ရင်ခွင်တစ်စုံသို့တမ်းခြင်း ၂၉ခုဆိုရင် ယဥ်နဲ့ ညီစကားမပြောပဲ ၂ပတ်နီးပါးရှိပြီဖြစ်သည် ယဥ်လည်းအလုပ်ထွက်လိုက်ရတော့ လတ်တလောအလုပ်သစ်ရှာဖို့ကလည်းအဆင်မပြေပေ လောလောဆယ်ခေါ်တာက Nightဆင်းရမဲ့အလုပ်သာ ယဥ်သာnightရင် ညီနဲ့ထပ်ပြီးနပန်းသတ်နေရမှာအသေအချာပင် ...ညီကတော့ အဲနေ့ကတည်းက ခုံပေါ်မှာဘဏ်ကဒ်တင်ပေး၏ ယဥ်ကလည်း ဒေါသကြောင့်မယူပဲနေ၏ ....
ယဥ့်ဘ၀တစ်ခုလုံးနဲ့ဆိုင်တာကို သူ့ဖက်ကလွယ်လွယ်နဲ့လုပ်ချင်ရာလုပ်ပစ်လေ၏
ဒီကိစ္စဖေဖေသိရင်ရော ယဥ်ကိုအပြစ်ပြောအုံးမလား ဖေဖေကရှေးဆန်သူဖြစ်ပြီး မိန်းခလေးဆိုတာကအချိန်တန်ရင် အစိုးရ၀န်ထမ်းလုပ်ပြီး ကိုယ့်ဂုဏ်သိက္ခာလေးနဲ့ကိုယ်တင့်တင့်တယ်တယ်နေစေချင်၏ အိမ်ထောင်ကျသွားရင်လည်း သားသမီးမျက်နှာမငယ်ရတော့ဘူးတဲ့ 'နင့်အဖေက ကျောင်းအုပ်ကြီးပေါ့ဆိုပြီးဂုဏ်ကြွားလို့ရသတဲ့ ဒါမဲ့ယဥ်တစ်ခါမှမောက်မာ၀င့်ကြွားခြင်းလည်းမရှိခဲ့ပေ'ပတ်၀န်းကျင်အမြင်အရ အိမ်တစ်အိမ်မှာအစိုးရ၀န်ထမ်းတစ်ယောက်ရှိရင်အလိုလိုဂုဏ်ရပြီးမျက်နှာပွင့်လန်းရတယ်တဲ့ ကျန်းမာရေး၀န်ထမ်းဆိုလည်း အရေးကြောင်းဆိုရင်ဆေးရုံဆေးခန်းနဲ့ရင်းနီးနေပြီးတာကြောင့် စိတ်မပူရတော့ဘူးတဲ့...မိသားစုဆွေမျိုးတွေလည်းမျက်နှာမငယ်ရတော့ဘူးတဲ့ ဖေဖေကအစိုးရ၀န်ထမ်းမို့ သူ့သမီးတွေကိုလည်းအရာရှိအရာခံဖြစ်စေချင်၏ ..အချိန်တန်လို့အသက်ကြီးသွားရင်လည်း ပင်စင်လစာလေးနဲ့အေးဆေးနေလို့ရသတဲ့...ယဥ်အလုပ်ထွက်လိုက်တာကျတော့ ဖေဖေသာသိရင်ဘယ်လိုနေမလဲမသိပေ
ခုတလောယဥ်လည်း အလုပ်ရှာလိုက် ချက်ပြုတ်စားလိုက်နဲ့သာအချိန်ကုန်နေ၏ ညီ့ဆီကလည်းတကူးတကတောင်းမနေချင်ပေ တကယ်ဆို ဟိုတယ်ပိုင်ရှင်ရဲ့ဇနီးဆိုပြီးမာန်၀င့်ကြွား၍အေးဆေးနေလို့ရပယ်မယ့် ယဥ်ကတော့ ငွေမက်လို့ဆိုပြီး ထပ်၍အပြောမခံနိုင်ပေ ...ယဥ်က ဒီအိမ်ထောင်ရေးကို နှလုံးသားနဲ့ဆုံးဖြတ်ခဲ့တာပဲမလား
အထူးသဖြင့် ညီ့ရဲ့အထင်သေးကဲ့ရဲ့ဒဏ်လည်းမခံချင်ပါ
ယဥ်ပျင်းတာနဲ့လိုင်းသုံးနေရင်းက နာရီကြည့်မိလိုက်တော့ညနေ ၅နာရီကျော်ပြီမို့မကြာခင် ညီရောက်လာတော့မှာဖြစ်သည် ယဥ်ဟင်းချက်စရာရှိတာတွေချက်ထားပြီးဖြစ်သည် ညီမလာခင်လေးအဆင်သင့်သေချာခူး ခတ်ထားလိုက်ဖို့တွေးထားလိုက်၏ ယဥ်တို့အတူထမင်းမစားဖြစ်ကြပေ ညီက ခုချိန်ထိတော့ ယဥ်ချက်တဲ့ဟင်းတွေကိုမကောင်းဆိုပြီးတစ်ခွန်းတစ်လည်မှမညည်းညူတာကိုပဲကျေးဇူးတင်ရမလိုဖြစ်နေ၏ ယဥ်ဟင်းတွေခူးခတ်နေရင်းဖုန်းမြည်သံကြားတာနဲ့ ဧည့်ခန်းမှာတင်ထားခဲ့သောဖုန်းကိုအပြေးသွားယူ၏
ŞİMDİ OKUDUĞUN
ရင်ခွင်တစ်စုံသို့တမ်းခြင်း(Completed)
Kurgu Olmayan"ငါယဥ့်ကိုဘယ်တော့မှချစ်လာမှာမဟုတ်ဘူး" "ငါလည်း ညီ့ကိုချစ်တယ်လို့မပြောမိပါဘူး " "နင်စိတ်ချပါ နန်းစုယဥ်ဆိုတဲ့ငါက ကိုယ့်လည်ပင်းကိုကိုယ်ကြိုးကွင်းပြန်မစွပ်ဘူး " "ငါကတခြားမိန်းမတွေလို ကလေးကိုဗန်းပြပြီးနင့်ကိုဆွဲထားမှာမဟုတ်ဘူး အဲလိုဖြစ်စရာလည်းအကြောင်းမရှိဘ...