အပိုင်း(၄၁) uni-zaw

8.4K 211 11
                                    

ရင်ခွင်တစ်စုံသို့တမ်းခြင်း ၄၁

ဒီနေ့ ယဥ်နဲ့ညီ ကိုယ်၀န်အပ်ဖို့ သုခငြိမ်းကိုရောက်နေတာဖြစ်သည် ဆရာဘုန်းစစ်ငြိမ်းရဲ့အဆက်သွယ်ဖြင့် OGဒေါ်ကေသီစိုးနဲ့အပ်ဖို့ပြင်ဆင်ထားတာဖြစ်၏ ဆရာမကြီးက သားဖွားပိုင်းနဲ့ပတ်သက်ပြီးနာမည်ကျော်ကြားကာဗိုက်အပ်ဖို့ဆိုလျှင်ကြိုတင်ရက်ချိန်းယူရ၏
ယဥ်တို့ဆရာမကြီးဆေးခန်းထိုင်မဲ့ရက်အားကြိုတင်ဘိုကင်ယူထားခဲ့တာဖြစ်သည်
ဆရာမကြီးက သူခငြိမ်းတွင် ဗုဒ္ဓဟူးနေ့တစ်ရက်
တနေကုန်ဆေးခန်းထိုင်တာကြောင့်ယဥ်တို့သုခငြိမ်းကိုရောက်နေတာဖြစ်သည်
သုခငြိမ်းက ယဥ်နဲ့မစိမ်းတော့တာကြောင့် အကုန်အဆင်ပြေလျှက်ပင် ဆရာမကြီးက အခန်းထဲမှာရှိနေပြီးသူနာပြုညီမလေးတစ်ယောက်က ပြမယ့်လူနာ
အစဥ်လိုက်ခေါ်သွင်းနေကာ ယဥ့်အလှည့်ရောက်ဖို့ တော့ယဥ့်အထက်က၂ယောက်ရှိနေသေး၏

"ယဥ် ထိုင်ရတာညောင်းနေပြီလား!"

ဘေးကနေ ညီကအနားကပ်လာကာမေးလာတော့
ယဥ်ခေါင်းခါပြလိုက်၏ 'ညောင်းရင်ကော သူတတ်နိုင်တာကျနေတာပဲ' ညီကတော့ ။

ယဥ်တို့လိုပဲ ဘေးမှာလည်းကိုယ်၀န်ဆောင်တွေရှိလေသည်

"ယဥ် ဟိုး ဘေးက ကိုယ်၀န်ဆောင်ကိုကြည့်လိုက်!!"

ယဥ်လည်းဘာမှန်းမသိညီမျက်လုံးမသိမသာဝေ့ပြရာသို့ကြည့်မိလိုက်၏ ထူးဆန်းတာလည်းဘာမှမတွေ့ရချေ

"ဘာဖြစ်လို့လဲ!!"

"နောက်ဆို ယဥ်ဗိုက်က အဲလိုကြီးပူကားလာမှာပေါ့ !!အဟွန်း!"

"....."

ညီတစ်ယောက်ကတော့အူကြောင်ကြောင်နဲ့ပင် ညီကမသိမသာထရီတော့ ယဥ့်မှာဘေးကလူတွေကိုအားနာမိကာ ပြုံးပြလိုက်ရ၏

"ထူးဆန်းတယ်နော်ယဥ်!!  ဟိုကထိုးသွင်းဒီကပူလာရော ဘောလုံးကိုလေထိုးသလိုပဲ!!!!

"ဘာဖြစ်နေတာလဲလို့"

"ကိုယ်ပြောတာမဟုတ်လို့လား  စုယဥ်ပဲတွေးကြည့်လေ ကိုယ်တို့တိတ်တ်ိတ်လေးခိုးလုပ်တာလူတွေသိကုန်ရော!"

"ညီခန့်  နင့်ပါးစပ်ပိတ်လိုက်တော့နော်!!တိတ်တိတ်လေးမလုပ်လို့ နင်ကလူမြင်ကွင်းမှာပါလုပ်ဖို့တွေးထားတာလား"

ရင်ခွင်တစ်စုံသို့တမ်းခြင်း(Completed)Where stories live. Discover now