အပိုင်း(၃၃)uni-zaw

9K 171 7
                                    

ရင်ခွင်တစ်စုံသို့တမ်းခြင်း...၃၃

ဒီနေ့က မသဇင်တို့ ရုံးတက်လက်မှတ်ထိုးပြီး ဧည့်ခံပွဲကိုအကျဉ်းချုပ်သာပြုလုပ်မည်ဖြစ်သည် ယဥ်လည်း
အကိုဘုန်းစစ်ငြိမ်းတို့ဆေးရုံကိုမှာအလုပ်၀င်တာ ၂ပတ်ကျော်နေပြီဖြစ်၏ ဒီနေ့တော့ ယဥ်ခွင့်ယူထားတာမို့ ညီနဲ့ အတူ မနှင်းတို့ပွဲကိုသွားဖို့ပြင်နေ၏ ညီက ရေချိုးခန်း၀င်သွားတော့ ယဥ်လည်း ညီ၀တ်မယ့် အ၀တ်ကိုမီးပူသေချာထိုးနေလိုက်၏

ညီရေချိုးခန်းထဲမှထွက်လာတော့ စုယဥ်ကညီီခန့်အတွက်အ၀တ်ထုတ်ထားပြီးမီးပူတိုက်နေလေ၏ ညီသဘောကျသွားကာပြုံးမိသွား၏ ညီခန့် စုယဥ့်အား နောက်ကနေပွေ့ဖက်လိုက်ကာ ပါးတချက်နမ်းလိုက်၏

"ဟွန့် ရေတွေနဲ့ ညီ ဒီမှာစိုကုန်ပြီ"

"အဟွန်းသဘောကျလို့ပါ!"

"ဒီမှာညီ့အ၀တ် ယဥ်မီးပူတိုက်ပြီးပြီ  ခဏနေမှ၀တ် !"

"ဟုတ်ပါပြီ ကိုယ့်မိန်းမကလိမ္မာလိုက်တာ !
ဘောက်ဆူးပေးသင့်လား!"

ညီကနုတ်ခမ်းကြီးစူကာ ယဥ်အနားတိုးလာတော့ ယဥ်ရှောင်ဖယ်လိုက်၏

"ညီနော် တော်ပြီ ယဥ် ရေသွားချိုးတော့မလို့ နောက်ကျတော့မယ်  ဖယ်တော့"

ယဥ် ညီ့ကိုရှောင်ဖယ်ပြီး ရေချိုးခန်းထဲ၀င်လာလိုက်၏

ညီက ခဲပြာကွက်စိတ် ပုဆိုးအား အပြာရောင်လက်ရှည်အင်္ကျီနဲ့တွဲဖက်၀တ်လိုက်ပြီး ယဥ်ကတော့ ခဲရောင် ပေါင်းသားပြောင်ရင်ဖုံးကိုမှ ခဲရောင်ပန်းခက်တွေနဲ့ဖော်ထားသော ထဘီနဲ့တွဲဖက်၀တ်လိုက်၏
ယဥ့်ဆံပင်က သပ်သပ်ရပ်ရပ်ဖြစ်အောင် အပေါ်တ၀က်စည်းထားလိုက်၏ မိတ်ကပ်ကိုကြည့်ကောင်းကိုပြင်ဆင်ပြီးမှ ညီ့ဖက်အကြည့်ရောက်သွားတော့ ညီက ယဥ်လုပ်သမျှတချက်ချင်းလိုက်ကြည့်ကာပြုံးနေ၏ 

"ပြီးပြီညီ သွားရအောင်"

ညီ နန်းစုယဥ်အားသူလုပ်သမျှတချက်ချင်းကြည့်နေ၏ စုယဥ်က လက်၀တ်လက်စားဆိုပြီး နားကပ်ကလွဲဘာမှရှိမနေပါ ညီကြိုသိထား၍ မနေ့က စိန်တဆင်စာ မာမီ့ဆိုင်မှဆွဲလာခဲ့တာဖြစ်သည် ...
ညီခန့် စုယဥ်ဆီအနားလျှောက်သွားလိုက်ပြီး..အံဆွဲထဲမှာ လက်၀တ်ဘူးအားထုတ်လိုက်လေ၏ ပြီးတော့မှ ဖြန့်ကာ စုယဥ်အား၀တ်ဖို့ပြင်လိုက်၏ စုယဥ်ကတော့အံ့သြနေဟန်ပါ ..

ရင်ခွင်တစ်စုံသို့တမ်းခြင်း(Completed)Where stories live. Discover now