေးအိပ်ပျော်လျှက်ရှိ၏ ညီခန့်ကုတင်ပေါ်မှဆင်းလိုက်ပြီး
နန်းစုယဥ်ဆီကိုလျှောက်သွားလိုက်၏ အိပ်ရေးပျက်ထားလို့ထင်သည် မျက်ကွင်းတွေကျနေပြီးမျက်နှာကချောင်ကျသွားပုံကြည့်ရရင် အရင်ထက်ပိန်သွားတဲ့ပုံပင် နန်းစုယဥ်က ညီခန့်ကြည့်ရသလောက်ရုပ်ဆိုးတဲ့အထဲမပါပေ လှတာမျိုးမဟုတ်ပဲ ချစ်ဖို့ကောင်းတဲ့အထဲပါ၏ ဆံပင်ရှည်ရှည်လေးတွေက ညီခန့်သဘောကျခဲ့ရသည်ပင် ရယ်လိုက်ရင်ပျောက်ပျောက်သွားတတ်တဲ့ မျက်လုံးကျဥ်းကျဥ်းကလေးတွေရယ် ပြီးတော့နုတ်ခမ်းဖူးဖူးလေးတွေက နမ်းချင်စရာလေးပါ  ညီခန့်သည်တချိန်က နန်းစုယဥ်၏
နုတ်ခမ်းများကိုစွဲလမ်းဖူးခဲ့၏ တချိန်ကအနမ်းများသည်ချိုမြိန်အိစက်လျှက်ပါ
သူသာအခုနမ်းလိုက်ရင်အရင်လိုချိုမြိန်နေပါအုံးမလား ကျစ်!!ငါဘာတွေတွေးနေတာလဲ
နန်းစုယဥ်က ဒီလောက်ထိသူ့ဘ၀တစ်ခုလုံးကိုစုတ်ပြတ်သတ်အောင်ဒုက္ခပေးခဲ့တဲ့သူပဲ  တကယ်တော့ သူ့ဖက်ကအထိအတွေ့ကိုနှစ်သက်ခဲ့ရုံပါ နန်းစုယဥ်ကို ညီခန့်မချစ်ပါ နန်းစုယဥ်သည်
ညီခန့်နဲ့ပတ်သက်ခဲ့သောတလျှောက်လုံး ညီခန့်အား ဘယ်အရာကိုမှမပူဆာတတ်ခဲ့ အလိုက်သင့်ပျော်ရွှင်ခဲ့ရသောဆက်ဆံရေးမျိုးဖြစ်၏ ဒါကြောင့်လည်း ဒီလိုအခြေအနေကိုညီခန့်မျှော်လင့်ခဲ့တာမျိုးမဟုတ်ခဲ့ပေ နန်းစုယဥ်နဲ့အေးအေးချမ်းချမ်းနားလည်မှုနဲ့ရှေ့ဆက်ချင်ခဲ့တာမျိုးပါ ပျိုရဲ့သူငယ်ချင်းဆိုတာ နန်းစုယဥ်မှန်းသိပြီး ကတည်းက နန်းစုယဥ်အား အားနာရသလို မျက်နှာပူခဲ့ရသည် ညီခန့်အားအထင်သေးလိမ့်မည်ဟုလည်းထင်၏ ခုလိုမျိုးတော့ ဘာအငြိုးတွေရှိခဲ့လို့သူ့ဘ၀ကိုအပိုင်သိမ်းပိုက်ခဲ့မှန်းညီခန့်လည်းမသိပေ...ညီခန့်အား ချစ်၍ဆိုတာမျိုးတော့မဖြစ်နိုင်ပေ ..
ညီခန့်ရဲ့လက်ကသူ့အလိုလိုနန်းစုယဥ်ရဲ့ ဆံပင်လေးတွေကိုကိုင်မိလိုက်သည် နန်းစုယဥ်က အိပ်နေရာမှတချက်လှုပ်ရှားလာတော့ ညီခန့်လက်အားဖယ်လိုက်ပြီး နန်းစုယဥ်အနားမှထွက်သွားလိုက်တော့သည် ရေချိုးခန်းထဲ၀င်ကာရေချိုးလိုက်ပြီး ပေါ့ပေါ့ပါးပါးတီချပ်နဲ့ဂျင်းပေါင်းဘီတိုကို၀တ်ဆင်လိုက်ပြီး မနက်စာပြင်ဆင်ရန် မီးဖို့ချောင်သို့၀င်လာခဲ့တော့သည်ရေခဲသေတ္တာဖွင့်လိုက်ပြီးကြည့်လိုက်တော့ အသားငါးအစုံတွေ့ရ၏ ညီခန့်ဘာမှထွေထွေထူးထူး၀ယ်မထားပယ်မယ့် နန်းစုယဥ်၀ယ်ထည့်ထားသည့်ဟန် အိမ်ထောင်ကျပြီးမှနန်းစုယဥ်အား ဘာငွေမှပေးအပ်ထားခြင်းမရှိပေသူ့လုပ်အားနဲ့ရတဲ့ငွေတွေနဲ့သုံးနေဟန်ပါ  ဒီနေ့တော့ ညီခန့် နန်းစုယဥ်အားငွေအပ်ရန်တွေးထားလိုက်သည် အိမ်အကူတစ်ဦးလည်းရှာရတော့မှာပဲ...
ပေါင်မုန့်ရယ် ကြက်ဥရယ်ကို ယူလိုက်ပြီး လွယ်လွယ်ကူကူပေါင်မုန့်ကြက်ဥကြော်ရန်လုပ်လိုက်တော့သည် ကော်ဖီနဲ့တွဲသောက်ဖို့ရေနွေးပါတည်လိုက်၏
အကုန်ပြင်ဆင်ပြီးတော့ အ၀တ်အစားလှဲရန်အပေါ်ပြန်တက်လာခဲ့ကာ နန်းစုယဥ်ကတော့အခုထိမနိုးသေးပါ ဘယ်ဇနီးမယားကဒီအချိန်ထိအိပ်ကြလဲမသိ ယောကျ်ားအား မနက်စာထားဘာမှပြင်ဆင်မပေးတဲ့အပြင် လုပ်ပေးရမဲ့တာ၀န်ရှိမှန်းတောင်သိရဲ့လားမသိ

ရင်ခွင်တစ်စုံသို့တမ်းခြင်း(Completed)Where stories live. Discover now