တိုက်နွား (စ/ဆုံး)
မူရင်းရေးသားသူ _ ဆရာတာတေညသန်းခေါင်ကျော်လောက် ရှိပြီဗျ။
“ဝပ်…ထရိန်း…ဝပ်…ထရိန်း…ဝပ်…ထရိန်း”
နွားတွန်သံကြီး ကြားနေတာ။ ကျုပ်လည်း
အိပ်ပျော်နေရာက လန့်နိုးသွားတယ်။ အဘနဲ့ အမေလည်း နိုးသွားကြတယ်။
“ဘယ်သူ့နွား လွတ်နေတာလဲ မသိဘူး၊စောစောကတည်းက ကြားနေတာ၊ ရွာမြောက်ပိုင်းကစပြီး ကြားရတာ”
အမေက အဘကို ပြောနေတာဗျ။
“ဝပ်…ထရိန်း…ဝပ်…ထရိန်း…ဝပ်…ထရိန်း”
အခုကြားရတာက ကျုပ်တို့ဝိုင်းရှေ့က
ဗျို့။ ကျုပ်အဘ အိပ်ရာထဲက ထလာ
တယ်။ အိမ်ရှေ့မှာ ကာထားတဲ့ သစ်
သားချောင်းတွေ ကြားကနေ ဝိုင်းအ
ပြင်က လမ်းပေါ်ကို လှမ်းကြည့်နေတာဗ်။
“ဝပ်…ထရိန်း…ဝပ်…ထရိန်း…ဝပ်…ထရိန်း”
“နွားသံကတော့ တော်တော်ကို အကောင်
ကြီးမယ့်ပုံပဲဟ၊ ဒါပေမဲ့ ငါတော့ ဘာနွားမှမမြင်ပါဘူး ငွေစိန်ရာ”
“လမသာတော့လည်း မှောင်နေတာကိုး။
ကိုဉာဏ်ရဲ့ ဘယ်မြင်လိမ့်မတုံး”
“ဝပ်…ထရိန်း”
ဟော အသံက တဖြည်းဖြည်း ဝေးသွား
တာဗျို့။ တောင်ဘက်ကို အသံက
ရောက်ရောက်သွားတယ်။
“ဝုတ်…ဝုတ်…ဝုတ်…ဝုတ်…အီ…အီ…အီ”
“ဝုတ်…ဝုတ်…ဝုတ်…ကိန်…ကိန်”
တောင်ပိုင်းမှာတော့ ခွေးသံတွေ
ဆူညံသွားတာဗျို့။ ခွေးတစ်ကောင်ရဲ့
မချိမဆံ့ အော်လိုက်တဲ့ အသံလည်း
ကြားလိုက်ရတယ်။ ခွေးဟောင်သံ
ဆိုတာလည်း အမျိုးမျိုးရှိတာဗျ။မြွေ
တွေ့လို့ ဟောင်တဲ့အသံကတစ်မျိုး
ဗျ။ ခွေးတစ်ကောင် နယ်ကျွံလာလို့
ဟောင်တဲ့အသံက တစ်မျိုး၊ နာနာ
ဘာဝမကောင်းဆိုးဝါးကို တွေ့လို့
ဟောင်တဲ့ အသံက တစ်မျိုး၊ လူကို
ဟောင်တဲ့ အသံကတစ်မျိုးဗျ။
အခုကြားနေရတဲ့ ခွေးဟောင်သံက
တော့ နယ်ကျွံလာတဲ့ ခွေးကိုဟောင်
တဲ့အသံဗျိုးဗျ။ ကျုပ်စိတ်ထင်တော့
စောစောက အသံကြားရတဲ့ နွားကို
ဟောင်တာပဲဖြစ်မယ်။
ခွေးတစ်ကောင်တလေက နွားရဲ့
နောက်ကို ပြေးလိုက်လို့ နွားကန်
လိုက်တာ ထင်တယ်ဗျ။ခွေးတစ်
ကောင် မချိမဆံ့အော်တဲ့ အသံ
ကြားလိုက်ရတယ်။ အဘနဲ့အမေ
က ချက်ချင်းပြန်အိပ်လို့ မပျော်
ကြတော့ ဆေးလိပ်ထိုင်သောက်
နေကြတယ်။ လူကြီးဆိုတာက
လည်း ခက်သားဗျ။ ညဘက် အ
ချိန်မဟုတ်ဘဲ နိုးသွားရင် ချက်ချင်း
ပြန်အိပ်လို့ မပျော်တော့ဘူးလေဗျာ။
“ဖုန်း…ဖုန်း…ဝုတ်…ဝုတ်…ဝူး…
ဝူး …ဝူး…ကိန်…ကိန်”
“ဟဲ့နွား ”
“ဟဲ့ဘယ်ကနွားတုံး၊ နွားတွေ့လား ”
“တွေ့တော့ မတွေ့ဘူး”
“ဟော …ခွေးသံတွေကော၊ လူသံတွေ
ကော ဆူညံနေတာပါလား ကိုဉာဏ်၊
ဟဲ့ တာတေ နိုးလား”
“နိုးတယ် အမေ၊ ကျုပ်လည်း နားစွင့်နေ
တာ၊ ဘာဖြစ်တာလဲ မသိဘူးဗျ၊ လူသံ
တွေပါ ကြားလာတယ်”
“အေး ဟုတ်တယ်၊ လူသံတွေ ပိုများ
လာပါလား ကိုဉာဏ်၊ဘာတွေဖြစ်ပြီတုံး
မသိဘူးတော့”
“ကျုပ် သွားကြည့်လိုက်ရမလား အမေ”
“ဟာ မသွားနဲ့ တာတေ၊ ဘာဖြစ်မှန်း
မသိ မဟုတ်ဘူး၊ မနက်ကျတော့ အ
ကြောင်းစုံ သိမှာပေါ့”
အမေ ဟန့်လိုက်တာနဲ့ ကျုပ်မသွားဖြစ်
တော့ဘူးဗျ။ ရာသီကလည်း ဆောင်းဝင်
စဆိုတော့ အညာမှာ အေးစပြုနေပြီလေ
ဗျာ။ အပြင်မှာတော့ တော်တော်လေး
အေးနေပြီ။ ဒါကြောင့် ကျုပ်လည်း မ
သွားဖြစ်တော့တာပါ။
“ဝုတ်…ဝုတ်…ဝုတ်…ဝုတ်”
ခွေးဟောင်သံတွေတော့ နည်းနည်းကြဲ
သွားပြီဗျ။ အမေနဲ့ အဘရော၊ ကျုပ်ရော
နားစွင့်နေကြတုန်းဗျ။
“ကိုကြီးတာတေ…ကိုကြီးတာတေ ”
“ဟဲ့ …တာတေ၊ နင့်ကို လာခေါ်နေ
တာ ဘယ်သူတွေတုံး”
အသံကြားလိုက်တာနဲ့ ကျုပ်တန်းသိ
တယ်ဗျ။ ကျောက်ခဲအသံလေဗျာ။
” ကျောက်ခဲဗျ အမေရ၊ ဒီကောင်
ကိစ္စတော့ ရှိလာပြီ ထင်တယ်”
ကျုပ်လည်း သုံးတောင့်ထိုးဓါတ်မီးကို
ဆွဲပြီး ဝိုင်းထဲ ဆင်းလာခဲ့တယ်။
“ဟေ့ကောင် ကျောက်ခဲ၊ လာ…လာ
ဝင်ခဲ့၊ ဘာတွေ ဖြစ်တာတုံးကွ”
ကျောက်ခဲနောက်မှာ သံမဏိပါ
ပါလာတာဗျ။ ဒီကောင်နှစ်ကောင်
လည်း ချမ်းလို့ လက်ကလေးတွေ
ပိုက်ပြီး ကုတ်ကုတ်ကလေးတွေ
ကို ဖြစ်နေတာဗျ။
“ကိုကြီးတာတေ၊ ကိုလူကျော်
သေသွားပြီဗျ”
“ဘာ…လူကျော် သေပြီဟုတ်လား၊
ငါ့သူငယ်ချင်း လူကျော်လေ”
“ဟုတ်တယ်ဗျ”
“ဟေ …ဘာဖြစ်လို့ သေတာတုံး၊
ညနေကတောင် ငါနဲ့ တွေ့သေးတာ
ပဲ၊ အကောင်းကြီးပါ”
“ကိုကြီးတာတေ၊ စောစောက
နွားတွန်သံကြီး မကြားဘူးလားဗျ”
“အေး …ကြားတယ်လေ၊ ဘယ်သူ့နွား
လွတ်နေတာတုံး”
“အဲဒီနွားဝှေ့လို့ ကိုလူကျော် ပွဲချင်းပြီး
သေသွားတာဗျ”
“ဟေ …ဟုတ်လားကွ၊
ဒါ ဘယ်သူ့နွားတုံး”
“ဘယ်သူ့နွားမှ မဟုတ်ဘူး ကိုကြီး
တာတေ၊ နွားကို မြင်ကို မမြင်ရတာဗျ”
“ဘယ်လိုကွ ကျောက်ခဲရ၊ နွားကို
မမြင်ရဘူး ဟုတ်လား၊ နွားက လူ
ကို ဝှေ့ပစ်ပြီး ထွက်ပြေးသွားလို့လား”
“မဟုတ်ဘူးဗျ ကိုကြီးတာတေရ၊
နွားက အသံပဲ ကြားနေရတာ၊
မြင်ကို မြင်ကို မမြင်ရဘူး”
“ဟာ…ဟုတ်လား၊ အေး ငါ့အဘ
လည်း ပြောတယ်ကွ၊ စောစောက
သူထကြည့်တာ နွားမတွေ့ဘူးတဲ့”
“ဟုတ်တယ်ဗျ၊ နွားက ကိုကြီးတာတေ
တို့ဘက်ကနေ တောင်ပိုင်းကို ရောက်
လာတာ။ကိုလူကျော်တို့ဝိုင်းရှေ့ရောက်
တော့ ဝိုင်းတံခါးက ဟနေတာတဲ့ဗျ။ဝိုင်း
ထဲက ခွေးတွေက ထွက်လာပြီးဟောင်
တော့ နွားက ခွေးနောက်ကို ပြေးလိုက်
ရင်း ဝိုင်းထဲရောက်လာတာပဲဗျ။ဝိုင်းထဲ
ရောက်တော့ နွားထားတဲ့ တင်းကုတ်
ဘက်ကို သွားလို့ နွားတွေကလည်း
နှာတွေမှုတ်၊ ရုန်းကန်လုပ်၊ ခွေးတွေ
ကလည်း ဝင်ဆွဲကြတော့ အဲဒီနွားက
ကိုလူကျော်တို့ခွေးညိုကြီးကို ဆောင့်
ကန်လိုက်တာ ခွေးလည်း ဆန့်ငင်
ဆန့်ငင်နဲ့ တစ်ခါတည်းကို သေခဲ့
တာတဲ့”
YOU ARE READING
Myanmar Ghost Stories
Horrorကိုယ်တိုင်ဖတ်ချင်လို့စုရေးထားခြင်းဖြစ်ပါသည်။တစ်ခုမှမပိုင်ပါ။ #Allcrd