အပိုင်း(၄၂)uni-zaw

8.5K 237 22
                                    

ရင်ခွင်တစ်စုံသို့တမ်းခြင်း ၄၂

မနက် ယဥ်အိပ်ယာကနိုးလာတော့ အမြဲတမ်းကြည့်နေကျဖြစ်သော ယဥ့်နံဘေးဆီကိုအကြည့်ရောက်သွား၏ ယဥ်ပြုံးမိသွားကာ ညီကမထသေးဘဲယဥ့်ဘေးနားမှာ အိပ်မောကျနေလေရဲ့ ယဥ် ညီ့အနားတိုးသွားလိုက်ပြီး ကုတင်ကိုလက်တစ်ဖက်ဖြင့်ထောက်ကာ ညီ့ကိုအကြည့်မလွှဲမိပဲစိုက်ကြည့်နေမိ၏
ယဥ့်လက်ကအလိုလိုညီ့ရဲ့ပျော့ပြောင်းနေသောဆံပင်ကိုဖွလိုက်မိကာ မျက်ခုံးတန်းထင်းထင်းလေးတွေရယ် နှာတံစင်းစင်းလေးနဲ့ ပိရိသေသပ်သောနှုတ်ခမ်းတစ်စုံကအနည်းငယ်ပြုံးနေသယောင်ပါ မနေ့ကဘီယာသောက်ထားတာကြောင့် ညီ့မျက်နှာကအဆီနဲနဲပြန်နေ၏ ယဥ် ညီဖက်ကိုနဲနဲကိုယ်ကိုကိုင်းညွတ်လိုက်ကာ ညီ့နဖူးကိုအသာနမ်းလိုက်၏ 'ချစ်တယ်ညီ ဘေဘီလေးရဲ့ဖေဖေရယ်'မနက်တိုင်းဒီလိုမျိုးနိုးထချင်ပါတယ်

"အဟွန်း!! ယားတယ် စုယဥ်!"

ညီ့ထံမှအသံထွက်လာတော့ ယဥ် ကိုယ့်ပါကိုယ်မလုံမလဲဖြစ်မိကာ ညီ့နားကချက်ချင်းခွါလိုက်ပေမဲ့
ယဥ် ညီ့လက်ကပြေးမလွတ်ခဲ့ပါ

"လာခဲ့တော့!!"

"အမေ့!!"

ညီသည် ယဥ့်ကိုမလွှတ်တမ်းတင်းတင်းကျပ်ကျပ်ဖက်ထားလေရဲ့ ညီနဲ့ယဥ်ကြား လေတိုးပေါက်ပင်မရှိပဲနီးကပ်နေလေ၏

"ကိုယ်မသိခင် စုယဥ်ဘာတွေလုပ်နေတာလဲပြော!"

ခိုးနမ်းတာလူမိသွားတော့ ယဥ်ရှက်နေကာ

"ဟို ဘာမှမလုပ်ပါဘူးနော်!"

ယဥ်ကို့ပါကိုယ်မလုံမလဲငြင်းမိသည် ကိုယ့်ယောကျ်ားကိုယ်နမ်းတာတောင်ခိုးနမ်းရတုန်းပါ

"သေချာရဲ့လား!"

ညီသည် ယဥ့်ရဲ့ အင်္ကျီအားအပေါ်သို့ဆွဲလှန်နေတာကြောင့် ယဥ် လန့်သွားရသည်
'ဘုရားရေ ညီဘာလုပ်ဖို့ စိတ်ကူးနေပါလိမ့်'

"ညီ မရဘူးနော်!"

ညီကယဥ်ပြောတာကိုဂရုမစိုက်သည့်အလား သူ့ပါသူဆွဲလှန်နေ၏

"ညီလို့!"

"ကိုယ်ဘာမှမလုပ်ဘူး စုယဥ် ခဏလေးပဲ ဒါလေးတော့ခွင့်ပြုနော်!"

ရင်ခွင်တစ်စုံသို့တမ်းခြင်း(Completed)Where stories live. Discover now