ရင်ခွင်တစ်စုံသို့တမ်းခြင်း
ယဥ် အားနေတော့ ဇေဇေနဲ့တွေ့ရန် သူတို့လမ်းထိပ်ကဆိုင်ကိုရောက်နေခဲ့၏ အိမ်အထိသွားဖို့ကမရဲ့၀ံ့တော့ မောင်ဖြစ်သူကိုသာဖုန်းဆက်ခေါ်လိုက်ရသည့်အဖြစ်ပါ ဇေကဂိမ်းဆိုင်ရောက်နေတော့ ယဥ်ဇေဇေ့အားစောင့်နေရ၏ ထိုချိန်
အဝေးမှလာသောကားတစ်စီးကိုယဥ်မြင်နေရသည် အနီးရောက်လာလေ ဒီကားကိုယဥ်တွေ့ဖူးသလိုရှိနေတာကြောင့် သေချာကြည့်တော့မှ ပျိုက ကားပေါ်မှလှလှပပကလေးဆင်းလာတာကိုမြင်ပြီးကတည်းကယဥ့်စိတ်တွေပုံမှန်မဟုတ်တော့ချေ ညီနဲ့ပျိုကအတူရှိနေကြတာလား ညီကအလုပ်သွားတယ်ဆိုပြီးပျိုနဲ့သွားတွေ့တာလား သူတို့မပြတ်ကြသေးတာလား ယဥ့်ရင်တွေအလိုလိုပူလာရသည် ပျိုသည် အပြုံးလှလှလေးနဲ့ ကားထွက်သွားသည်အထိနုတ်ဆက်ပြီးမှ လမ်းကြားထဲ၀င်သွား၏ ယဥ်ကတော့ ပျိုမမြင်မိလေအောင်မျက်နှာအားအနည်းငုံ့ထားလိုက်၏
ယဥ်ဖုန်းကိုထုတ်ကာ လိုင်းဖွင့်လိုက်ပြီး Fb၀င်လိုက်တော့ ပျို့ရဲ့ storyကိုတန်းမြင်မိလေ၏ ယဥ်၀င်ကြည့်လိုက်တော့တော့ထင်ထားတဲ့အတိုင်းပဲ ငါးရိုးနွှင်နေတဲ့ပုံပင် မျက်နှာတော့မပါပေ တစ်ပိုင်းပြတ်ပုံသာ တခြားလူတွေ့ရင်တော့ မှတ်မိနိုင်မှာမဟုတ်ပယ်မယ့် ယဥ်ကတော့ ထိုသူအားမမှတ်မိနိုင်စရာအကြောင်းမရှိပေ မနက်က ညီ၀တ်သွားသောအင်္ကျီက အနက်နဲ့အပြာစင်းကိုမှစတိုင်ပင်အနက်နဲ့တွဲ၀တ်သွားသည်
ငါးရိုးကိုနွှင်ပေးတယ်ပေါ့လေ တော်တော်လေးရီစရာကောင်းနေသဖြင့် ယဥ့်မှာပြုံးပင်မပြုံးနိုင်ပေ ရင်ထဲမှာတော့နာကျင်လျှက်ရှိနေ၏ အချစ်ကယဥ့်အနားမှာရှိနေပယ်မယ့် ထိုချစ်ခြင်းမေတ္တာအား မပိုင်ဆိုင်ခဲ့ရပါလား...မနက်တုန်းကပျော်ရွှင်နေခဲ့သမျှအခုကျတော့ ကြက်ပျောက်ငှက်ပျောက်ပင် .
"နန်းနန်း""..."
"နန်းနန်းနင်ဘာတွေအဲလောက်ငေးနေတာလဲ "
"အမ် ဟမ်!မငေးပါဘူးနင့်ကိုစောင့်နေတာလေ"
"အွန်း ဆောရီး နဲနဲကြာသွားတယ် နင်ရောက်နေတာကြာပြီလားနန်းနန်း"
"ဟင့်အင့် ခုနားကမှ ဒါနဲ့ငယ်ငယ်ရော မပါလာပြန်ဘူးလား"
"သူရှိမှာမဟုတ်ဘူး ငါအိမ်ကထွက်လာတုန်းကကျူရှင်သွားမလို့ပြင်ဆင်ကျန်ခဲ့တယ်"
ESTÁS LEYENDO
ရင်ခွင်တစ်စုံသို့တမ်းခြင်း(Completed)
No Ficción"ငါယဥ့်ကိုဘယ်တော့မှချစ်လာမှာမဟုတ်ဘူး" "ငါလည်း ညီ့ကိုချစ်တယ်လို့မပြောမိပါဘူး " "နင်စိတ်ချပါ နန်းစုယဥ်ဆိုတဲ့ငါက ကိုယ့်လည်ပင်းကိုကိုယ်ကြိုးကွင်းပြန်မစွပ်ဘူး " "ငါကတခြားမိန်းမတွေလို ကလေးကိုဗန်းပြပြီးနင့်ကိုဆွဲထားမှာမဟုတ်ဘူး အဲလိုဖြစ်စရာလည်းအကြောင်းမရှိဘ...