အပိုင်း(၄၆)uni-zaw

8.3K 279 38
                                    

ရင်ခွင်တစ်စုံသို့တမ်းခြင်း ၄၆

ညီတစ်ယောက် အိမ်ပြန်ရောက်တော့ကားကိုခြံထဲမှာပဲဖြစ်သလိုထိုးရပ်လိုက်၏
ရင်ဘတ်တစ်ခုလုံးဟာတာတာနဲ့ဖြစ်နေပြီး ခြေလှမ်းတွေကအစလေးလံနေကာ သူအရမ်းပင်ပန်းနေပြီဖြစ်သည်
တ်ိတ်ဆိတ်နေသော အိမ်က သူ့ကိုကြိုဆိုလို့နေ၏ သူလောလောဆယ်အိမ်ထဲမ၀င်သေးဘဲ ဂန့်ဂေါ်ပင်လေးရှိရာသို့လျှောက်လာလိုက်၏ သူ့သားလေးကို  'သားအသက်နဲ့အတူတူဆိုပြီး'ပြချင်ခဲ့တဲ့သူ့အိမ်မက်တွေ ပျော်ရွှင်စရာကောင်းတဲ့ သူရယ်စုယဥ်ပြီးတော့သားလေးရယ် သူအများကြီးမျှော်လင့်ထားခဲ့ရတတဲ့အရာတွေက.....ခုကျတော့ သူ့ဘ၀တွင် တန်ဖိုးရှိသောအရာနှစ်ခုအားလတ်တလောအတွင်းမှာပဲအကုန်လုံးပျက်စီးသွားခဲ့တယ်...သူမျှော်မှန်းထားတဲ့ ပျော်ရွှင်သောမိသားစုဘ၀လေး'ဆိုတဲ့အရာကလည်း တိမ်လိုပဲ ကွယ်ပျောက်သွားခဲ့ပြန်ပြီ...

"အားးးးး!!!"

ညီခန့်ကျယ်လောင်စွာတချက်အော်လိုက်ပြီး သူလည်း ဂန်ဂေါ်ပင်လေးရှေ့မှာဘဲ ဒူးထောက်ငိုကြွေးနေမိသည်

"ဒုန်း ! ဒုန်း!ကဲကွာ ကဲကွာ!!"

မြက်ခင်းပြင်ကိုလက်သီးနဲ့အခါခါထိုးလိုက်ပြီးမျက်ရည်စက်တို့က ယောကျ်ားတန်မဲ့ပိုးပိုးပေါက်ပေါက်ကျနေ၏ 'ကွာရှင်းခွင့်တဲ့ လွယ်လိုက်တာ စုယဥ်ရယ် '
ကိုယ့်ဖက်ကိုနည်းနည်းလောက်ပြန်တွေးကြည့်ပေးလို့ရမလား ....မင်းက တကိုယ်ကောင်းဆန်လိုက်တာ
စုယဥ် ...မနေ့တနေ့ကမှအတူပျော်ရွှင်စွာနေခဲ့ကြပြီး ခုလတ်လောပဲ အခြေအနေတွေကချက်ချင်းပြောင်းလဲသွားခဲ့သည် ...မင်းကိုနာကျည်းလိုက်တာ
စုယဥ် ...အသည်းနှလုံးမရှိတဲ့မိန်းမပဲလားမင်းက....ငါတို့ကလေးမှာ ဘာအပြစ်တွေရှိလို့လဲ ခုလိုလုပ်ရလောက်တဲ့အထိ ဘာတွေများအပြစ်ရှိနေလို့လဲ

စုယဥ်ဗိုက်ထဲကနေ အဲအခဲသေးသေးကို သူ့မှာဘယ်လောက်ထိ ချစ်ခဲ့ရတာပါလိမ့် အများကြီး
မင်းထင်ထားတာထက် ကိုယ်အများကြီးမျှော်လင့်ထားခဲ့တာပါ....ဒါမဲ့ မင်းကတော့ အကုန်ရိုက်ချိုးပစ်ခဲ့တယ် ကိုယ်လက်နဲ့ရေးထားတာကိုခြေဖျက်ချပြစ်ခဲ့တယ် ...အခုငါ့ဘ၀ကြီးက.. ဘာမှတန်ဖိုးမရှိတဲ့အရာတစ်ခုနဲ့ခြားနားမနေခဲ့ပါ ...အကုန်ဆုံးရှုံးခဲ့ရပြီ ....

ရင်ခွင်တစ်စုံသို့တမ်းခြင်း(Completed)Where stories live. Discover now