ရင်ခွင်တစ်စုံသို့တမ်းခြင်း (၂၁)နန်းစုယဥ် အိမ်ရောက်တဲ့အချိန်မှာတော့ ၉နာရီထိုးတော့မည်ဖြစ်သည် ညီနဲ့ပြဿနာတက်ထားတာကြောင့် ယဥ် ကားလည်းမယူခဲ့ပဲ ယဥ်တို့နေနေတဲ့ရပ်ကွက်ထိပ်အထိလမ်းလျှောက်ပြီး ကိုယ့်ဘာသာ Taxiစီးလာ၏ အိမ်ရှေ့ရောက်တော့ ဖေဖေက ၀ရံတာမှာထွက်ပြီးစာအုပ်ထိုင်ဖတ်နေ၏ ဖေဖေ့ကိုရော ယဥ်တို့အိမ်လေးကိုပါ တွေ့ရတော့ ယဥ်အလိုလို၀မ်းနည်းလာခဲ့သည်
ဖေဖေ့ရှေ့မှာမို့ မငိုမိအောင်ထိန်းထားရင်းနဲ့ အတတ်နိုင်ဆုံးပြုံးပြလိုက်၏"သမီးလာပြီလား နောက်ကျလို့ ဖေဖေကမလာတော့ဘူးထင်နေတာ"
ဖေဖေက ယဥ့်အား ခြံတံခါးဖွင့်ပေးလေ၏ ယဥ်ကတော့ အလိုက်သင့်ပြုံးပြလိုက်၏ ယဥ့်ဆီမှ စကားသံထွက်ရင် ငိုသံပါမှာကိုစိုးလို့ဖြစ်သည်
မေမေပါအခန်းထဲမှထွက်လာတော့ ယဥ်အပြုံးနွမ်းနွမ်းကလေးသာပြုံးပြနိုင်တော့သည် အများကြီးလွမ်းနေခဲ့တာ .."ငယ်ငယ်ကော မေမေအိပ်နေပြီလား"
"ဟုတ်တယ် သမီးလာတော့မှာမဟုတ်ဘူးဆိုပြီးချော့အိပ်ခိုင်းလိုက်ရတာ အဲတာတောင်မှ ဂျီကျချင်သေးတာ သမီးညီမလေးက "
"ဟုတ်မေမေ ငယ်ငယ် အိပ်ပါစေ သူဒီရက်ပိုင်းအားရှိနေမှဖြစ်မှာ သမီးလည်းခွင့်စာတွေတင်ရတာနဲ့မို့ နဲနဲနောက်ကျသွားတာပါမေမေ "
"အင်းပါကွယ် လာသမီးအထဲကို"
"သမီးဆံပင်တွေလည်းရေစိုနေတာလား အနွေးထည်ထူထူကြီး၀တ်ထားတာနေမကောင်းဘူးလား"
ဖေဖေရဲ့မျက်၀န်းတွေက နက်နဲပြီးယဥ့်အားအကဲခတ်နေဟန်ပါ ယဥ်လည်း ဖေဖေရိပ်မိသွားမှာစိုးရိမ်နေမိ၏
"အဟွန်းကောင်းပါတယ်ဖေဖေ ဆံပင်အရှည်ကြီးဆိုတေ့ ယဥ်နဲနဲပင်ပမ်းလို့ပါဖေဖေ"
"သမီးပင်ပမ်းရင် ညှပ်လိုက်လေသမီး အသက်ရှိနေသမျှ ဆံပင်ရှည်မှာပဲကို"
ဦးယဥ်ထိုက် သမီးဖြစ်သူကိုဆံပင်အရှည်ထားစေချင်တာကလည်း သမီးကိုမဟာဆန်ဆန်လေးနဲ့ပဲသူတွေ့စေချင်၏ တကယ်ဆို သူ သမီးအား ငယ်ငယ်ကတည်းက ဗိုလ်ကေညှပ်ပြီးသာထား၏ ဒါမဲ့ သမီးကအရွယ်ရောက်လာတော့ယောကျ်ားမကျမိန်းမ မကျပုံစံမျိုးနဲ့တွေ့လာရတော့သူ့မျက်လုံးထဲကြည့်ကောင်းမနေပါ အဲလိုမဖြစ်စေချင်တာကြောင့် သမီးကို ၈တန်းနှစ်ကစပြီး ဆံပင်အရှည်ထားခိုင်းကာ ပုံသွင်းပေးရပြန်ပါသည် ခုခေတ်လိုမျိုးဆေးဆိုးပန်းရိုက်တွေသူ မကြိုက်ပေ သူ့ဘ၀တစ်လျှောက်လုံး သားသမီးတွေရဲ့မျက်နှာရိပ်အခြေအနေ ပုံပန်းသဏ္ဍန်ကအစအကဲခတ်ပြီး ပန်းကလေးတစ်ပွင့်သဖွယ်စောင့်ရှောက်လာခဲ့တာဖြစ်၏..
YOU ARE READING
ရင်ခွင်တစ်စုံသို့တမ်းခြင်း(Completed)
Non-Fiction"ငါယဥ့်ကိုဘယ်တော့မှချစ်လာမှာမဟုတ်ဘူး" "ငါလည်း ညီ့ကိုချစ်တယ်လို့မပြောမိပါဘူး " "နင်စိတ်ချပါ နန်းစုယဥ်ဆိုတဲ့ငါက ကိုယ့်လည်ပင်းကိုကိုယ်ကြိုးကွင်းပြန်မစွပ်ဘူး " "ငါကတခြားမိန်းမတွေလို ကလေးကိုဗန်းပြပြီးနင့်ကိုဆွဲထားမှာမဟုတ်ဘူး အဲလိုဖြစ်စရာလည်းအကြောင်းမရှိဘ...