သချိုင်းအမှတ်၉('အပိုင်း၅)

142 6 0
                                    


“ဒီကလေးက မောင်တာတေလို့ ခေါ်ပါတယ်ဘုရား၊အညာ ထနောင်းကုန်းရွာကပါ၊ သူက လူငယ်ပေမဲ့ သတ္တိအလွန်
ကောင်းတဲ့ ကလေးဘုရား၊ အစ်ကိုနွံဖနဲ့လည်း ခရီးတွေ ထွက်ဖူး
သလို တပည့်တော်နဲ့လည်း အမြဲလိုက်ပြီး ကူညီနေတဲ့ကလေး
ဘုရား "

ဘိုးလူပေက ဆရာတော်ကို လျှောက်တင်လိုက်တော့
ဆရာတော်က ကျုပ်ကို သေသေချာချာကြည့်ပြီး ဒီသူငယ်မှာ
ထူးခြားတာတွေ ရှိသကွဲ့။ ပရလောကနဲ့ ထူးထူးခြားခြား ဆက်သွယ်နိုင်တဲ့ ကလေးကွဲ့”

“ဟုတ်ပါတယ်ဘုရား၊ မဖဲဝါနဲ့ အဆက်အသွယ် ရှိပါ
တယ်ဘုရား”

“ဪ..ဒါကြောင့်ကိုး”

ဆရာတော်ကလည်း ခေတဲ့ပုဂ္ဂိုလ်တော့ မဟုတ်ဘူးဗျ။
ကျုပ်ကို ကြည့်တာနဲ့ ကျုပ်အကြောင်းကို သိတာဗျ။

“ကောင်းပါတယ် မောင်တာတေရယ်၊ အထက်လမ်း
ပုဂ္ဂိုလ်တွေကို တစ်ဖက်တစ်လမ်းက ကူညီတယ်ဆိုတာ သာသနာကို ကူညီတာပါပဲကွယ်။ သာဓုကွယ်၊ သာဓု၊ သာဓု”

ကျုပ်က ဆရာတော်ကို ကန်တော့လိုက်တယ်။

ရောက်တဲ့နေ့ကစပြီး ဆရာကြီးနှစ်ယောက်က ပုတီးကို
မနားတမ်း စိပ်တယ်။ ကျုပ်ကိုလည်း ဆရာတော်က ပုတီးစိပ်ခိုင်းတယ်။ ဒီတော့မှ ကျုပ်သိတာဗျ။ ဆရာတော် ငယ်ငယ်တုန်းကဘိုးလူပေရဲ့ အဖေ ပထမံဆရာပွားကြီးဆီမှာ ပညာယူခဲ့ဖူးတာတဲ့။

နောက်ပြီးတော့ ဆရာတော်က လူတစ်ယောက်ကို အာရုံ
ခံလိုက်တာနဲ့ ဒီလူနဲ့ ပတ်သက်တဲ့ ထူးခြားတဲ့ ကိစ္စတွေကို
သိလာတာတဲ့ဗျ ။

ဒါကြောင့် ကျုပ်ကို တွေ့တွေ့ချင်း ပရလောကရဲ့ အ
သွယ်နိုင်တဲ့သူလို့ တန်းပြောတာပေါ့ ဗျာ။

လကွယ်နေ့ည မှောင်စပျိုးပြီဆိုတာနဲ့ ကျုပ် ဆရာကြီးတွေနဲ့ ကြံတောသင်္ချိုင်းဘက်ကို ထွက်ခဲ့ကြတယ်။ သုံးဘီးကား
လေးတစ်စီး ငှားပြီး လာခဲ့ကြတာပေါ့ဗျာ။ ကားကို ဟံသာဝတီ
အဝိုင်းကနေ ပတ်မောင်းခိုင်းလိုက်ပြီး မြန်မာ့အသံ ခြံဝင်းကြီး
နောက်ကဝင်တဲ့ လမ်းထိပ်မှာ ရပ်ခိုင်းလိုက်တယ်။ ကျုပ်နဲ့ ဆရာ
ကြီးနှစ်ယောက် အုတ်လမ်းကလေးအတိုင်း ဝင်လာခဲ့ကြတယ်။

Myanmar Ghost StoriesWhere stories live. Discover now