အပိုင်း(၂၀) uni-zaw

9.3K 158 30
                                    

ရင်ခွင်တစ်စုံသို့တမ်းခြင်း

N2K Hotel&Resort ဆိုတဲ့လမ်းနားထည်၀ါစွာတည်ရှိနေသော ညီတို့Hotel ဖြစ်သည် ဒီဟိုတယ်က ဒက်ဒီကိုယ်တိုင် ညီခန့်အားရှေ့ဆောင်းလမ်းပြခဲ့ပြီး ညီခန့်ရောဒက်ဒီပါခြေကုန်ပမ်းကျကြိုးစားထားတဲ့အဆောက်အဦးဖြစ်၏ ညီခန့်သည် စီးပွားရေးနဲ့ကျောင်းပြီးထားပြီး ဘွဲ့ယူပြီးတာနဲ့အလုပ်တန်း၀င်လေ၏ ညီခန့်တို့မှာ  Hotel ခွဲသုံးခုရှိပြီး နှစ်ခုက ရန်ကုန်တွင်ဖြစ်ကာ တစ်ခုကမန္တလေးမှာပဲဖြစ်သည် ဟိုတယ်ခွဲ၂ခုက ညီခန့်ကိုယ်တိုင်တည်ထောင်ထားတာဖြစ်ပြီး အခုCentralကိုကျ ဒက်ဒီနဲ့အတူတခြားရှယ်ယာရှင်တွေလည်းပါ၀င်၏  ဒက်ဒီမဆုံးခင် ချောင်းသာမှာ ဟိုတည်ဆောက်ဖို့အတွက်ပါစီးပွားရေးအမြင်ချဲ့ကာ​မြေ၀ယ်ထားခဲ့ပယ်မယ့် ခုထိမဆောက်ဖြစ်သေးပေ  ....နောက်လကျရင် မာမီ့ဆိုင်ရဲ့ ရတနာshowလည်းရှိသေး၏ မာမီကိုယ်တိုင်ဒီကုမ္ပဏီမှာကျင်းပမှာဖြစ်သည်
မသဇင်ကိုတော့ ညီခန့် ဟိုတယ်တစ်ခုလုံးလိုက်ပြကာ ဒီမှာပဲ နေ့လည်စာအတူစားဖြစ်ကြ၏ မသဇင်ကတော့အတော်လေးပျော်နေပုံရသည်

"ညီ တို့တစ်ခုမေးလို့ရမလား"

စားနေရင် မသဇင်ကစကားစလာတော့ ညီခန့့်နားစွင့်နေလိုက်သည်

"အွန်းမေးပါ မသဇင်ဘာမေးမလို့လဲ"

"ညီ့ရဲ့ personal ပေါ့ မက နှင်းပြောပြလို့ အကုန်ပြန်ကြားရပြီးပြီ အမှန်တိုင်းပြောရကြေးဆို ကိုယ့်မျက်စိအောက်မှာဘဲအရွယ်ရောက်လာတဲ့မောင်လေးမို့ရှင်းရှင်းပြောရရင် နှမျောတွန့်တိုမိတယ်ကွယ်
အေးလေ နှင်းတောင်ဒီလောက်ဖြစ်နေတာ မဆိုလည်း ညီ့ကို အဲတစ်ယောက်နဲ့ လုံး၀သဘောမတူပါဘူး
ဒါကိုယ့်မောင်လေးမို့ စေတနာနဲ့ပြောပြတာ အဲတစ်ယောက်က လူကြည့်ရင်သာမခုတ်တတ်တဲ့ကြောင်အတိုင်း ရုပ်ကကုတ်ကမြင်းရုပ်ပါ သူ့မှာရုပ်ကလေးနဲ့မလိုက်အဲလိုစိတ်ဓာတ်ရှိနေတာတော့ရွံစရာပဲ "

"....."

ညီခန့်လည်းဘာမှမပြောဘဲ ထမင်းသာဆက်စားနေလိုက်သည် ညီခန့့်lကိုမောင်လေးတစ်ယောက်အနေနဲ့ဆုံးမနေပယ်မယ့် နန်းစုယဥ်ကိုအပုတ်ခတ်ပြောဆိုနေတာကခပ်များများရယ်ပါ  မသဇင်က နန်းစုယဥ်ကိုဘယ်ကတည်းကပြောချင်နေတာလည်းတော့ ညီခန့်လည်းမပြောတတ်ပေ

ရင်ခွင်တစ်စုံသို့တမ်းခြင်း(Completed)Where stories live. Discover now