အပိုင်း (၂)
' Episode - 2 'တောင်တော်ဘုရင်မ (ဝတ္ထုရှည်)
°°°°°°°°°°°°°°°°°°°°°°°°°°°°°
ရေးသားသူ...တာတေ"စိတ်ချပါ နောင်တော်ဘုရား သူတို့လိုဟာမျိုးတွေ
အကောင်တစ်ထောင် လာပါစေ တပည့်တော် မမှုပါဘူးနောင်တော် တပည့်တော်ဟာ ကဝေပျံနဲ့ မောက်ကတော်က မွေးခဲ့တဲ့သူပါ တပည့်တော်ရဲ့ ကိုယ်ထဲမှာ စီးနေတဲ့သွေးကို ပြောင်းပြန်စီးအောင် နောင်တော်တို့ ပထမံတွေပဲစီမံပေးခဲ့ကြတာမို့လား။တပည့်တော် လူပေဟာတိုက်ပွဲတိုက်နေတဲ့ အချိန်မှာ အဲဒီကဝေတွေရဲ့စိတ်ကိုသိနေတဲ့သူပါ ဘုရား ဒင်းတို့ဘယ်လုပ်ဖို့ကြံစည်တယ်ဆိုတာကို ကြိုသိနေတဲ့ သူပါဘုရားဒါကြောင့် ဘယ်လောက်စွမ်းတဲ့ ကဝေဖြစ်ဖြစ် တပည့်တော် ယှဉ်ဝံ့ပါတယ်ဘုရား""အေး…သာဓု သာဓု …သာဓု မောင်လူပေ"
ကျုပ်တို့မြင်းတွေ ရိုးမပေါ်ကို စပြီးတက်ပြီဗျို့။ဦးကြီးတော် ပထမံဦးစန္ဒာကပဲ ဦးဆောင်ပြီး ရှေ့ကသွားတာဗျို့
တောင်နှစ်တောင်လောက်ကို ဆင်းလိုက်တက်လိုက်
လုပ်ပြီးတဲ့အချိန်မှာ လင်းတတွေ ဝဲနေတဲ့တောင်ကို
ကျုပ်တို့ စတင်ခဲ့ကြရောဗျို့။တောင်က ခပ်နိမ့်နိမ့်ဗျ။သစ်ခုတ်သမားတွေ။ဝါးခုတ်သမားတွေရဲ့တဲလေးတွေကိုခပ်လှမ်းလှမ်းမှာ လှမ်းမြင်နေရတယ်။
တဲတွေပေါ်မှာ မီးခိုးတွေ အူလို့ပေါ့ဗျာ။ထမင်း ဟင်းတွေ ချက်ပြုတ်နေကြတယ် ထင်ပါရဲ့ဗျာ။သြော် ပြောရဦးမယ်ဗျို့ ။ကျုပ်တို့ရွှေရောင်တော်က
ထွက်လာတဲ့အချိန်က မနက်နေထွက်စအချိန်လေးဗျ။ဒီတော့ ဒီတဲတွေက မနက်စာ ချက်နေကြတာရှိမှာပေါ့ဗျာသိပ်မတတ်ရဘူးဗျ။ကျုပ်တို့ တောင်ထိပ်ကိုရောက်လာတယ်။"နောင်တော်ဘုရား ဘေးကို ခဏရှောင်နေပါဘုရား
စုန်းမတွေ ဒီလောက်များပုံထောက်ရင် ဒီတောင်ပေါ်မှာကဝေကြီးကြီး တစ်ယောက် ရှိနေပုံပဲဘုရား တပည့်တော် တို့ ဒီတောင်ကို ဒီအတိုင်း ကျော်သွားခွင့်ပေးမှာမဟုတ်ဘူးဘုရား"ဦးကြီးတော်က လမ်းဘေး ခပ်လှမ်းလှမ်းကို
ဖယ်ပေးလိုက်တယ်။
YOU ARE READING
Myanmar Ghost Stories
Horrorကိုယ်တိုင်ဖတ်ချင်လို့စုရေးထားခြင်းဖြစ်ပါသည်။တစ်ခုမှမပိုင်ပါ။ #Allcrd