အပိုင်း(၁၇)uni-zaw

8.8K 149 17
                                    


ရင်ခွင်တစ်စုံသို့တမ်းခြင်း

နှစ်ယောက်သားအိမ်ပြန်ရောက်ပယ်မယ့် စကားတစ်ခွန်းတစ်လေမျှမပြောဖြစ်ကြပါ ယဥ်လည်းလုပ်စရာရှိတာလုပ်၍ ရေမိုးချိုးကာအောက်ထပ်ပြန်ဆင်းလာခဲ့၏ ဗိုက်ဆာလာတာကြောင့်ချိတ်မှပါလာသောဟင်းတွေကိုပန်းကန်ပေါ်ထည့်လိုက်ပြီး ဟင်းချိတ်တွေကိုသေချာရေဆေးကာ အရည်စစ်ထားလိုက်၏
ညီရောထမင်းစားတော့မှာလားယဥ်နဲ့ရောအတူစားချင်ပါ့မလား မနေ့က ညီ့ပါးကိုရိုက်လိုက်မိလို့နဲနဲအားနာရပယ်မယ့် ညီ့ကိုမသနားဖြစ်ပေ ညီက ယဥ့်သိက္ခာကိုစော်ကားလွန်းသည် အန်တီ့ကိုတော့ ယဥ် နဲနဲအားနာမိတာပင်
ယဥ် တာ၀န်အရညီ့ကိုသွားခေါ်ဖို့ဆုံးဖြတ်လိုက်သည်

"ဒေါက်!! ဒေါက် !!ညီ"

သိပ်မကြာလိုက်ပဲ ညီဖက်က တံခါးဖွင့်ပေးလာ၏ 'ဘာလဲ' ဆိုတဲ့ပုံစံနဲ့သာ

"ညီထမင်းစားတော့မလား "

"မစားဘူး!!!"

"......"
မစားဘူးဟု တစ်ခွန်းပြောပြီးတံခါးပြန်ပိတ်သွားလေ၏...
အွန်းယဥ့်ဘာသာတစ်ယောက်တည်းစားဖို့ပြင်လိုက်တော့သည် လက်ထပ်ပြီးကတည်းက ဘယ်မှာလဲအတူနေ အတူသွားအတူစားကြတာ စကားများပြီးရွဲ့ကြတာပဲအဖတ်တင်၏ အိမ်မှာတုန်းက
သိပ်သိပ်၀န်း၀န်းနဲ့မိသားစုထမင်းပွဲလေးလွမ်းမိပါသေးသည် မိသားစုလည်းမရှိတော့ဘဲ ယဥ်ကတစ်ကောင်ကြွက်သာသာဖြစ်နေ၏
ယဥ်ထမင်းစားနေရင်း မျက်ရည်အိုင်လာတော့ ပန်းကန်ပြားပေါ်သို့ လှိမ့်ကျမသွားအောင် မျက်တောင်ခတ်ပြီးထိန်းလိုက်၏ ယဥ်ကချစ်တာတစ်ခုတည်းနဲ့ဒီလောက်မိုက်ရူးရဲဆန်ခဲ့တာမလား ...
မေမေသည် ဖေဖေ့အားအချစ်တစ်ခုတည်းနဲ့ရွေးချယ်လိုက်ပယ်မယ့်အချစ်ဆိုတာကိုအကြောင်းပြပြီးချုပ်နှောင်တွယ်ခံခဲ့ရ၏ ဖေဖေက ငွေဆိုလည်းပေးမကိုင်ပဲ တစ်ခုခုဆိုလည်းအဖေ့ဆီမှာလက့်ဖြန့်တောင်းခဲ့ရ၏
မေ့မေ့ကိုဆို ဟိုဟိုဒီဒီကိုလည်းသွားခွင့်မပြုပဲ အိမ်နဲ့စျေး ရပ်ကွက်လောက်သာသွားရ၏ ဒီအရာတွေကအချစ်ကိုဗန်းပြပြီးလူ့အခွင့်အရေးချိုးဖောက်နေတာပဲလို့ယဥ်ထင်မိ၏ ဒါမဲ့ဒီအရာတွေကိုတော့မေမေကသိသိနဲ့ငြိုငြင်ခြင်းမရှိပဲလက်ခံခဲ့၏

ရင်ခွင်တစ်စုံသို့တမ်းခြင်း(Completed)Where stories live. Discover now