ရင်ခွင်တစ်စုံသို့တမ်းခြင်း ၅၅
ပျိုတစ်ယောက် အိပ်ရာမှ ရုတ်တရက်လန့်နိုးလာတော့ ချက်ချင်းကြီး ထထိုင် ပစ်လိုက်တော့သည်
"အာ့ !"
ခေါင်းကလည်းထိုးကိုက်နေပြီး သူမတစ်ကိုယ်လုံးလည်းရစရာမရှိအောင် နာကျင်လို့နေ၏
အခြေအနေတွေကိုနားမလည်စွာနဲ့ပင်
မနေ့ညကဘာတွေဖြစ်သွားခဲ့ရတာလဲ ကိုယ့်ပါကိုယ် အောက်ငုံ့ကြည့်တော့ အ၀တ်အစား အပြည့်အစုံ ၀တ်ထားလေ၏ မနေ့ညက၀တ်စုံတော့မဟုတ်ပါ
ပျို ဒီအခန်းနဲ့ရောမရင်းနီးတာကြောင့် ပျို ဟိုဟိုသည်သည်ကြည့်လိုက်၏ ပျို့ ဘေးကိုအကြည့်ရောက်သွားတော့လည်းမည်သူမှရှိမနေပါငါဘာတွေဖြစ်နေတာလဲ
ဂျလောက်///
ရေချိုးခန်းတံခါးပွင့်သံကြောင့် ပျိုချက်ချင်းလှည့်ကြည့်လိုက်တော့ အံ့သြမှုနဲ့အတူ ပျို့လက်ကိုပါးစပ်ဖုံးအုပ်ထားလိုက်၏ 'ကိုဖြိုးသီက အပေါ်ပိုင်းဗလာနဲ့ bathrobe တစ်ထည်ပတ်ကာရေချိုးခန်းထဲမှထွက်လာ၏
"ကိုဖြိုးသီဟ!!!"
"ပျိုလေးနိုးလာပြီလား ဘယ်လိုနေသေးလဲ သက်သာရဲ့လား မနေ့ညကပျိုလေး အဖျားတွေတက်သေးတယ် !"
ကိုဖြိုးသီဟ ဘာမှဖြစ်ပုံမပေါ်ပဲ ပျိုပြောနေတာကိုမသိသလိုနေတော့ ပျိုဒေါသထွက်သွားရသည်
"ရှင်!! ယုတ် ယုတ်မာလှချေလားဟင် ဘာလို့ကျွန်မဒီကိုရောက်နေရတာလဲ !ဘာလို့ဒီကိုခေါ်လာခဲ့တာလဲ "
"ဟမ်!! ပျိုလေးဘာကိုပြောချင်တာလဲ ကိုမနေ့ညကဘာမှမလုပ်ရသေးတာပါ ပျိုအရမ်းမူးနေတော့ ကိုယ်ကလိုက်ပို့မယ်လို့ရိုးရိုးသားသားပဲတွေးထားတာ ပျိုလေးမယုံလို့လား ခဏလေးအဲတာဆိုပြမယ်!"
ကိုဖြိုးသီကဟ သူ့ဖုန်းကိုသွားယူပြီးဖွင့်ကာ ပျို့အားထိုးပေးလာ၏
"ကိုဖြိုး လို့ ပျို လုပ်ချင်လို့လုပ်ရအောင် ဟင့် !! အာ့ ပျို့မရာတော့ဘူး လုပ်ပေးတော့ ပျိုမစောင့်ချင်တော့.."
'အမလေး....!"
ပျိုအလန့်ကြီးလန့်သွားကာ ကိုယ့်နားကိုကိုယ်ပင်မယုံနိုင်တောတဲ့အထိပါ နားနှစ်ဖက်ကိုလက်ဖြင့်ပိတ်ထားလိုက်၏ 'မဖြစ်နိုင်ဘူး''မဟုတ်ရဘူး ' 'မဖြစ်ရဘူး'
YOU ARE READING
ရင်ခွင်တစ်စုံသို့တမ်းခြင်း(Completed)
Non-Fiction"ငါယဥ့်ကိုဘယ်တော့မှချစ်လာမှာမဟုတ်ဘူး" "ငါလည်း ညီ့ကိုချစ်တယ်လို့မပြောမိပါဘူး " "နင်စိတ်ချပါ နန်းစုယဥ်ဆိုတဲ့ငါက ကိုယ့်လည်ပင်းကိုကိုယ်ကြိုးကွင်းပြန်မစွပ်ဘူး " "ငါကတခြားမိန်းမတွေလို ကလေးကိုဗန်းပြပြီးနင့်ကိုဆွဲထားမှာမဟုတ်ဘူး အဲလိုဖြစ်စရာလည်းအကြောင်းမရှိဘ...