ရင်ခွင်တစ်စုံသို့တမ်းခြင်း ၆၁
ည၂နာရီသားကထငိုတော့ ယဥ်ကမနိုးပါ ညီခန့်လည်းတကူးတကကြီးမနှိုးချင်တော့တာမို့ ညီကိုယ်တိုင်ပဲ သားကိုချီကာလမ်းလျှောက်နေလိုက်၏ ယဥ်ကအခုမှ ပုံမှန်အတိုင်းနဲနဲနေကောင်းလာတာမို့ သူ့ကိုလည်းပင်ပန်းမခံစေချင်ပါ ...ယဥ့်မျက်နှာလေးကအခုမှ
ပြည့်ပြည့်ဖောင်းဖောင်းပြန်ဖြစ်လာလေ၏ .."ချမ်းငြိမ်းသားလေး အများကြီးမငိုနဲ့ကွာ သားမေမေက ခုမှနေကောင်းခါစပဲရှိသေးတာ သားသိရဲ့လား သားမေမေပင်ပန်းနေလိမ့်မယ်ဖေဖေတို့ တိတ်တိတ်လေးနေကြရအောင်နော်!"
သားကတော့ နားလည်သလိုလိုနဲ့မျက်လုံးတွေနဲ့စူးစမ်းနေကာ ညီခန့်နှုတ်ခမ်းလှုပ်နေတာကို ဂရုတစိုက်ကြည့်နေ၏
"ရှူး တိုးတိုး ဖေ့သားကနားလည်တာပဲလား!"
"ဟင် ညီ သားနိုးနေတာလား ဘာလို့ယဥ့်ကိုမနှိုးရတာလဲ သားနို့ဆာလို့နေမှာပေါ့!"
ယဥ်က အိပ်နေရာမှထကာပွစိပွစိနဲ့ ဆံပင်တွေကိုပင့်ကာသိမ်းလိုက်၏
"ပေးဒီကို!"
"......"
ညီခန့်သားကို ယဥ့်ထံသို့ပြောင်းပေးလိုက်၏
!"အဲကွန်းနဲနဲလျော့ပေးညီ "
ယဥ်က သားကိုကုတင်ပေါ်လှဲလိုက်ကာ ဘေးတစ်စောင်းအနေထားဖြင့် နို့တိုက်လိုက်၏
ယဥ်နို့တိုက်နေတုန်း ညီက ရုတ်တရက် ယဥ့်ဘေးနားရောက်လာကာ ယဥ့် ပုခုံးကိုလာနမ်းတော့သည်
ယဥ့်ပုခုံးကိုလက်ဖြင့်ပွတ်သပ်လာပြီး လည်ပင်းနမ်းနေပြန်သည်
ယဥ်ညီ့ကိုနားမလည်သလိုကြည့်လိုက်တော့ ညီက
ယဥ့်အား ရီဝေဝေလာကြည့်နေပြန်၏"စုယဥ်!!"
ညီကယဥ့်ပုခုံးကိုဖိကပ်နမ်းနေပြန်သည်
"ဘာလဲ ညီ!"
"ခွင့်ပြုမယ်မလားဟင် ကိုယ့်တို့အရမ်းကြာနေပြီနော် !ကိုယ့်ကိုမသနားဘူးလားစုယဥ် ကိုယ့်မှာနေ့တိုင်းငရဲကျနေသလိုပဲ စိတ်ထိန်းနေရတာ ဟိုလေ
ဂွေးအောင့်တယ်သိလား!"ညီကမရှက်မကြောက်ထပ်ပြောနေပြန်သည်
"......!"
YOU ARE READING
ရင်ခွင်တစ်စုံသို့တမ်းခြင်း(Completed)
Non-Fiction"ငါယဥ့်ကိုဘယ်တော့မှချစ်လာမှာမဟုတ်ဘူး" "ငါလည်း ညီ့ကိုချစ်တယ်လို့မပြောမိပါဘူး " "နင်စိတ်ချပါ နန်းစုယဥ်ဆိုတဲ့ငါက ကိုယ့်လည်ပင်းကိုကိုယ်ကြိုးကွင်းပြန်မစွပ်ဘူး " "ငါကတခြားမိန်းမတွေလို ကလေးကိုဗန်းပြပြီးနင့်ကိုဆွဲထားမှာမဟုတ်ဘူး အဲလိုဖြစ်စရာလည်းအကြောင်းမရှိဘ...