မှော်ဝင်ကြေးမုံ (အပိုင်း-၂)
ရေးသားသူ...တာတေကျုပ်ကအဘနဲ့အမေကို အကျိုးအကြောင်းပြောပြပြီး ဘန့်ဘွေးကုန်းကိုလိုက်ခဲ့တယ်။ ဘန့်ဘွေးကုန်းကိုရောက်တော့ ဘထွေးကျောက်နီက ဝမ်းသာအားရဆီးကြိုတယ်ဗျ။ ဘထွေးရဲ့မိန်းမအရီးဝိုင်းကြည်ကတော့ မျက်ရည်လေးစမ်းစမ်း စမ်းစမ်းနဲ့ ပေါ့ဗျာ။
"တာတေရေ၊ မင်းအစ်ကိုချစ်အေးလည်း မင်းကိုအကျိုးအကြောင်းတွေပြောပြပြီးရောပေါ့၊ ငါတို့လည်း ဘယ်လိုမှ မစဥ်းစားတတ်တော့ပါဘူးကွာ"
ဘထွေးကျောက်နီကပြောတာဗျ။ ကျုပ်ကဘထွေးပြောတာကို ခေါင်းညိတ်ပြီး စဥ်းစားနေရတာပေါ့ဗျာ။
"ကိုချစ်ထွေး နောက်ဆုံးအိမ်ကထွက်သွားတာကို ဘထွေးတို့ အရီးတို့မြင်လိုက်ကြသလား"
"ဘယ်သူမှ မမြင်ဘူးကွ၊ ချစ်ထွေးစီးတဲ့ဖိနပ်ကလည်း ဒီအတိုင်းရှိနေတာပဲ တာတေရ"
"ဟင် ဟုတ်လား၊ ဒါဆိုရင် အပြင်ထွက်သွားတဲ့ လက်ခဏာမှမရှိတာ၊ တကယ်လို့ထွက်သွားရင်လည်း ဖိနပ်မစီးဘဲ ထွက်သွားတာပဲဖြစ်မယ်"
"ချစ်ထွေးက ဖိနပ်မစီးဘဲ အပြင်ထွက်လေ့မရှိဘူးကွ၊ ဝိုင်းထဲဆင်းတာတောင် ခြေထောက်ချည်းဆင်းတဲ့ကောင် မဟုတ်ဘူး၊ ဖိနပ်စိးပြီးမှ ဆင်းတာ"
"ကိုချစ်ထွေးပျောက်သွားတဲ့နေ့က ထူးထူးခြားခြားဘာတွေများ ဖြစ်သေးတုံးအရီးရဲ့"
ကျုပ်မေးလိုက်တော့ အရီးဝိုင်းကြည်က တွေပြီးစဥ်းစားတယ်ဗျ။
"နေဦး တာတေရဲ့၊ အဲဒီနေ့ကချစ်အေးနဲ့ ကိုကျောက်နီကလှည်းကောက်ပြီး ထိန်ကုန်းသွားကြတယ်၊ ထိန်ကုန်းကကိုဖိုးတုတ်ဆီမှာ နှမ်းမျိုးသွားဝယ်ကြတာ၊ အိမ်မှာအရီးရယ်၊ ချစ်ထွေးရယ်ပဲရှိတာ၊ ချစ်ထွေးကအပေါ်ထပ်မှာ၊ အရီးကအောက်ထပ်မှာ၊ ပဲနောက်လှော်ပြီး အခွံချွတ်နေတာ၊ ခဏနေတော့ရွာလမ်းပေါ်မှာ ကလေးတွေဆူညံဆူညံလုပ်နေကြတာကြားလို့ ဘာဖြစ်ကြတာတုံးဆိုပြီးအရီးက ထွက်ကြည့်သေးတယ်၊ ရွာလမ်းမှာကလေးတွေ ဖွေးဖွေးလှုပ်နေတာပဲဟဲ့၊ ဘာဖြစ်လို့တုံးလို့ငါကမေးတော့-
YOU ARE READING
Myanmar Ghost Stories
Hororကိုယ်တိုင်ဖတ်ချင်လို့စုရေးထားခြင်းဖြစ်ပါသည်။တစ်ခုမှမပိုင်ပါ။ #Allcrd