အပိုင်း(၃၇) uni-zaw

10.2K 213 42
                                    

ရင်ခွင်တစ်ုံသို့တမ်းခြင်း ၃၇

နှစ်ယောက်လုံး အိမ်ပြန်ရောက်တော့ယဥ်ကအရင် ရေချိုးကာခေါင်းပါလျှော်ပစ်လေ၏ ညီကတော့ယဥ်အားစိတ်တိုနေဟန်ပြုကာ လက်ပိတ်၍ကြည့်နေလေ၏

"စုယဥ်နေကောင်းသေးတာလည်းမဟုတ်ဘူး ခေါင်းလျှော်ပြန်ပြီလား!"

"ဟတ်ချိုး!!!"

"ကျစ်!!"

ညီ့စကားပင်မဆုံးလိုက်ယဥ်က နှာထချီတော့ ညီကယ့်အနားလာကာ ရေစိုနေသော ယဥ့်ဆံပင်အားDryerသုံးခါအခြောက်ခံပေးလေ၏

"ရတယ် ယဥ့်ဘာသာလုက်လိုက်မယ် ညီသာရေသွားချိုးတော့ ညီ့ကိုယ်မှာစွဲနေတဲ့အဲရေမွှေးနဲ့ယဥ်မခံနိုင်ဘူး !""

"......"

ယဥ်တမင်တကာပြောလိုက်ခြင်းပင် ညီ့ထံမှ ညီသုံးနေကျမဟုတ်ပဲ ရေမွှေးနံ့အသစ်တစ်ခုရတော့ ယဥ်အမြင်ကပ်၍ပြောလိုက်ခြင်းပင် ညီ့နဲ့ထပ်ပြီးစကားမများချင်တော့တာကြောင့်ယဥ့် စိတ်ကိုအတတ်နိုင်ဆုံးထိန်းချုပ်ထားရ၏

ညီလည်း dryerကိုချကာရေချိုးခန်းထဲ၀င်သွားလေ၏ ညီ့မျက်နှာတော့မကောင်းပါ အနာပေါ်တုတ်ကျလို့နာသွားတာထင်ပါရဲ့ သေအောင်နာပါစေ ယဥ်လည်းအမှန်တိုင်းပြောစရာရှိတာတော့ပြောရမည်သာ

ယဥ့်ဆံပင်ခြောက်ပြီးတာနဲ့အိပ်ရာထဲ၀င်လှဲကာအိပ်လိုက်တော့သည်

ထိုအခါယဥ်နဖူးအပေါ်သို့ နုုတ်ခမ်းအေးအေးလေးကထိလာတာကိုတော့ယဥ်သိလိုက်၏ ဒါမဲ့ယဥ်တမင်အိပ်ကာဆောင်နေလိုက်တော့သည်

ညီခန့်ရေချိုးခန်းထဲမှထွက်တော့ ယဥ်ကကုတင်ပေါ်မှာအိပ်နေပြီးပြီဖြစ်သည် ဒါကြောင့် ရေစိုလျှက်နဲ့ ယဥ့်နဖူးအားဖွဖွကလေးတချက်နမ်းပစ်လိုက်၏

သူလည်းအ၀တ်အစား၀တ်ကာယဥ်ဘေးနားမှာ၀င်လှဲလိုက်တော့သည်
ညီ့ခန့်လွယ်လွယ်နဲ့အိပ်မပျော်နိုင်တာကြောင့်စုယဥ့်အနားတိုးကာ စုယဥ်ရဲ့ ကိုယ်လုံးလေးကိုဖက်လုံးသဖွယ်ဖက်အိပ်လိုက်တော့သည်
.
.
.
.မနက်မိုးလင်းလို့ ညီ့ခန့့်နိုးတော့ စုယဥ်ကညီီခန့့်ဘေးမှာမရှိတော့ချေ ညီခန့့်ကုတင်ပေါ်မှဆင်းကာtoiletသုံးလိုက်၏
ညီခန့့်ပြန်ထွက်လာတော့ ယဥ်ကအခန်းထဲမှာဖြစ်၏

ရင်ခွင်တစ်စုံသို့တမ်းခြင်း(Completed)Where stories live. Discover now