မဖဲဝါကို ကိုက်တဲ့ တစ္ဆေ (စ/ဆုံး)
°°°°°°°°°°°°°°°°°°°°°°°°°°
ရေးသားသူ...တာတေတစ္ဆေတစ်ကောင်ကြောင့် တစ်ရွာလုံး ဒုက္ခ
ရောက်ရတယ်ဆိုရင် ခင်ဗျားယုံပါ့မလား…။
မယုံမရှိနဲ့ဗျို့ တကယ်ဖြစ်ခဲ့တာ…။အနယ်နယ်အရပ်ရပ်က ဆရာတွေ၊ ဘုန်းကြီး
တွေ ဘယ်လိုနှင်နှင်၊ ဘယ်လိုထုတ်ထုတ် ရွာ
ထဲကကို မထွက်တာဗျို့။ အို…နောက်ဆုံး ကုန်
ကုန်ပြောမယ်ဗျာ။အဲဒီတစ္ဆေက မဖဲဝါကိုတောင်
ကိုက်တဲ့ တစ္ဆေဗျ။ကဲ…ခင်ဗျား အံ့သြသွားပြီမို့လား။
မအံ့သြနဲ့ဗျို့။ အဲဒါ ကျုပ်ကိုယ်တွေ့မှ ကျုပ်
ကိုယ်တွေ့။ခင်ဗျားလည်း ကျုပ်လိုပဲ စုန်းတွေ၊
ကဝေတွေ၊တစ္ဆေတွေ၊ သရဲတွေ၊ မြေဖုတ်ဘီ
လူးတွေ၊ အောက်လမ်းဆရာတွေကို စိတ်ဝင်
စားတယ်ဆိုတာ ကျုပ်သိပါတယ်။ ဒါကြောင့်
လည်း ခင်ဗျားကို ကျုပ် ဒီအကြောင်းပြောပြ
ချင်တာပေါ့ဗျာ။ ဒီလိုဗျ။ဒီသတင်းကို ကျောက်ခဲသယ်လာတာ။ကျောက်
ခဲဆိုတဲ့ကောင်က ဟိုသွား၊ ဒီသွားနဲ့ နေရာအနှံ့
ရောက်တဲ့ကောင်လေဗျာ။"ကိုကြီးတာတေ…ဘန့်ဘွေးကုန်းကသတင်း
ကြားပြီးပြီလား""ကျောက်ခဲကလည်း ငါ ဒီနေ့မှ ပြန်ရောက်
တာလေ။ ဘယ်ကြာဦးမလဲကွ။ နို့…ဘာဖြစ်
လို့တုံး"ဟုတ်တယ်ဗျ၊ ကျုပ်မန္တလေးကို သွားနေတာ
တစ်လလောက်ကြာတယ်ဗျ။ မန္တလေးမှာ
ကျုပ်ဘထွေးတစ်ယောက် ဆေးရုံတက်တာ
သွားပြီးပြုစုပေးနေရတာဗျ။ခုတော့ သက်သာ
သွားပါပြီ။ ဆေးရုံလည်း ဆင်းရပြီလေ။ ဒါ
ကြောင့် ကျုပ်လည်း ရွာကို ပြန်လာခဲ့ရတာ။
ကျုပ်က မန္တလေးကပါလာတဲ့ ထိုးမုန့်နဲ့ ကျုပ်
ကောင် ကျောက်ခဲကို ဧည့်ခံတယ်ဗျ။ကျောက်
ခဲက ထိုးမုန့်စားပြီး ရေနွေးသောက်တယ်။ ပြီး
တော့မှ…"အဖြစ်ကတော့ တော်တော်ကို ဆန်းတာဗျ"
"ဟေ…ဟုတ်လား။ ဘယ်လိုဆန်းတာတုံးကွ
ကျောက်ခဲရ…""ဘန့်ဘွေးကုန်းမှာ တစ္ဆေတစ်ကောင် ရောက်
နေလို့ဗျ""ဟာ…ကျောက်ခဲကလည်း၊ တစ္ဆေတစ်ကောင်
ရောက်တာများ အဆန်းလုပ်လို့ကွ"
YOU ARE READING
Myanmar Ghost Stories
Horrorကိုယ်တိုင်ဖတ်ချင်လို့စုရေးထားခြင်းဖြစ်ပါသည်။တစ်ခုမှမပိုင်ပါ။ #Allcrd