ရင်ခွင်တစ်စုံသို့တမ်းခြင်း ၅၉
ဖြိုးသီဟကောင်းမှုကြောင့် မနေ့ညကတည်းက ပျို ဟိုတယ်မှာပဲ စခန်းချနေရတာဖြစ်သည် လူမဆန်ပဲကြမ်းကြမ်းတမ်းတမ်းဆက်ဆံတာကြောင့် ပျို ဖြိုးသီဟအား သတ်ချင်နေမိ၏ ကုတင်ပေါ်ကနေဖြည်းဖြည်းချင်းထလိုက်ကာ အောက်ကိုဆင်းလိုက်၏ ဖြိုးသီဟကတော့ ကုတင်ပေါ်မှာအိပ်မောကျနေဆဲပါ
ပျို ဖုန်းကိုထုတ်ကာကြည့်လိုက်တော့ miss callပေါင်းသောင်းခြောက်ထောင်နဲ့ပါ စာပို့ထားတာကြည့်မိတော့မှ ပျိုတစ်ယောက်သေချင်စော်နံသွားရ၏"အဲကောင်လေးကိုထပ်ထိလို့မရတော့ဘူး မင်းတို့ကိစ္စကပြီးသွားပြီ ''
"ဟိုကသိပြီးတော့ သူတို့လည်းအပြည့်အ၀ကာကွယ်ထားကြပြီ မင်းဘာဆက်လုပ်မှာလဲ "
"နောက်လုပ်လို့မရတော့ဘူး ဒါမဲ့ မင်းအသစ်လုပ်ချင်တယ်ဆိုရင်တော့ မင်းကောင်လေးနဲ့တွေ့ပြီးအစကနေပြန်စမှရလိမ့်မယ်"
"အား!!! တောက်! ခလွမ်း!"
ပျိုဖုန်းကိုကောက်ပစ်လိုက်တော့ ဖြိုးသီဟအိပ်နေရာမှချက်ချင်းထထိုင်လေ၏"ဘာဖြစ်လို့လဲ ပျိုလဲ!"
ပျို ဖြိုးသီဟအား အကြည့်စူးစူးကြီးတွေနဲ့ကြည့်ပစ်လိုက်၏ 'ဒါတွေအကုန်လုံးက နင့်ကြောင့်ပဲ နင့်ကြောင့် ငါ့လက်ထဲရောက်ခါနီးလွတ်သွားခဲ့ရတာ!"
"ပျိုလေး!! ကိုယ်မေးနေတယ်လေ!"
"မမေးနဲ့ ထပ်မထွက်နဲ့ လုံး၀မကြားချင်ဘူး တောက်!"
"ဟာကွာ ဘာကိုစိတ်ဆိုးနေတာလဲလို့ ကိုယ်မနေ့ကခေါ်တာကိုလား ပျိုလေးမှကိုယ့်ဖုန်းမကိုင်တာကွာ
ဒါကြောင့် လာမဲ့နည်းနဲ့ခေါ်လိုက်တဲ့ သဘောပါပဲ ပျိုလေးရာ အခုကိုယ့်ကိုဘာဖြစ်စေချင်တာလဲဟမ် ကိုယ် သက်ထားဆွေနဲ့လည်းကွာရှင်းပြီးသွားပြီ ကိုယ်ကလူလွတ်ဖြစ်သွားတာတောင်ကြာပြီလေ ပျိုလေးကိုယ့်ကိုလွတ်လပ်ချစ်လို့ရပြီလေ ဒါပျိုလေးလိုချင်ခဲ့တာမဟုတ်ဘူးလား ကိုယ်ဘာမှားသွားလို့လဲ ကိုယ်ပျိုလေးကိုအမှန်တကယ်ချစ်ခဲ့တာပါ တင့်တင့်တယ်တယ်လက်ထပ်ပေးမယ်လို့ ကတိပေးပါတယ် ပျိုလေးဖက်က ကိုယ့်ကို confirmလုပ်လိုက်ရုံမဟုတ်ဘူးလား!ဘာတွေမကျေမနပ်ဖြစ်နေတာလဲ ဟမ်!ကို ဘာလုပ်ပေးရမလဲ!"
YOU ARE READING
ရင်ခွင်တစ်စုံသို့တမ်းခြင်း(Completed)
Non-Fiction"ငါယဥ့်ကိုဘယ်တော့မှချစ်လာမှာမဟုတ်ဘူး" "ငါလည်း ညီ့ကိုချစ်တယ်လို့မပြောမိပါဘူး " "နင်စိတ်ချပါ နန်းစုယဥ်ဆိုတဲ့ငါက ကိုယ့်လည်ပင်းကိုကိုယ်ကြိုးကွင်းပြန်မစွပ်ဘူး " "ငါကတခြားမိန်းမတွေလို ကလေးကိုဗန်းပြပြီးနင့်ကိုဆွဲထားမှာမဟုတ်ဘူး အဲလိုဖြစ်စရာလည်းအကြောင်းမရှိဘ...