သင်္ချိုင်းအမှတ် ၉(တာတေ)အပိုင်း၇(End)

128 6 0
                                    


"အုန်း"

ဟာ ရှေ့ကို စိုက်ကျသွားပြီဗျို့။ ဒီတစ်ချက်ကတော့
မိမိရရပဲဗျ။ မိစ္ဆာ ဒူးထောက်ရက်ကြီး မြေကြီးပေါ်ကို ကျသွားပြီဗျာ။

ချက်ချင်းမထနိုင်ဘူးဗျ။ ဟော...ထပြီ၊ ထပြီ။ ထတော့
ထလာပြီ။ ဒယီးဒယိုင်နဲ့ ဘိုးလူပေရဲ့ ကိုယ်ပွား မျောက်ဝံကြီးနားကိုကပ်လာတယ်ဗျ။

“ဒုန်း”

ဟာ၊ ဘိုးလူပေကိုယ်ပွားက အနားကပ်လာတဲ့ မျောက်ဝံ
ကြီးကို ခြေထောက်ကြီးနဲ့ လှမ်းကန်လိုက်တာဗျ။ မိစ္ဆာမျောက်
နောက်ကို သုံးပေလောက် ရွေ့သွားတယ်။

ဟော ပြေးဝင်လာပြီဗျို့။ တစ်ရှိန်ထိုးပဲဗျာ။

ဟာ .. ရိုက်ချလိုက်ပြီဗျို့။ မိစ္ဆာမျောက်ရဲ့ နားထင်နှစ်ဖက်ကို ဘိုးလူပေကိုယ်ပွား မျောက်ကြီးက လက်သီးဆုပ်ကြီးနှစ်ဖက်နဲ့
ညှပ်ပြီး ထုလိုက်တာဗျ။ 'ဒုန်း” ဆိုတဲ့ အသံကြီး ကြားလိုက်ရပြီး မိစ္ဆာမျောက်ကြီး ဖင်ထိုင်ကျသွားရောဗျို့။

“ဘုန်း”

ဆိုတဲ့ အသံကြီးနဲ့အတူတူ မြေကြီးပေါ်မှာ ဖင်ထိုင်ရက်ကြီးဗျ။

တင်းတောင်းလောက်ရှိတဲ့ ခေါင်းကြီးကိုလည်း ဘယ်ညာ
ယိမ်းပြီး ခါနေတယ်ဗျ။ ကျုပ်စိတ်ထင်တော့ မိစ္ဆာကောင်ကြီး
ခေါင်းမူးသွားတယ် ထင်တယ်ဗျ။ ချက်ချင်းပြန်မထနိုင်ဘူး။ ခဏနေမှ လက်ကြီးထောက်ပြီး ကုန်းထလာတယ်။

အထက်လမ်းမှော်အတတ်နဲ့ အောက်လမ်းမှော်အတတ်မှာ အဆင့်အမြင့်ဆုံးဖြစ်တဲ့ ရုပ်ပြောင်းရုပ်လွဲပညာနဲ့ တိုက်ကြတာဗျ။ ဘိုးလူပေရဲ့ ရုပ်ပြောင်းမှော်က တော်တော်အဆင့်မြင့်တာဗျ။ လူက ပြောင်းသွားတာ
မဟုတ်ဘဲနဲ့ ကိုယ်ပွားထွက်သွားပြီးမှ ရုပ်ပြောင်းသွားတာ။

ဟော...ထလာပြီဗျို့။ မိစ္ဆာမျောက်ကြီးက ပါးစပ်ကြီးဖြဲ
ထားတယ်ဗျ။ တော်တော်ကို ဒေါသထွက်နေတဲ့ပုံပဲဗျ။ ဟော...
ဘိုးလူပေမျောက်ကြီးဆီကို တစ်ရှိန်ထိုး ပြေးဝင်လာပြီဗျို့။

ဟာ နှစ်ကောင်လုံး ထိုးကြတာဗျို့။ လက်သီးကြီးတွေဆုပ်ပြီး တစ်ကောင်နဲ့ တစ်ကောင် အပြန်အလှန် ထိုးနေကြတာဗျ။

Myanmar Ghost StoriesWhere stories live. Discover now