အပိုင်း(၄) uni-zaw

6.5K 121 1
                                    

ရင်ခွင်တစ်စုံသို့တမ်းခြင်း
အပိုင်း(၃)
ညီခန့်တစ်ယောက်သူပိုင်တဲ့ Hotelမှာပဲစခန်းချဖြစ်တာ ခုဆိုတစ်ပတ်ကျော်ပြီဖြစ်သည် အိမ်ကိုလည်းမပြန်ချင်ပါ သူမမြင်ချင်သောမျက်နှာမြင်နေရမှာစိုး၍ဖြစ်သည် ပြောင်းလဲသွားသော သူ့ဘ၀ရဲ့အချိုးအကွေ့တွေကြောင့် သူကိုယ်တိုင်လိုက်မမှီခဲ့တော့ချေ စိတ်ပျက်စရာကောင်းတဲ့အိမ်ထောင်ရေးအကြောင်းတွေးမိတိုင်းလည်းဒေါသဖြစ်သည့်အပြင် သူ့ကိုသူလည်းယူကျုံးမရခဲ့တာအမှန်ပါ သူ့အိမ်ထောင်ရေးကသူမှန်းထားသလိုတစ်ခုမှဖြစ်မလာခဲ့ချေအရာအားလုံးအလွဲလွဲအချော်ချော်တွေသာဖြစ်ရသည် သူ့ချစ်မြတ်နိုးတာက ပျို၀င့်လွှာဖြူ ဒါမဲ့သူတကယ်လက်ထပ်လိုက်ရတာက နန်းစုယဥ် ဒီအရာက တကယ်ဟာသဆန်လွန်းသည် ယဥ်နဲ့သူပတ်သက်မှုရှိခဲ့ပယ်မယ့် ယဥ့်နဲ့လက်တွဲဖို့ဒီအခြေအနေထိတစ်ခါမှမမျှော်လင့်ဖူးပေ အဆိုးဆုံးက ယဥ်ဟာပျိုရဲ့သူငယ်ချင်းဆိုတာကို သူသိတာမကြာသေးပေ ပျိုမိတ်ဆက်ပေးတုန်းက သူ့မှာအံ့သြမှုတွေအပြည့်နဲ့ဖြစ်ပြီးယဥ်ကသူနာပြုတစ်ဦးပါတဲ့ သူနဲ့ယဥ်က၂နှစ်နီးပါးပတ်သက်မှုရှိခဲ့ပယ်မယ့် သူ့personal ကိုယ့်personalမေးမြန်းခဲ့ခြင်းမရှိခဲ့ပေ။နှစ်ယောက်သားအပြန်အလှန်ပြောဆိုဖူးတာရှိပယ်မယ့် လူမှုရေးအရရင်းနီးခဲ့ခြင်းမရှိခဲ့ သိရတဲ့အချိန်မှာလည်းယဥ့်အားကိုတော်တော်လေးစိတ်ပျက်အထင်သေးမိသည် ဘယ်သူနာပြုကမှ ဒီလိုအလုပ်မျိုးလုပ်မည်လဲဆိုတဲ့အတွေးတွေသူ့ခေါင်းထဲမေးခွန်းပေါင်းများစွာ၀င်လာခဲ့သည်အထိပင် ယဥ်စိတ်ကိုလည်းသူနားမလည်နိုင်ခဲ့ အဲနောက်ပိုင်း ညီခန့် ယဥ်နဲ့ဇာတ်လမ်းအဆုံးသတ်လိုက်လေသည် တစ်ဖက်သတ်ကြီးဆုံးဖြတ်လိုက်တာမဟုတ်ပယ်မယ့်ယဥ်နဲ့သူသဘောတူညီချက်အရအဆုံးလိုက်ခြင်းပင်ဖြစ်သည်
ဒါမဲ့ ကံတရားကသူ့ဖက်မှာမရှိခဲ့သည့်အတိုင်းပဲ
ဖွားဖွားကျန်းမာရေးကြောင့်အိမ်တွင်special nurseလိုလာသောအခါ ညီခန့် ပျို့ကိုအကူညီတောင်းပယ်မယ့် ပျိုဖက်ကလွယ်လွယ်လေးသာတချက်တွေးပြီးယဥ်ကိုလှမ်းအကူညီတောင်းသည် ညီခန့် ပျို့အားတားချိန်တောင်မရခဲ့ပါတကယ်ဆို ပျို့ကိုသူလက်ထပ်ယူမဲ့မိန်းခလေးအနေနဲ့ သူ့အိမ်နဲ့ရင်းနီးစေချင်တဲ့စိတ်ကြောင့်ပြောခဲ့တာဖြစ်၏ ဒါမဲ့ ဖြစ်ချင်တော့ ပျိုက  သူတို့အဖြစ်ကိုဘာမှသိနားလည်ခြင်းမရှိတဲ့အဖြူထည်ကလေးဖြစ်ပြီးယဥ့်ကိုယုံကြည်စွာထည့်ပေးလာသည်  "ယဥ်က ပျို့ထက်ပိုအတွေ့ကြုံရှိတာတဲ့"ညီခန့်မလွှဲသာပဲခေါင်းညိတ်ကာပြုံးပြလိုက်ရသည် ကိုယ့်လုပ်ရပ်တွေကြည့်ပြီးပျို့ကိုလည်းအားနာမိသည်
မဟုတ်ရင်တောင်မှညီခန့်ငြင်းမှာဖြစ်ပယ်မယ့် ခုကယဥ်ပါသူတို့နဲ့ရှိတဲ့အချိန်ဖြစ်တာကြောင့်အခွင့်မသာခဲ့ပေ ဒီအရာတွေကြောင့်ပဲသူပျိုနဲ့တစ်ဘ၀လုံးဝေးကွားခဲ့ရသည်အထိ  ကိုယ့်ဘာသာအသုံးမကျမှုအတွက်ခံပြင်းမိသည် ယဥ်သူ့အပေါ်ဒီလိုလုပ်လိမ့်မည်လို့လည်းတစ်ခါမှမတွေးဖူးခဲ့ ယဥ်က ညီခန့်တို့အိမ်အထိညအိပ်လာပယ်မယ့် ယဥ်နဲ့လူမှုရေးအရခေါ်ပြောလောက်သာဆက်ဆံသည် တခြားပတ်သက်ဆက်နွယ်ခဲ့ခြင်းမရှိပေ ယဥ့်ကိုလည်းသူမျက်နှာပူလွန်းပါသည် ယဥ်သာဒီအကြောင်းကိုပျိုကိုပြောခဲ့ရင်ပဲဖြစ်ဖြစ် အဲဒီတုန်းက ညီခန့်ယဥ့်ဖက်ကိုအများကြီးတွေးပေးဖူးခဲ့တာရှိသည် ဒါမဲ့ယဥ့်ဖက်ကတော့ သူ့အားလုပ်ရက်လွန်းသည် သူ့တစ်ဘ၀လုံးအတွက်ကိုအကွက်ကျကျလုပ်သွားခဲ့သည်  ညီခန့့်ကိုယ့်ကိုယ်ကိုလည်းတော်တော်စိတ်ပျက်မိခဲ့၏
အတွေးတို့ကြောင့် ခေါင်းကထိုးကိုက်လာကာနားထင်ကိုလက်နဲ့ဖိလိုက်ရင်းညီခန့်ညည်းမိသည် စိတ်ညစ်တိုင်းအလုပ်တွေဖိလုပ်ဖြစ်ပယ်မယ့် သူ့ဘ၀ကြီးတစ်ခုလုံးလမ်းပျောက်နေသလိုအဓိပ္ပာယ်မဲ့သလိုခံစားနေရသည်စိတ်ရောလူပါတော်တော်လေးပင်ပန်းနေ၏
ring ring ring
သူ့ဖုန်းမဟုတ်ပဲ သူ့အခန်းထဲမှဖုန်းမြည်လာတော့ ညီခန့်ကောက်ကိုင်လိုက်သည်
"သားလား "
ဖုန်းထဲမှမာမီ့အသံကြောင့်ညီခန့်နဲနဲလန့်သွားရသည်
"မာမီ !!"
ညီခန့်နားအေးပါးအေးနေနိုင်ဖို့ သူ့ဖုန်းအားစက်ပိတ်ထားခဲ့တာမဂ်လာပွဲနေ့ကတည်းကဖြစ်သည်
"ဟုတ်တယ် သားဖုန်းခေါ်မရလို့မာမီဒီဖုန်းကိုဆက်လိုက်ရတာ သားအိမ်ပြန်မလာတာဘယ်လောက်ရှိပြီလဲသားဘာတွေလျှောက်လုပ်နေတာလဲသားရယ်  "
"..."
မာမီနဲ့မနှင်းက ပွဲပြီးတာနဲ့ ပြည်ကို အလုပ်ကိစ္စနဲ့သွားတာ​ကိုအခွင့်ယူကာ ညီခန့်အိမ်ကိုပြန်မလာခဲ့ချေ
"ဒီနေ့အိမ်ပြန်လာခဲ့သား မာမီစောင့်နေမယ် ပြောစရာတွေလည်းရှိတယ်"
"ကျစ်!!မလာချင်ဘူး မာမီ သားဒီမှာ အလုပ်တွေများနေတာအားမယ်မထင်ဘူး"
"ညီခန့် မာမီ့ကိုအပိုတွေမပြောစမ်းပါနဲ့ သားဆင်ခြေတွေမာမီနားမထောင်ချင်ဘူး ဖြစ်ချင်တာထက်ဖြစ်သင့်တာကိုစဥ်းစားပါသား ကလေးမဆန်နဲ့တော့ မာမီစောင့်နေမယ်သိလား သားနဲ့ပြောစရာလေးတွေလည်းရှိတယ်"
"......"
"မလာချင်တဲ့သူကိုအတင်းခေါ်နေပြန်ပြီလားညည်း ငါ့မြေးကအားယားနေနေတာမှမဟုတ်ပဲအလုပ်လုပ်နေတာလေဘာတွေအလောတကြီးခေါ်နေရတာလဲ"
"မေမေ၀င်မပါစမ်းပါနဲ့မေမေ..."
တူတူတူ
ညီခန့် ဖုန်းချပစ်လိုက်သည် ဖုန်းထဲမှအဖွားနဲ့မာမီရဲ့စကားသံတွေကြားနေရတာကြောင့် သက်ပြင်းတချက်ချမိလိုက်သည်  ဘယ်တတ်နိုင်မလဲ ညီခန့်အိမ်ပြန်ဖို့သာဆုံးဖြတ်ချက်ချလိုက်၏

ရင်ခွင်တစ်စုံသို့တမ်းခြင်း(Completed)Where stories live. Discover now