အပိုင်း(၁၅) uni-zaw

8.7K 145 8
                                    

ရင်ခွင်တစ်စုံသို့တမ်းခြင်း

ယဥ်ဆေးရုံရောက်တော့ လွတ်တဲ့နေရာမှာကား
ပါကင်၀င်ထိုးလိုက်လေ၏
ကားပေါ်မှဆင်းလိုက်ပြီး ယဥ်အလှည့်ကျတာ၀န်ကျနေသော Wardဆီကိုလျှောက်သွားလိုက်၏

"hi ညီမလေးတို့"

"အမစုယဥ်!!"

"sister အမစုယဥ်လာတယ်
တို့အမတို့များလှနေလိုက်တာ မှတ်တောင်မမှတ်မိှတ်မိဘူး  "

"အဟွန်း ကျေးဇူးပါရှင် "

"သမီးစုယဥ် လာပြီလား sister သမီးအတွက်ဂုဏ်ယူပါတယ်နော် သမီး ဟိုရောက်ရင်လည်းဘာမှပူစရာမလိုဘူး sister အသိတွေကိုဆက်သွယ်ထားပြီးပြီ တို့ဆေးရုံကသမီးတစ်ယောက်အဲကိုအပြောင်းပါတယ်ဆိုပြီးတော့ "

"ဟုတ် sisterကျေးဇူးတင်ပါတယ် အပြောင်းတင်ထားတာပါပြီဆိုတော့ လိုနေတာတစ်ခုရှိသေးတယ်sister "

"အမ် ဘာများလဲသမီး "

"sister လက်ရာကိုစားဖို့ပဲကျန်တော့တယ် ဒါကြောင့်လည်းသမီးလာခဲ့တာပါဟီးဟီး "

"ဟုတ်တယ် သမီးတို့ sisterလက်ရာဆိုဘာလာလာအကုန်ကြိုက်တယ်sister"

"အဟွင်းဟွင်း"

ညီမလေးတွေကပါ sisterကို၀ိုင်းမြှောက်ကြတော့sisterကသဘောကျစွာရယ်နေလေသည်
စစ်စတာက အချက်အပြုတ်ကျွမ်းကျင်သူဖြစ်ပြီးwardထဲတွင်ဆိုလည်းတစ်ခုမဟုတ်တစ်ခုလုပ်ကျွေးလေ၏ 
စစ်စတာလက်ရာလေးတွေအရမ်းစားကောင်းတာပဲ လို့ပြောရင် စစ်စတာကအရမ်းသဘောကျသူဖြစ်၏ အထူးသဖြင့် စစ်စတာသည် အမြှောက်ကြိုက်သူဖြစ်ပြီး သူ၀တ်လာတဲ့အ၀တ်အစားဖြစ်ဖြစ်လှတယ်လို့ပြောရင် ဆွဲကြိုးလေးဖြစ်ဖြစ်စစ်စတာနဲ့လိုက်တယ်လို့ပြောလိုက်ရင် အလွန်သဘောကျသူဖြစ်၏
စစ်စတာလက်ရာလေးတွေအရမ်းကောင်းတာပဲဆိုရင် တစ်နေ့တစ်မျိုးလုပ်ကျွေးတတ်သေး၏

"ကဲ ဒီနေ့ဘာစားချင်ကြလဲအဲဆို!"

"ယဥ်ကတော့ စစ်စတာ့လက်ရာ ကြာဇံဟင်းခါးတို့၀က်သားတုတ်ထိုးတို့ ကြာဇံကြော်တို့ပါအကုန်ကြိုက်ပါတယ်စစ်စတာ ဒီလိုလုပ်ပါလား သမီးလည်းအပြောင်းပါတော့ နုတ်ဆက်ပွဲလေးဖြစ်ဖြစ် ကိုယ့်၀န်ထမ်းတွေကိုကျွေးချင်ပါတယ်စစ်စတာ"

ရင်ခွင်တစ်စုံသို့တမ်းခြင်း(Completed)Where stories live. Discover now