ရင်ခွင်တစ်စုံသို့တမ်းခြင်း ၄၄ညီ မီတင်ပြီးလို့အခန်းထဲလာတော့ စုယဥ် က ကုတင်ပေါ်တွင်ကွေးကွေးလေးအိပ်နေလေ၏ ဗိုက်မဆာလားမသိပေ ညီခန့် ယဥ့်အနားတိုးသွားလိုက်ကာ
အနမ်းတချက်ပေးလိုက်၏
စုယဥ် ကိုမနှိုးချင်သေးပယ်မယ့် နေ့လည်စာစားရမဲ့အချိန်ကကြိုနေပြီဖြစ်သည် စုယဥ်က ဗိုက်နဲ့ဆိုတော့အရင်လိုအဆာခံ၍လည်းမဖြစ်ပေ အရင်လိုလည်းနေမကောင်းရင်ဆေးသောက်လို့ရတဲ့အခြေအနေလည်းမဟုတ်တော့ စုယဥ်တစ်ခုခုဖြစ်သွားမှာ ညီခန့်စိုးရိမ်နေမိ၏"စုယဥ် !! မိန်းမ ထတော့လေကွာ နေ့လည်စားရတော့မယ် နောက်ကျနေပြီကွ သိလား !"
"အင်း ..ဟင်း ညီလား!"
စုယဥ်က ကမန်းကတန်းနိုးချလာတော့ ညီခန့့်သဘောကျစွာရယ်လိုက်၏
"ဟုတ်ပါတယ်ခဗျ !! ဒီကကိုယ့်မိန်းမဗိုက်ဆာနေမှာစိုးတာကြောင့် ကျွန်တော်မျိုးနှိုးရခြင်းပါ!"
"ဟုတ်ပါပြီရှင် ဒီကလည်းထပါပြီလို့!"
"သားရေ ဗိုက်ဆာနေပြီလားကွာ ဖေသားကြီးက ဒီမှာလေ သားမေမေပေါ့ မနိုးပဲအိပ်နေတော့ ဖေဖေလည်းမနှိုးရက်လို့ နေ့လည်စာနောက်ကျကုန်ပြီကွာ!"
"အပိုတွေ ညီနော်!"
"ဗိုက်ထဲကကလေးကိုမကြာမကြာစကားပြောပေးရတယ်တဲ့စုယဥ်သိလား ဒါမှကလေးကအမေအဖေရဲ့အသံနဲ့ရင်းနီးနေမယ်ပြီးတော့ မိဘနဲ့ခလေးကြားလည်းရင်နှီးချစ်ခင်မှုပိုရတာတဲ့!"
"ကဲပါ ဟုတ်ပါပြီရှင့် ဒီမေမေကလည်းထပါပြီလို့!"
ယဥ်ကုတင်ပေါ်မှထလိုက်ကာ ဂါ၀န်အားသေသေချာချာဆွဲချလိုက်၏
"စုယဥ် ညနေကျရင် မာမီ့ဆီ၀င်ကြရအောင်နော်!"
"အွန်းညီ့သဘော!"
ညီက ယဥ့်အိတ်ကိုပါ သိမ်းကာ ကိုင်ထားလိုက်၏
ယဥ့်ပခုံးကိုလည်းလက်တဖက်ဖြင့်ဖက်ကာအခန်းထဲမှထွက်လာခဲ့၏.
.
.
.
ယဥ်တို့နေ့လည်စာ စားပြီးတာနဲ့ မာမီ့ဆီကိုတပါတည်းတန်း၀င်လာလေ၏
ညီကားမောင်းနေရင်းစုယဥ်ဖက်ကိုအကြည့်ရောက်သွားတော့ စုယဥ်က ဖုန်းသုံးနေကာ သည်းကြီးမည်းကြီးဘာတွေရှာနေမှန်းမသိပေ
YOU ARE READING
ရင်ခွင်တစ်စုံသို့တမ်းခြင်း(Completed)
Non-Fiction"ငါယဥ့်ကိုဘယ်တော့မှချစ်လာမှာမဟုတ်ဘူး" "ငါလည်း ညီ့ကိုချစ်တယ်လို့မပြောမိပါဘူး " "နင်စိတ်ချပါ နန်းစုယဥ်ဆိုတဲ့ငါက ကိုယ့်လည်ပင်းကိုကိုယ်ကြိုးကွင်းပြန်မစွပ်ဘူး " "ငါကတခြားမိန်းမတွေလို ကလေးကိုဗန်းပြပြီးနင့်ကိုဆွဲထားမှာမဟုတ်ဘူး အဲလိုဖြစ်စရာလည်းအကြောင်းမရှိဘ...