ရင်ခွင်တစ်စုံသို့ တမ်းခြင်း ၄၈
တစ်ပတ်ကြာပြီးနောက် ....
ဒီတစ်ခါမှာတော့ ယဥ်တစ်ယောက်တည်းကိုယ်၀န်သွားပြဖို့ပြင်ဆင်နေ၏ အစတော့ အသစ် တစ်ခုမှာသွားပြဖို့တွေးထားလိုက်ပေမဲ့ ကလေးအတွက်အဆင်မပြေဖြစ်မှာစိုးတာကြောင့် ယဥ် သုခငြိမ်းကိုပဲ သွားဖို့တွေးထားလိုက်၏ ညီ မသိအောင်ခိုးလုပ်လို့ရတာပဲမို့ အခုချိန်ထိ ကလေးရဲ့အဘအမည်ဆိုတဲ့နေရာမှာ စောညီညီခန့်ကနေရာယူထားဆဲဖြစ်သည် ...ယဥ်ထိုကိုယ်၀န်ဆောင်စာအုပ်အားအိတ်ထဲထည့်လိုက်၏
ဟန်နီက သူလိုက်ပေးမယ်ဆိုပေမဲ့ ဟန်နီမှာကလည်းအခုတလော Beauty sloon ဆိုင်သစ်ဖွင့်မလို့ပြင်ဆင်နေတာကြောင့် ကွန်ဒိုကနေ မနက်အတည်းကထွက်သွားတာဖြစ်သည် ယဥ်လည်းအားနာတာကြောင့်ဖုန်းဆက်၍လည်းတကူးတကမခေါ်ဖြစ်ခဲ့ပါ
ယဥ်ဆေးရုံရှေ့ရောက်တော့ ကားသမားအား taxiဖိုးရှင်းပေးလိုက်ကာအထဲ၀င်လာခဲ့၏
တဖက်တွင်လည်း နန်းစုယဥ်အားအမိအရဓာတ်ပုံရိုက်နေတာကိုတော့ သူမသတိမထားမိချေ
"အမနေကောင်းတယ်နော်!"
ယဥ်အထဲရောက်တော့ ညီမလေးတစ်ယောက်ကနှုတ်ဆက်လေ၏
"ကောင်းပါတယ်ညီမလေး! ဆရာမကြီးရောက်နေပြီလားဟင်!"
"ဟုတ် အမရောက်နေပြီထင်တယ်!"
"အဲတာဆိုအမသွားလိုက်အုံးမယ်နော်!"
ပြမဲ့နေရာရောက်တော့ယ် ခါတိုင်းလိုပဲ စာအုပ်သွားထပ်ထားလိုက်ကာ ထိုင်စောင့်နေလိုက်၏
"ညီမလေးလာတာနောက်ကျတယ်နော် အမျိုးသားကော ဒီနေ့ပါမလာဘူးလား! "
အတူထိုင်နေကျ ကိုယ်၀န်ဆောင်အမက မေးလာတော့ ယဥ် ခေါင်းညိတ်ပြလိုက်၏
"ဟုတ်တယ်အမ အလုပ်မအားတာနဲ့ ညီမဘာသာပဲလာလိုက်တော့တာ!"
"ဟုတ်လား အမလေးယောကျ်ားတွေကအဲလိုကြီးပါပဲညီမရယ် အဟွင်းမပြောလိုက်ချင်ဘူး အမဆိုအရင် သမီးကိုယ်၀န်တုန်းကအိမ်ကယောက်ျားကလေအပတ်တိုင်းအခေါက်တိုင်းဘေးကနေအမြဲပါတာလေ မလိုက်ပါနဲ့ဆိုတာတောင်ပြောမရဘူး ကဲ အခုနောက်တစ်ဗိုက်လည်းရရော ခေါ်လို့ကောမရတော့တာ မလိုက်တော့ဘူးတဲ့တော် အလုပ်မအားရတာနဲ့ သိတယ်မလား တစ်ကမ္ဘာလုံးကအလုပ်ကိုသူတစ်ယာက်တည်းဒိုင်ခံလုပ်နေရတာကျနေတာပဲသိလား!!ဟွန်း
အမနာမည်က မြဆန်းနွယ်တဲ့ ညီမလေးနောက်ဆိုခေါ်ပြောဆက်ဆံနော် အမကပွင့်လင်ူပြီးတည့်တိုးသမား ခင်တတ်တယ် !!ဒါနဲ့ညီမလေးကိုယ်၀န်ကဘယ်နှစ်လရှိသွားပြီလဲ"
YOU ARE READING
ရင်ခွင်တစ်စုံသို့တမ်းခြင်း(Completed)
Non-Fiction"ငါယဥ့်ကိုဘယ်တော့မှချစ်လာမှာမဟုတ်ဘူး" "ငါလည်း ညီ့ကိုချစ်တယ်လို့မပြောမိပါဘူး " "နင်စိတ်ချပါ နန်းစုယဥ်ဆိုတဲ့ငါက ကိုယ့်လည်ပင်းကိုကိုယ်ကြိုးကွင်းပြန်မစွပ်ဘူး " "ငါကတခြားမိန်းမတွေလို ကလေးကိုဗန်းပြပြီးနင့်ကိုဆွဲထားမှာမဟုတ်ဘူး အဲလိုဖြစ်စရာလည်းအကြောင်းမရှိဘ...