"အင်းကြီးတစ္ဆေ"(စ-ဆုံး)
ရေးသားသူ...တာတေကျုပ်တို့အညာမှာတော့ အင်းမရှိဘူးပေါ့ဗျာ။
အဲ..မန္တလေးမှာတော့ တက်သေးအင်းတို့ တောင်သမန်အင်း
တို့ရှိတာပေါ့ဗျ။တာတေ အောက်ပြည်ကအင်းတွေရှိတဲ့
ဒေသကိုသွားတုန်းကပေါ့။ကျုပ်က ကိုဆိပ်ဖွားနဲ့လိုက်
သွားတာဗျ။လေးလေးဆိတ်ဖွားအကြောင်းကို ကျုပ်
ရေးခဲ့တဲ့ ပင်လယ်စုန်းဝတ္ထုမှာ ဖတ်ကြည့်ရင် သိမှာပါ။
လေးလေးဆိပ်ဖွားက အောက်ပြည်က ငပိ ငါးခြောက်
တွေယူပြီး ကျုပ်တို့ဘက်က အညာရွာတွေမှာရောင်းတာ
လေဗျာ။ငပိဖိုး ငါးခြောက်ဖိုးတွေကို အောက်ပြည်ဆင်း
ခါနီးတော့မှာလိုက်သိမ်းတာဗျ။ဒီတော့လည်း လူတိုင်းက
ဝယ်ကြတာပေါ့။တချို့ကလည်းလက်ငင်းပေးကြတာပါ။
လေးလေးဆိပ်ဖွားက ငပိ ငါးခြောက်အဝယ်သွားတော့
ကျုပ်ကလိုက်သွားတာဗျ။ရွာနာမည်ကိုက အင်းရွာကြီး
တဲ့ဗျ။ရွာလည်မှာ လယ်လုပ်သူတွေက များပါတယ်။
ဒါပေမယ့် အင်းကြီးတွေ ငါးအင်း ခြောက်အင်းရှိတယ်ဗျ
ဗျက်ကြီးအင်း ကုလားပုအင်း ရိုးကြီးအင်း ရေပြန်အင်း
ဇောင်းတလားအင်း ခေါင်းပြတ်အင်းတဲ့ဗျို့။
အင်းတအင်းစီမှာ အင်းသူကြီးတစ်ယောက်ဆီရှိတာပေါ့
ဒီအင်းတွေကို နှစ်တိုင်းအစိုးရဆီမှာလေလံဆွဲယူကြရတာ
လေလံအောင်မှ အင်းလုပ်ခွင့် ရတာလေဗျာ။
ဒီနယ်တွေမှာတော့ အင်းသူကြီးဆိုတာ လူချမ်းသားတွေ
ချည်းပဲဗျ။အင်းသူကြီးသား အင်းသူကြီးသမီးဆိုရင်
မျက်နှာပွင့် လိုက်ကြတာလွန်ရောဗျာ။ဒါပေမယ့်
တောင်သူလယ်လုပ် ဝါးခုတ်သူတွေကတော့ သူတို့ကို
ရှောင်ကြတယ်ဗျ။အကုသိုလ်ကြောက်ကြလို့ပေါ့။
YOU ARE READING
Myanmar Ghost Stories
Horrorကိုယ်တိုင်ဖတ်ချင်လို့စုရေးထားခြင်းဖြစ်ပါသည်။တစ်ခုမှမပိုင်ပါ။ #Allcrd