အပိုင်း(၂၇) uni-zaw

10.4K 199 21
                                    

ရင်ခွင်တစ်စုံသို့တမ်းခြင်း (၂၇)

ယဥ် ပြသနာဖြစ်ပြီးကတည်းက လုံး၀အခန်းထဲမှမထွက်သေးပေ စိတ်တစ်ခုခုထိခိုက်ပြီဆိုရင်လည်း ထမင်းစားဖို့လည်းသတိမရတော့ တနေကုန် အခန်းအောင်းနေလိုက်တော့သည် အောက်ထပ်မှာဘာတွေဖြစ်၍ကျန်ခဲ့လဲ ယဥ်လည်းမသိချေ ခြံထဲမှကားထွက်သွားသံကိုသာ ယဥ်အပေါ်ထပ်တက်ပြီးသိပ်မကြာခင်မှာကြားခဲ့ရ၏ ....

နာရီကြည့်လိုက်တော့ ည၇နာရီကျော်ပြီဖြစ်သည် ညီတစ်ယောက်ကတော့ ခုချိန်ထိအပေါ်ထပ်ကိုတက်မလာသေးပေ သူ့အမကို စော်ကားပြောမိလိုက်လို့ ယဥ့်ကိုစိတ်ဆိုးနေတာဘဲဖြစ်ရမည် ...သူ့အမယဥ့်ကိုပါးရိုက်သွားကျတော့မမြင်ပေ ...ပါးတဖက်ကလည်းအနည်းငယ်ယောင်၍တင်းနေကာ ကိုင်ကြည့်လိုက်တော့နာနေ၏ ညီကိုယ်တိုင်ကယဥ့်ဖက်ကရပ်တည်မပေးတဲ့အတွက်ရင်နာမိ၏ ...

!!ဂျောက်!!

ညီအခန်းထဲ၀င်လာတော့ ယဥ် က dressing table ရှေ့တွင်ငုတ်တုတ်ထိုင်နေသောနန်းစုယဥ်အားတွေ့လိုက်ရ၏
ညီနန်းစုယဥ်အနားလျှောက်သွားလိုက်ကာ ပခုံးဖက်လိုက်ပြီး မှန်ထဲမှတစ်ဆင့် နန်းစုယဥ် အားပြုံးပြလိုက်၏

"စုယဥ် ဗိုက်မဆာဘူးလား !"

"မဆာဘူး !!"

"နေ့လည်ကဘာမှမစားထားဘူးမဟုတ်လား ထမင်းသွားစားကြရအောင် အကုန်ပြင်ဆင်ပြီးပြီ"

ညီကပြောရင်းနဲ့ ယဥ့်၏ ပခုံးကိုတစ်ချက်နမ်းလာ၏ ညီဘယ်ချိန်ကတည်းကသွားချက်ပြုတ်လိုက်တာလဲမသိပေ

"ထပါ ပြီးတော့ ကိုယ်စုယဥ့်ကို​ပြစရာရှိတယ် အောက်ထပ်လိုက်ခဲ့ "

"ဘာပြမှာလဲ ယဥ်မကြည့်ချင်ဘူး!!"

"တကယ်မသိချင်ဘူးလား ဒါဆိုလည်း ပြန်ပို့လိုက်မယ်"

"ဟင် ဘာကိုပို့မှာလဲ ညီ့စကားကြီးက"

"သိချင်ရင် လိုက်ခဲ့ပေါ့"

ယဥ်ညီ့အား မျက်စောင်းတချက်လှည့်ထိုးပစ်၏ လျှိုလိုက်တာ ဘာတွေများအဲလောက်ဖြစ်လို့ မပြောပြနိုင်ရတာလဲ ဟွန့် အကျင့်ကိုမကောင်းဘူး

"ကဲ လာအတူသွားကြရအောင်!!"

ညီက ယဥ့်ပခုံးအားဖက်ကာ အောက်ထပ်ခေါ်လာလိုက်၏  ယဥ်ကတော့ ပေကပ်ကပ်နဲ့လုပ်နေ၍ သူ
မနည်းခေါ်လာရတာပင် ...

ရင်ခွင်တစ်စုံသို့တမ်းခြင်း(Completed)Where stories live. Discover now