မဖဲဝါကို ကိုက်တဲ့မိကျောင်း(တာတေ)(အပိုင်း၂)

147 8 0
                                    


လူယောင်ဆောင်လည်း

ညှီနံ့ နံတာပဲဆိုပြီး လူစိမ်းတွေ့ရင် နှာခေါင်းလေး

ရှုံ့ပွ ရှုံပွလုပ်ပြီး အနံ့တွေ ဘာတွေ ခံကြည့်ကြရောဟေ့"

"ဟား ဟား ဟား ဟား တော်တော်တော့

ခက်နေပြီပဲ လေးလေးရွှေဒိုးရာ"

ကျုပ်လည်း မနေနိုင်တော့လို့ အော်ရယ်မိလိုက်ရောဗျို့။

"အခုတော့ မိကျောင်း ငြိမ်နေတာပေါ့

ဟုတ်လား ရွှေဒိုး"

"ဟာ မငြိမ်ဘူး ဆိတ်ဖွားရဲ့ ။ လွန်ခဲ့တဲ့ သုံးရက်ကပဲ

သင်္ချိုင်းကုန်းမှာ မြှုပ်ထားတဲ့ အလောင်းကို

တက်ပြီးဖော်စားသွားတယ်ကွ"

"ဟေ ...ဘယ်လို ဘယ်လိုကွ ရွှေဒိုးရဲ့"

"ဒီလို ဆိတ်ဖွားရေ။ မင်းနဲ့ ငါ မြစ်ခွဆုံကြီးဘက်ကို

လှေနဲ့ သွားဖူးတယ်လေကွာ။ အဲဒီတုန်းက

မင်းကို ငါ ပြတယ်လေ။ဒါ ငါတို့ရွာတွေရဲ့

သင်္ချိုင်းလို့တောင်ပြောသေးတယ်လေ"

"အေး အေး မှတ်မိတယ် မှတ်မိတယ်

မြစ်ခွဆုံကြီးနေရာကရေလယ်ကျွန်းကြီးပေါ်မှာလေ"

"အေး ဟုတ်တယ် ဟုတ်တယ် အဲဒီကျွန်းက

ဘယ်တုန်းကတည်းက ရှိနေတာတုံးတော့

မပြောတက်ဘူးလေ။ ငါတို့ ဝဲကြီးရယ်

ပန်းမခုံရယ် ။ တုံးလှဲရွာရယ်က လူသေရင်

ဒီသင်္ချိုင်းမှာပဲ သင်္ဂြ ိုဟ်ကြတာလေကွာ

ရှေးလူကြီးတွေ စိုက်သွားတဲ့ ကုက္ကိုပင်ကြီးတွေမှ

ညို့နေတာလေ ။ မင်းတွေ့ပါတယ်"

"အေး တွေ့ပါတယ် ရွှေဒိုးရာ မင်းတောင်

ပြောသေးတယ်လေ ။ ရေလယ်ကျွန်းသင်္ချိုင်းဆိုတာ

မို့လား"

"အေး အဲဒီသင်္ချိုင်းမှာ တချို့က မြေမြှုပ်တယ်

တချို့က ဂူသွင်းတယ်။ တချို့ကတော့လည်း

Myanmar Ghost StoriesWhere stories live. Discover now