ဝိညာဉ်စုတ်တဲ့ နတ်(စ-ဆုံး)
ရေးသားသူ...တာတေကဆုန်လမှာ ကြဲတဲ့ နှမ်းတွေက ဝါဆို ဝါခေါင်မှာ နှုတ်ရတာ
ပေါ့ဗျာ။ ပြီးရင် နှမ်းပြန်စိုက်ရတာပေါ့။ ပြီးခဲ့တဲ့ တပေါင်းလ က
ကျုပ်တို့ရွာ ရွှေတောင်ကုန်း ဘုရားပွဲမှာ ပုံသွင်းတဲ့အထဲမှာ
မျက်လှည့်ပွဲလည်း ပါတယ် ဗျ။ မျက်လှည့်ဆရာရဲ့ နံမည်က
"ပဉ္စလက် ဆရာညို ” တဲ့ဗျ။ရုံဝင်ပေါက်မှာ အနောက်တိုင်း
ဝတ်စုံကို စမတ်ကျကျဝတ်ထားတဲ့ ဆရာညိုရဲ့ ပုံကြီးတွေ
ချိတ်လို့ပေါ့ဗျာ။ ဆိုင်းဘုတ်ကြီးတွေမှာ
"ပဉ္စလက် ဆရာညို မျက်လှည့် ” ဆိုတဲ့ ရောင်စုံစာလုံးကြီးက
လည်း ပရိသတ် ကို တော်တော်ဆွဲဆောင်နိုင်တယ်ဗျ။ ပြကွက်
ပေါင်းကို မရေတွက် နိုင်အောင်ပြတဲ့ ဆရာကြီး။ မျက်လှည့်ကို
မိုးလင်းထိ ပြနိုင်တယ်ဆိုတာ စဉ်းစားကြည့်ဗျာ။
မျက်လှည့်တာ ပြောတာဗျ မြွေအလမ္ပာယ် လည်း ပြသေးတာ။
မြွေတွေကို လှလှပပ ကခိုင်းနိုင်တဲ့ လူတွေပါဗျာ။
မြွေအလမ္ပာယ် ပြတာတော့ ဆရာညို မဟုတ်ဘူးဗျ။ တခြား
ဆရာတစ်ယောက်ဗျ။
ကျုပ်တို့ ရွာသားတွေဆိုတာဗျာ တပေါင်းလက ပြသွားတဲ့
မျက်လှည့်အကြောင်းကို အခုထိကို ပြောလို့မပြီး နိုင်အောင်
ကျန်ခဲ့တာဗျ။ လာမဲ့နှစ် ဘုရားပွဲမှာ ပဉ္စလက်ဆရာညို
မျက်လှည့် နှစ်ညထည့်ပေးဖို့ တောင်းဆိုနေကြလေရဲ့ဗျာ။
ဆရာညိုရဲ့ ပြကွက်တော်တော်များများက မှော်ပညာတွေဗျ။
ကျုပ်ကတော့ သိတာပေါ့ဗျာ။ ဒါပေမဲ့ မှော်ပညာကို မျက်လှည့်
ပညာဖြစ်အောင် ပြောင်းပြီးပြသွားတဲ့ ပဉ္စလက်ဆရာညို ကို
ကျုပ်လည်း ချီးကျူးတယ်ဗျာ။ ဆရာညိုရဲ့ ပျက်ကွက်တွေကို
YOU ARE READING
Myanmar Ghost Stories
Horrorကိုယ်တိုင်ဖတ်ချင်လို့စုရေးထားခြင်းဖြစ်ပါသည်။တစ်ခုမှမပိုင်ပါ။ #Allcrd