“မင်္ဂလာ ဆောင်ဖြစ်သွားတာပေါ့နော် ဆရာကြီး”ဟာ...ဆောင်လိုက်ကြတာမှ လှလေးစိန်တို့ဘက်မှာ
တစ်ပွဲ၊ မောင်စိန်ပန်းတို့ဘက်မှာ တစ်ပွဲကွဲ့။ မင်္ဂလာဆောင်ပြီး
တော့ ကန်ချိုင့်မှာ တစ်လှည့်၊ ကိုလှတို့ မလေးတို့ဆီမှာ တစ်လှည့်နေကြတယ်တဲ့။ ကန်ချိုင့်ရောက်တော့လည်း ကိုစိန်တို့ မပန်းတို့အလုပ်တွေကို ဝိုင်းလုပ်ကြတာပေါ့ကွယ်။ကိုလှတို့အိမ်နေတော့လည်း ကိုလှတို့ဆိုင်ကြီးမှာ ဝိုင်းလုပ်ကြကိုင်ကြသတဲ့။ ဒီတော့နှစ်ဖက်မိဘတွေကလည်း သဘောကျကြတာပေါ့ ကွယ်။ အင်းအဲဒီလိုနဲ့ အိမ်ထောင်သက် ခြောက်လလောက်ရှိတော့ လှလေးစိန်မှာ
ကိုယ်ဝန်ရှိလာရောတဲ့ကွဲ့။ ကိုယ်ဝန်ရင့်လာလို့ မွေးကာနီး
ဖွားကာနီးမှာ လှလေးစိန်က သူ့အမေ မလေးဆီကို ပြန်တာပေါ့
ကွယ်၊ မောင်စိန်ပန်းလည်း လိုက်လာတာပေါ့၊ ဒီလိုနဲ့ မီးဖွားဖို့
ရက်ရောက်တော့ ကိုစိန်နဲ့ မပန်းပါ လိုက်လာကြတယ်ဆိုပဲ။မြို့ထဲက အရပ်လက်သည်နှစ်ယောက်ကိုလည်း အဆင်သင့်မှာ
ထားတာတဲ့ မောင်တာတေရေ“ဒါနဲ့ ဘာလေးမွေးတုံး ဆရာကြီးရဲ့"
ကျုပ်ကလည်း မြန်မြန်သိချင် နေတော့ မေးလိုက်မိတာဗျ။
“အင်း ဘာမှမမွေးဘူးကွဲ့“၊
"ဗျာ၊ ဘယ်လို ဆရာကြီး၊ ဘာမှမမွေးဘူး ဟုတ်လား။"
“ဟုတ်တယ် မောင်တာတေ၊ တစ်ညမှာ လှလေးစိန်က
အိပ်မက် မက်တယ်။ အိပ်မက်ထဲမှာ သူမီးဖွားတာတဲ့ကွဲ့၊ သူတို့ ငှားထားတဲ့ လက်သည်ဝမ်းဆွဲမိန်းမကြီးနှစ်ယောက်က ဖွား
တာတဲ့ကွဲ့၊ အိမ်ရှေ့မှာ နှစ်ဖက်မိဘတွေရော သူ့ယောက်ျား
မောင်စိန်ပန်းက စိတ်ပူပြီး ခြေမကိုင်မိ လက်မကိုင်မိ
ဖြစ်နေတာဆိုပဲ၊ နောက်တော့ သားယောက်ျားလေး ဖွားတာတဲ့
ကလေးက ဖြူဖြူဖွေးဖွေးလေးဆိုပဲ၊ တော်တော်ကို ချစ်ဖို့ကောင်းတာဆိုပဲ၊ အိပ်မက်ကနေ လန့်နိုးသွားတော့ လှလေးစိန်က အလန့်တကြားနဲ့ မောင်စိန်ပန်းကို နှိုးသတဲ့။“ကိုစိန်ပန်း၊ ကိုစိန်ပန်း ကလေးရော၊ ကလေး"
မောင်စိန်ပန်းကလည်း အိပ်ရာလန့်နိုးသွားပြီး
YOU ARE READING
Myanmar Ghost Stories
Korkuကိုယ်တိုင်ဖတ်ချင်လို့စုရေးထားခြင်းဖြစ်ပါသည်။တစ်ခုမှမပိုင်ပါ။ #Allcrd