Extra 3 uni-zaw

14.8K 287 25
                                    


ရင်ခွင်တစ်စုံသို့တမ်းခြင်း Extra 3

....5နှစ်ခန့်ကြာသော်....

ယဥ်တို့မိသားစုလေး ချောင်းသာသို့အလည်ရောက်နေတာဖြစ်သည် ယဥ်တို့ ကိုယ်ပိုင် ဟိုတယ်မှာဘဲတည်းကြပြီး  ညီတို့သားဖတွေကတော့ အပြင်ထွက်သွားတာမို့ ယဥ့်မှာသာပါလာသောအ၀တ်ထုတ်တွေကိုနေရာချပြီး ညီတို့သားဖအတွက်၀တ်မဲ့အ၀တ်ထုတ်ထားလိုက်၏ ပြတင်းပေါက်ကိုဖွင့်လိုက်တာနဲ့လေအေးအေးလေးတွေကလာရောက်တိုက်ခိုက်တော့ ယဥ် အ၀ကြီးရှူရှိုက်ပစ်လိုက်၏ စိတ်ရောလူပါလန်းဆန်းသွားသလိုခံစားရပြီး ယဥ်တစ်ခါမှမရောက်ဖူးတာမို့ပျော်ရွှင်မိပါသည်  အဝေးကနေလှမ်းမြင်နေရသောရေလှိုင်းတွေနဲ့ မြင်ကွင်းကစိတ်ကျေနပ်စရာပင် လူတွေကတော့စည်ကားနေကာ အများအပြားတွေ့ရလေ၏ ယဥ်တို့ရောက်ပြီးမှမိုးကလည်းတစ်ကြိမ်ရွာချလိုက်သေးသည် ...

ချောင်းသာကနေပြန်ရောက်တာနဲ့ ဖွားဖွားအတွက်ကောင်းရည်စူးကာကုသိုလ်လုပ်ရင်းနဲ့  သားကိုပါရှင်ပြုပြီး မနှင်းသမီးလေးက သီလရှင်၀တ်မှာဖြစ်သည် သားလေးကိုတော့ကိုရင်၀တ်ပေးဖို့လုပ်ထား၏ .....ဗုဒ္ဓဘာသာအဥ်အလာအရ မိန်းခလေးဆိုမယ်သီလရှင်၀တ်ပေးပြီး သားယောကျ်ားလေးဆို
ကိုရင်၀တ်ပေးဖို့ယဥ်တွေးထားတာဖြစ်၏ ခုတော့ ရှင်လောင်းမေမေလေးက ယဥ်ပေါ့ ...စိတ်ကူးနဲ့တွေးလိုက်ရင်တောင်ယဥ့်အတွက်၀မ်းသာ၀မ်းမြောက်ရ၏ ....ယဥ်သမီးလေးတစ်ယောက်လောက်လိုချင်သေးပေမဲ့ ညီကတော့ ယဥ့်ကျန်းမာရေးကြောင့် ထပ်မယူဖို့ဆွေးနွေးထားပြီးသားဖြစ်သည်  ...

"မိန်းမရေ !!"

"မေမေရေ!"

ညီနဲ့သားလေးကယဥ့်ကိုခေါ်ပြီးအထဲ၀င်လာ၏

"ရှင့်!!"

သားကယဥ့်ကိုအပြေးဖက်လိုက်ပြီး ညီကယဥ့်ကိုအနမ်းပေးလေ၏

"မေ့ သားဗိုက်ဆာတယ် "

" ဟင် ဟုတ်လား ညီ​ ဟိုခြင်းတဲ့က သားကြိုက်တဲ့
ကွတ်ကီးပါတယ်လေ ယူပေးလိုက်ပါလားညီ အအေးဘူးလေးရော!!

"ဟုတ်ပါပြီဗျ!"
ညီခန့် သားကိုမုန့်နဲ့အအေးဘူးလေးကိုဖောက်ကာပေးလိုက်၏

You've reached the end of published parts.

⏰ Last updated: May 25 ⏰

Add this story to your Library to get notified about new parts!

ရင်ခွင်တစ်စုံသို့တမ်းခြင်း(Completed)Where stories live. Discover now