တစ္ဆေလာမှပေးလိုက်ပါ(တာတေ)

267 15 0
                                    

တစ္ဆေလာမှ ပေးလိုက်ပါ
မူရင်း..ဆရာတာတေ

မနေ့ကကျန်တဲ့ ဝက်သားဟင်းနဲ့ ကျုပ်ထမင်းကြမ်းစားပြီးလို့ နောက်ဘက်မှာ ပန်းကန်ဝင်ဆေးနေတာဗျ။

““ကိုတာတေ၊ ဗျို့ ကိုတာတေ”
ဝိုင်းဝက လှမ်းခေါ်နေတဲ့ အသံကို ကြားလိုက်လို့ လက်သုတ်ရင်း တန်းလန်း အိမ်ရှေ့ကို ပြေးထွက်ပြီး ကြည့်လိုက်တယ်။ ဒီအသံကို ကျုပ် မသိဘူးဗျ။

“လာခဲ့လေကွာ၊ ဘယ်သူတုံး “ကျုပ်ပါဗျ၊ စိန်ထွန်းကြည်ပါ”

စိန်ထွန်းကြည်ဆိုတာ ဘယ်သူတုံး ကျုပ်စဉ်းစားတယ်။ ဪ ရွာရှေ့ပိုင်းက ကျုပ်သူငယ်ချင်း စိန်တိုးရဲ့ညီပဲဗျ။ ကျုပ်နဲ့ စိန်တိုးနဲ့က သူငယ်ချင်းဆိုပေမယ့် စိန်တိုးက မန္တလေးက သူ့ဘကြီး ဘုန်းကြီးနဲ့သွားနေတာ ကြာလှပြီဗျ။ သူ့ညီ စိန်ထွန်းကြည်နဲ့က သိရုံပဲ ရှိတာပါ။ ကျုပ်ဆီကို လာလေ့လာထလည်း မရှိပါဘူး။ ကိစ္စတစ်ခုခု ရှိလို့သာ လာတာဖြစ်မယ်။

“လာကွ စိန်ထွန်းကြည်”
ကျုပ်က ခေါ်လိုက်တော့ စိန်ထွန်းကြည်က တန်းလျားလေးမှာ ခပ်ယို့ယို့လေး ဝင်ထိုင်တယ်ဗျ။ ဒီကောင်က ကျောက်ခဲတို့ထက်တော့ ကြီးတာပေါ့ဗျာ။ ကျုပ်နဲ့ကွာရင် သုံးနှစ်လောက်ပဲ ကွာမှာပါ"

ကျုပ်က ရေနွေးကြမ်း ငှဲ့ပေးလိုက်တယ်။
“အကြမ်းသောက်ကွ စိန်ထွန်းကြည်ရ၊ မင်းအစ်ကို စိန်တိုးရောမန္တလေးမှာပဲလား”

"ဟုတ်တယ် ကိုတာတေရဲ့၊ မန္တလေးမှာ ကျောက်သွေးတဲ့အလုပ်လုပ်နေတယ်”

“ဪ ကောင်းတာပေါ့ကွ”
“စိန်ထွန်းကြည်က ရေနွေးကြမ်းကို မှုတ်သောက်ရင်း ကျုပ်ကိုပြောတယ်။
“ကျုပ် ကိစ္စလေးတစ်ခုရှိလို့ လာတာဗျ” “ဟေ ဟုတ်လား၊ ပြောလေ စိန်ထွန်းကြည်ရာ” “ဒီလိုဗျ၊ ကျုပ် ညက နှမ်းထောင်စောင့်ရတယ်” “ဟ မင်းတို့နှမ်းတွေက ပုတ်ဖို့ကျန်နေသေးတာပဲ” “ဟုတ်တယ်ဗျ၊ ယာကများပြီး လူမနိုင်တော့ နှမ်းပုတ်ဖို့ နည်း နည်းကျန်နေတာ၊ ဒီတစ်ရက် နှစ်ရက်ဆိုရင် ပြီးပါပြီ”

"ဪ အေး အေး
"အဲဒါ ညက ကျုပ် နှမ်းထောင်စောင့်တဲ့ ထန်းရွက်တဲလေးနားမှာ လူတွေတွေ့လိုက်လို့ ကိုတာတေကို လာပြောတာဗျ”
"ဟေ လူတွေ ဟုတ်လားကွ စိန်ထွန်းကြည်”
“ဟုတ်တယ်ဗျ၊ ညက လလေးကလည်း သာတယ်လေဗျာ”
“နို့ နေပါဦးကွ၊ နှမ်းထောင်စောင့်တာ မင်းတစ်ယောက်တည်း လား
“မဟုတ်ဘူးဗျ၊ ကျုပ်တို့ဝိုင်းရဲ့ မြောက်ဘက်ပိုင်းက ကျုပ်သူငယ် ချင်း ကြက်ဖဆိုတဲ့ကောင် ပါတယ်”

Myanmar Ghost StoriesWhere stories live. Discover now