အပိုင်း(၈) uni-zaw

7.4K 148 7
                                    

ရင်ခွင်တစ်စုံသို့တမ်းခြင်း
အပိုင်း(၈)
ညီ ညနေဖက်အိမ်ကိုပြန်ရောက်တော့ ဖွားဖွားနဲ့ဧည့်ခန်းမှာဆုံလေ၏

"မြေးပြန်လာပြီလား ငါ့မြေးလေးပိန်သွားလိုက်တာ
ကွယ် ကျန်းမာရေးတော့ဂရုစိုက်ပါမြေလေးရယ် ဘယ်လောက်ပဲစိတ်ညစ်စရာတွေရှိရှိဟအွင်းပေါ့လေအဲကိစ္စကြီးကိုတော့ထုတ်​မပြောတော့ဘူးလို့တွေးထားပယ်မယ့် ပြောမိပြန်ပြီအဲတာဒင်းကြောင့်ဖြစ်ရတာ ငါ့မှာတော့ ငါ့မြေးကိုသနားလွန်းလို့ ဘယ်လိုနှစ်သိပ်ပေးရမယ်မှန်းတောင်မသိတော့တဲ့အထိပဲအေ "

အဖွားကစိတ်ပျက်စွာပြောလာတဲ့အခါ ညီခန့်ယဲ့ပြုံးကလေးသာပြုံးပြလိုက်သည် 'ညီခန့်လည်းစိတ်ဆင်းရဲရတာမှန်ပေမဲ့ သူ့ကြောင့်နဲ့ အိမ်သားတွေကိုပါရောပြီးစိတ်မညစ်စေချင်ပေ'
"သားအဆင်ပြေပါတယ်အဖွား ဒီကိစ္စကိုအဖွားတို့သိပ်ပြီးခေါင်းထဲမထဲထားပါနဲ့ သားဘာသာတာ၀န်ယူဖြေရှင်းနိုင်ပါတယ် ဖွားဖွားကိုယ့်ကျန်းမာရေးသာဂရုစိုက်ပါ ဒါနဲ့ဟိုတစ်ယောက်ကော ဖွားဖွားကိုအရင်လိုပြုစုသေးလား"

"အမလေးမပြောချင်ပါဘူးတော် ဒင်းကမေးပယ်မယ့် ကျုပ်ကတော့အဖက်မလုပ်နိုင်ပါဘူး ဒင်းပေးတဲ့ဆေးတွေလည်းမသောက်တော့ဘူးလွင့်ပြစ်လိုက်ပြီးပြီ တော်​ကြာအဆိပ်ခတ်ထားရင်ဘယ်လိုလုပ်မလဲ"

"..."
ညီခန့်အဖွားပြောတာကိုခေါင်းညိတ်နားထောင်မိသည် လူကြီးတွေဆိုတာကအယုံလွယ်အထင်လွယ်ကြတာပဲမလား အဲတာအဖွားအမှားမှမဟုတ်ခဲ့တာ

"မေမေကလည်း လူ့တဖက်သားကိုအဲလောက်ကြီးမပြောပါနဲ့ မေမေရယ် သူလည်း မေ့မေ့ကိုဂရုစိုက်ရှာပါတယ် ဆေးခန်းကပြန်ရောက်တော့လည်း မေ့မေ့ကျန်းမာရေးအခြေအနေကိုလာမေးသေးတာ အဲကိစ္စကိုထားလိုက်ပါတော့ ဖြစ်လာပြီးမှတော့ အဆင်ပြေအောင်နေရတော့မှာပဲကို"
မာမီကမီးဖိုချောင်ကနေထွက်လာပြီးတော့ အသီးပန်းကန်အားချပေးလာသည် ညီခန့်လည်း ပန်းသီးတစ်စိတ်ယူကာစားလိုက်၏

"မနေဘူး သူဘာလုပ်လုပ် ငါကတော့ အပိုလို့ပဲမြင်မိတယ် ဘ့ယ်နှယ် သူအိမ်မှာ လာလုပ်တဲ့၃လအတွင်းကျုပ်မြေးကိုပါ အပိုင်သိမ်းသွားတာ ငါတို့ဒီတိုင်းခွင့်လွှတ်ပေးရမှာလား မကျေနပ်နိုင်ဘူးတော်နဲနဲလေးမှ ငါတို့ကတော့သူ့ကိုလေးစားလိုက်ရတာအေ သူကတော့ငါတို့အပေါ်လုပ်ရက်သွားတာညည်းလည်းအသိပဲ မြေးလည်း သူ့အထိန်းအချုပ်လုံး၀မခံနဲ့နော်သိလား သူဘာလုပ်လုပ်သည်းခံနေစရာအကြောင်းမရှိဘူး တခုခုဆိုဖွားဖွားကိုပြော"

ရင်ခွင်တစ်စုံသို့တမ်းခြင်း(Completed)Where stories live. Discover now