အပိုင်း(၁၄)uni-zaw

6.3K 112 5
                                    

ရင်ခွင်တစ်စုံသို့တမ်းခြင်း

ယဥ်တစ်ယောက် Off day တွင်ကောင်းကောင်းမနားရသေးပေ သူစခဲ့တဲ့ဇာတ်လမ်းကိုသူသာအဆုံးသတ်ပေးနေရသည် ညီရဲ့ အ၀တ်အစားတွေလျှော်ဖို့ကအစ ယဥ့်ခေါင်းပေါ်ပုံကျလာလေသည် တော်သေးတာပေါ့ လျှော်စက်ရှိနေလို့သာ ညီကတော့အလုပ်နားထားရပယ်မယ့် zoom meetingနဲ့သာလုပ်လျှက်ရှိသည်
ယဥ် ညီ့အတွက်ကြက်သားဆန်ပြုတ်လေးပြေးလုပ်လိုက်ရသေးသည်

"နန်းစုယဥ်!!မင်းဖုန်းလာနေတယ် လာကိုင်အုံး "

"လာပြီ လာပြီ"

ညီက ဧည့်ခန်းကနေလှမ်းအော်နေတာကြောင့်
ယဥ်မီးဖိုချောင်ထဲမှအပြေးသာလာရလေသည် ညီကတော့ ဖုန်းအသံကြောင့်အနှောင့်အယှက်ဖြစ်သွားဟန်ပါ ယဥ်ကပျာကယာဖုန်းကောက်ကိုင်လိုက်ကာ အိမ်ရှေ့ထွက်လာခဲ့သည်

"အမယဥ် "

"အွင်းညီမလေး "

"အမအပြောင်းတင်ထားတာပါတယ်သိလား CWHပဲ သမီး အမအတွက်ဂုဏ်ယူပါတယ်"

"ဟင်တကယ်လား ကျေးဇူးပါညီမလေးရယ် အမလည်းလိုင်းမသုံးဖစ်တော့မသိဘူး အားးး ၀မ်းသာလိုက်တာအဟွင်း"

"ဟင့် အမအတွက်၀မ်းသာပယ်မယ့် သမီးတို့နဲ့ခွဲရတော့မယ် မခွဲချင်သေးတာကို "

" အယ်!!အမလည်းညီမလေးတို့ကိုသတိရနေမှာပါနော် ဒါနဲ့ sisterရောညီမလေးအမအပြောင်းပါတာသိပြီးပြီလား "

"မသိသေးဘူးထင်တယ်အမ သမီးသွားပြောလိုက်မယ်အခု "

"အွန်းညီမလေး ကျေးဇူးတင်ပါတယ်နော် အမဒီနေ့ဆေးရုံကိုလာခဲ့အုံးမယ်"

"ဟုတ်ကဲ့အမလာခဲ့ပါ အဲဆိုဒါဘဲနော်အမ"

"အွန်းအွန်း ညီမလေး "

...
"တော်သေးတာပေါ့ ဟီးဟီး နောက်ဆုံးတော့လည်းပါခဲ့ပြီ"
ယဥ် အတိုင်းမသိ၀မ်းသာနေမိသည် ကိုယ့်ဘာသာဖုန်းချပြီးပြုံးနေရင်း ဧည့်ခန်းဖက်သို့ပြန်လျှောက်လာခဲ့သည် ညီ ယဥ့်ကိုစိုက်ကြည့်နေတာကိုသတိမထားမိသေးပါ

"ဘာဖြစ်တာလဲ!!"

"ဟို ယဥ်အပြောင်းပါတယ်လေ အဲ့ကြောင့်"

ရင်ခွင်တစ်စုံသို့တမ်းခြင်း(Completed)Where stories live. Discover now