ရင်ခွင်တစ်စုံသို့တမ်းခြင်း
ညီခန့်တစ်ယောက် Hotelမှာပဲအချိန်ကုန်ဖြစ်၏ အိမ်ကိုတော့မပြန်ဖြစ်ပေ နန်းစုယဥ်ကတော့ night jutyမို့ထင်တယ် ဟိုနေ့ညက အိမ်ပြန်တော့မတွေ့ရပေ ...ညီခန့်အခုထိ ဒီအိမ်ထောင်ရေးကိုဘယ်လိုလုပ်ရမယ်မှန်းမသိသေးပါ ဘာကိုမှလည်းမဆုံးဖြတ်ရသေးပေ
လေးလေးနက်နက်တွေးပစ်လိုက်ဖို့လည်း သူ
မရဲ၀ံ့ပေ နန်းစုယဥ််ကိုလည်း သူချစ်မနေချေ...ဒါမဲ့ကိုယ်မချစ်တဲ့သူနဲ့အတူတူနေရမယ့်၀ဠ်ကပါလာ၏ မချစ်သော်လည်းအောင့်ကာနမ်းရအောင်လည်း နန်းစုယဥ်က ဘယ်လိုမိန်းခလေးမှန်းညီခန်အသိဆုံးပင် သူ့အပြင်ဘယ်နှစ်ယောက်များရှိနေလိမ့်မလဲ သူတပ်အပ်မပြောနိုင်ပေ အဲအထဲမှ ညီ့ခန့်ကတော့ကံစပ်မဲပေါက်သလို ဖြစ်သွား၏"ကျစ်!! မတွေးချင်ဘူးဆိုမှပေါ်ပေါ်လာတယ်" ညီခန့်အပြင်ထွက်ရန်ပြင်လိုက်တော့ ဖုန်းနံပါတ်အသစ်တစ်လုံး၀င်လာတော့ ဖုန်ကောက်ကိုင်လိုက်၏
"ဟယ်လို ညီလား"
"!ကျစ် !!" သူ မကြားချင်မမြင်ချင်သောအသံ
ပင် ဖြစ်၏ ဖုန်းကဒ်ပြောင်းထားပယ်မယ့် မာမီကတော့မွှေလိုက်ပြန်ပြီထင်၏"ဘာလဲ ဘာကိစ္စဖုန်းဆက်တာလဲ "
"အိမ်ပြန်လာမယ်မလား!"
"မလာဘူးအဲတာမေးမလို့လား"
"ဟုတ်တယ် ယဥ် အိမ်မှာတစ်ယောက်တည်းမအိပ်ရဲ့ဘူး ညီလာခဲ့ပါ"
"ဟ!!!မင်းမအိပ်တတ်ဘူးဆိုတိုင်းလာပေးရအောင် မင်းကိုမင်းဘာထင်နေလဲနန်းစုယဥ် မလာဘူးအိပ်တတ်သလိုအိပ် "
"အပိုမပြောပါနဲ့ညီ ငါကနင့်မိန်းမလေ ကိုယ့်ယောကျ်ားကိုအိမ်ပြန်လာဖို့ခေါ်တာတောင် ငါကဘာကိုထင်နေရအုံးမလဲ နင်မလာဘူးပေါ့ အဲတာဆို နင်ရှိတဲ့နေရာကိုငါလာခဲ့မယ် ရလား"
"တောက်!!မလာနဲ့ အဲမှာနေ တစ်ဖ၀ါးမှမရွေ့ပဲနေ ငါမင်းကိုဟိုတယ်ကိုခြေချခွင့်မပေးဘူး"
"အော်!!အဲလိုဖြစ်ရအောင်ငါက နင့်တိတ်တိတ်ပုန်းမယားမဟုတ်ဘူး ညီ နင်နဲ့ငါတရား၀င်လင်မယားတွေသိရဲ့လား နင်နဲ့ငါတရား၀င်လက်ထပ်ထားတာ"
YOU ARE READING
ရင်ခွင်တစ်စုံသို့တမ်းခြင်း(Completed)
Non-Fiction"ငါယဥ့်ကိုဘယ်တော့မှချစ်လာမှာမဟုတ်ဘူး" "ငါလည်း ညီ့ကိုချစ်တယ်လို့မပြောမိပါဘူး " "နင်စိတ်ချပါ နန်းစုယဥ်ဆိုတဲ့ငါက ကိုယ့်လည်ပင်းကိုကိုယ်ကြိုးကွင်းပြန်မစွပ်ဘူး " "ငါကတခြားမိန်းမတွေလို ကလေးကိုဗန်းပြပြီးနင့်ကိုဆွဲထားမှာမဟုတ်ဘူး အဲလိုဖြစ်စရာလည်းအကြောင်းမရှိဘ...