အပိုင်း(၁၆)uni-zaw

8.3K 131 0
                                    


ရင်ခွင်တစ်စုံသို့တမ်းခြင်း

ယဥ်မနေ့ကအိပ်ပျက်တာကြောင့် မနက်အိပ်ရာထတော့ ခေါင်းတွေပါကိုက်နေ၏ အားနည်းတဲ့အထဲရာသီပါလာနေတော့ ခန္ဓာကိုယ်ကလုံး၀မလန်းတော့ချေ လန်းဆန်းသွားအောင်ရေနွေးနဲ့စပ်ချိုးဖို့ရေသွာစပ်လိုက်၏ ကိုယ့်ရုပ်ကိုကိုယ်မှန်ထဲအကြည့်ရောက်သွားတော့ မျက်ခုံးနားတ၀ိုက်မှာ၀က်ခြံနဲနဲထွက်နေပြီးဆံပင်ရှည်တွေကဖွာလျှက် မျက်ကွင်းတွေလည်းချောင်ပြီးညိုဖတ်ဖတ်နဲ့ပါ အမှန်ဆိုဒီနေ့ဆေးရုံသွားဖို့ကိုစိတ်မပါပယ်မယ့် မသွားလို့လည်းမရပေ ယဥ်ကဒီဆေးရုံမှာအလုပ်၀င်ရမဲ့ပထမနေ့မို့ဖြစ်သည် ရေစပ်ပြီးတော့ ရေချိုးဖို့ပြင်လိုက်သည် ညီကတော့မနေ့ညကတည်းကပေါ်မလာချေ ဒီအိမ်ကြီးထဲမှာယဥ်တစ်ယောက်တည်းအိပ်ခဲ့ရသည်
ညီ ယဥ့်ဖက်ကိုနဲနဲလောက် ၀င်တွေးပေးဖို့ကောင်း၏ ဒါမဲ့တစ်ကိုယ်ကောင်းဆန်လွန်းပါသည်
ရေချိုးပြီးတာနဲ့လူကနဲနဲလန်းဆန်းသွားပယ်မယ့် ခေါင်းကိုက်နေဆဲပါ အိမ်နေအ၀တ်အစားကိုအရင်လှဲလိုက်ပြီး မီးဖိုချောင်ဖက်သို့ဆင်းလာခဲ့လိုက်သည် မနက်စာအတွက် ကြက်ဥနှစ်လုံးကြော်လိုက်ပြီး ကော်ဖီရယ် ပေါင်မုန့်ကိုမကင်တော့ပဲ ယိုသုတ်ကာစားလိုက်တော့သည် တချို့တွေဆို ကော်ဖီက၀မ်းချုပ်တတ်ပယ်မယ့် ယဥ်ကတော့ ထိုကဲ့သို့မဟုတ်ပေ ကော်ဖီသောက်ပြီးတာနဲ့ toiletသွားရတဲ့သူမျိုးထဲမှာပါ၏
စားပြီးတာနဲ့ dofelnal တစ်လုံးကြိုသောက်ထားလိုက်၏ ယဥ်က ရာသီလာရင် painရတတ်သူဖြစ်တာကြောင့်ပင်
ယူနီဖောင်းပြန်လှဲလိုက်ပြီး မျက်နှာကိုကြည့်ကောင်းအောင်ပြင်ဆင်လိုက်သည်  အကုန်ပြင်ဆင်ပြီးတာနဲ့ရောက်ထပ်ကိုဆင်းလာခဲ့တော့သည် အခန်းတံခါးတွေကိုသေချာပိတ်လိုက်ပြီး တစ်အိမ်လုံးရဲ့မီးခလုတ်တွေကိုပိတ်ကာလိုက်စစ်ဆေးပြီးမှ ကားမောင်းကာထွက်လာခဲ့တော့သည် ....

ဆေးရုံရောက်တော့ ယဥ်ကျတဲ့ Wardက Labour Room ပင် ကားကိုပါကင်၀င်ထိုးလိုက်ပြီး wardရှိရာသို့လျှောက်လာခဲ့သည် wardထဲရောက်တော့ မမွေးလူနာတွေနဲ့ ကျပ်ပြည့်လျှက်ရှိပြီး ကုတင်တွေကလည်းအပြည့်ပင်
"မဂ်လာပါအမ ညီမက ဒီကိုအသစ်တာ၀န်ကျတဲ့ Blue staff နန်းစုယဥ်ပါ"

ရင်ခွင်တစ်စုံသို့တမ်းခြင်း(Completed)Where stories live. Discover now