EXTRA-1uni-zaw

14.3K 258 14
                                    

ရင်ခွင်တစ်စုံသို့တမ်းခြင်း extra(1)

သားသားမောင်ချမ်းငြိမ်းခန့်သော် ရက်(၁၀၀)ပြည့်အထိမ်းအမှတ်.....

ယဥ်တို့မနက်ပိုင်းမေမေတို့ဆီသွားပြီးအဲမှာပဲ ဆွမ်းကပ် ဆွမ်းကျွေးနဲ့အလှူကြီးကြီးမားမားပြုလုပ်လေ၏ သားလေးကတော့နှစ်ဖက်ဘိုးဘွားတွေရဲ့အချစ်ကိုအပြည့်အ၀ရရှိထားသူဖြစ်သည် သူ့အဖေနဲ့ဆင်တူ ပုဆိုးအစိမ်းနဲ့အနက်ကွက်ကျားနဲ့ရှပ်အင်္ကျီအဖြူရောင်မှာရွှေကြယ်သီးတပ်ဆင်ထားပြီး အန်တီကသူ့မြေးအတွက်ဆိုပြီးသီးသန့်လုပ်ထားသော စိန်ရင်ထိုးလေးတစ်ခုလက်ဆောင်ပေးထားကာသားကိုဆင်ပေးထား၏
ယဥ်ကနို့ထွက်အားကောင်းတာမို့သားကလည်းထွားကာ တစ်လုံးတစ်ခဲကြီးပင် ..သားက.မျက်နှာရွှင်ပြီးရယ်ပြပြုံးပြနေသေးသည် မနှင်းတို့မိသားစု ရယ် ဟန်နီနဲ့ကိုမင်းမင်းထွန်းတို့ကလည်းလက်ထပ်ကြပြီးပြီမို့သူတို့ပါရောက်ချလာကြတော့ ယဥ်တို့လူပိုစည်ကားသွားရ၏ သားကမျက်နှာမရွေးပဲအကုန်သူနဲ့လိုက်တော့အကုန်လုံးရဲ့အချစ်တော်လေးပါ...

နေ့လည်ကျတော့လည်း ယဥ်တို့အန်တီ့ဆိုင်ကိုရောက်ချလာကာအန်တီက ငွေတွေဖြန့်ကြဲပြီး ကံစပ်မဲဖောက်တာနဲ့ မနက်ကတည်းက promotionနဲ့ချကာရောင်းနေတာမို့ လူကလည်းအုပ်အုပ်ကျက်ကျက်ဖြင့် အလွန်များပါ၏
သားကတော့ဟိုဟိုသည်သည်လိုက်ကြည့်နေကာစပ်စုနေသေးသည် အန်တီကသူ့မြေးကိုလက်ကမချပဲ
ချီထားမြဲဖြင့်အကုန်သူကိုလိုက်ပြနေလေ၏
ဟိုသွားသည်သွားနဲ့ သားကလည်းကောင်မလေးတွေဆိုပို၍ မျက်နှာချိုကာအကုန်လုံးကိုပြုံးပြနဲ့ စျေးလာ၀ယ်တဲ့သူတွေကလည်းသားကိုချစ်နေရှာသည် ....

"ဟွင်း ငါ့သားကတော့ သူ့အဖေနဲ့တူတယ်လို့မပြောရဘူး ကောင်မလေးတွေရှေ့ဆိုပြုံးဖြီးလို့!"

ယဥ်က ကောင်တာဘေးမှာပဲထိုင်နေကာ
ညီကတော့ ယဥ်ပြောတာကြားလို့ထင်ပါရဲ့ ယဥ့်အနားချက်ချင်းရောက်ချလာ၏

"စုယဥ် ခုနားကဘာပြောလိုက်တာလဲ ကိုယ်ကြားတယ်နော်!!"

"ကြားအောင်ပြောတာလေ မဟုတ်လို့လား ညီ့သားကိုလည်းကြည့်လိုက်ပါအုံး ကောင်မလေးတွေဆိုမျက်နှာက အဲတာညီနဲ့မတူလို့ဘယ်သူနဲ့သွားတူရမှာလဲ!"

ရင်ခွင်တစ်စုံသို့တမ်းခြင်း(Completed)Where stories live. Discover now