သင်္ချိုင်းအမှတ် ၉(တာတေ)အပိုင်း၆

129 6 0
                                    


ဂျစ်ကားမီးရောင်အောက်မှာ လမ်းပေါ်ကိုတက်ပြီး မားမားကြီးတွေ ရပ်နေတဲ့ ဆရာနွံဖ နဲ့ ဆရာကြီး ဘိုးလူပေကို တွေ့သွားတာ။ အောင်ပင်လယ်ကို ပြောလိုက်တော့ အောင်ပင်လယ်လည်း လှည့်ကြည့်တယ်။

“ရာမဆီက ဘာအဆက်အသွယ်မှ မရတော့တာ
ဒါကြောင့်ကိုး၊ ငါတို့လူ ရာမကို မင်းတို့ လုပ်လိုက်ပြီပေါ့လေ။
ငပွားသား ကလေကဝကောင်နဲ့ ငပွားအိမ်က အိမ်စောင့်ခွေးနွံဖ "

“ဟေ့ကောင် မင်းဟာမင်း အောင်ပင်လယ်ဖြစ်ဖြစ်၊
ကျွဲလူးအိုင်ဖြစ်ဖြစ် အရေးမကြီးဘူး၊ မင်းတို့ဆရာ မိုးညိုကို
လူ့လောကကနေ မောင်းထုတ်လိုက်တာ ငါနဲ့ ငါ့ဆရာကွ၊ ဒါကို
မင်းဆရာက လူ့လောကကို ပြန်ဝင်ဖို့ ယုတ်ယုတ်မာမာ အကြံတွေနဲ့ ကြံစည်နေတာ လွယ်မယ်ထင်လို့လားကွ”

ဆရာကြီး စိုင်းနွံဖက ရှေ့ကို ရှေ့ကတစ်လှမ်းတိုးပြီး
ပြောလိုက်တာဗျ။

“ဪ...လက်စသတ်တော့ တို့ဆရာကိုသတ်တဲ့အထဲမှာ မင်းပါ ပါတာကိုး။ ရှမ်းကောင်ရေ၊ ဒီညတော့ မင်းသေဖို့သာ
ပြင်ထားပေတော့”

လို့ အောင်ပင်လယ်က ပြောလိုက်တဲ့အချိန်မှာ ရေပြာအိုင်က သူ့တပည့်တွေကို လှည့်ပြီးအမိန့်ပေးတယ်ဗျ။

“ဟေ့ မှော်စက်ရောင် မောင်ညို၊ မင်း ဦးဆောင်ပြီး
ဆက်လုပ်၊ ကိုးနာရီတိတိမှာ စီရင်ရမယ် ကြားလား”

ကဝေ ကိုးယောက်က ကိုးနှစ်သားလေးရဲ့ ခေါင်းကို သယ်ပြီး သင်္ချိုင်းထဲကို ဝင်သွားတယ်ဗျ။

ညနေက သင်္ချိုင်းစောင့်လူတွေ တူးပေးထားတဲ့ မြေကျင်းဆီကို တန်းသွားတာပေါ့ ဗျာ။ ရေပြာအိုင်က ဆရာနွံဖကို ကြည့်ပြီး
စက်တွေ စလွှတ်တယ်ဗျ။ အောင်ပင်လယ်က ဆရာဘိုးလူပေဆီ
ကို စက်တွေ စလွှတ်တယ်။ ဒါပေမဲ့ ဒီစက်တွေက သိပ်ပြီးမပြင်း
သေးပါဘူးဗျာ။ ရှေ့ပြေးလွှတ်တဲ့ စက်တွေပဲ ရှိသေးတာပါ။

ဆရာနွံဖရော၊ ဆရာဘိုးလူပေရော ရှေ့ကို ခြေနှစ်လှမ်းတက်ပြီး လက်ထဲမှာ အသင့်ကိုင်ထားတဲ့ အင်းတွေနဲ့ ပစ်သွင်း
လိုက်ကြတာဗျို့။

“ဝုန်း” “ဝုန်း”

ဟာ...စက်တွေ လက်ခနဲ လက်ခနဲဖြစ်ပြီး အပိုင်းပိုင်း
ပြတ်ကုန်ပြီဗျို့။ အခိုးအငွေ့တွေ ပျောက်သွားတော့ ရေပြာအိုင်ရော အောင်ပင်လယ်ရော ဖင်ထိုင်ရက် လဲနေကြတာဗျာ။

Myanmar Ghost StoriesWhere stories live. Discover now