"မဖဲဝါထမ်းတဲ့ခေါင်း" (စ/ဆုံး)
°°°°°°°°°°°°°°°°°°°°°°°°°°°
ရေးသားသူ...တာတေ"တာတေ၊ အရီးရောဟဲ့ "
"တာတေ၊ အရီးရောဟဲ့"ကျုပ်တွေးနေတာဗျ၊ မဖဲဝါ သေတုန်းက ထည့်ပြီးမြှုပ်တဲ့
ခေါင်းကြီး ဘန့်ဘွေးကုန်းကို ရောက်လာခဲ့ပြီး တလားစောင့်
ငမဲကြီးကို ကျုပ်ရှေ့မှာတင် မဖဲဝါက ရိုက်ပြီး ဆုံးမခဲ့တယ်။
ပြီးတော့ မဖဲဝါက ငမဲကြီးကို ပြောတယ်။"သင်္ချိုင်းရှင်မ မဖဲဝါရဲ့ တလားဟာ မသမာသူတွေ
လက်ထဲရောက်သွားရင် ငါ ဘာဖြစ်မယ်ဆိုတာနင်မသိဘူးတဲ့"ဒါ ဘာကို ဆိုလိုတာတုံး။ ကျုပ်တွေးပေမယ့်နားမလည်ပါဘူးဗျာ။
ဒါပေမဲ့ တစ်ခု ကျုပ်သိသွားတယ်ဗျ။ အဲဒီတုန်းက
မဖဲဝါဟာ သေတာမဟုတ်နိုင်ဘူး ။ အရှင်လတ်လတ်ဘဝကူးနေတာ ဖြစ်လိမ့်မယ်။"ဟဲ့ တာတေ"
"အောင်မယ်လေးဗျ""နင် ဘာတွေ ဒီလောက်တွေးနေတာတုန်း။
ထွေးလေးခေါ်နေတာတောင် မကြားပါလား""ဟိုတစ်လောက ဘန့်ဘွေးကုန်းကို ရောက်လာတဲ့
မဖဲဝါရဲ့ ခေါင်းကြီးအကြောင်း တွေးနေတာ ထွေးလေးရဲ့""အေးဟယ် ၊ အဲဒီကိစ္စကြီးကလည်း ကြောက်စရာကြီးပါလား
တာတေရယ် ""ဟုတ်တယ် ထွေးလေးရေ၊ မဖဲဝါကြီး ရောက်လာပြီ၊
သူ့ခေါင်းကြီးကို ပြန်သိမ်းသွားလို့သာပေါ့ဗျာ၊
နို့မဟုတ်ရင် အဲဒီခေါင်းစောင့်တဲ့ ငမဲကြီးက ဘယ်လောက်များ
မွှေဦးမလဲ မသိဘူးဗျ""အေးလေဟယ် ၊ နို့ ……အရီးရော တာတေ"
"မီးဖိုချောင်ထဲမှာဗျ၊ ထွေးလေးရ၊ ဘာတွေ လာပို့တာတုံး"
"ကြက်သားပါဟယ် ၊ အိမ်မှာ ကြက်သားချက်လို့၊
အရီးကို တစ်ခြမ်းလာပို့တာပါ "ပြောရင်းနဲ့ ထွေးလေးက အိမ်နောက်ဖေးကို ဝင်သွားရောဗျ၊
ဒီတော့မှ ကျုပ်လည်း ဆက်တွေးရတော့တာပေါ့ဗျာ။
မဖဲဝါဟာ အကုသိုလ်တွေ များလွန်းလို့ အရှင်လတ်လတ်ကနေ
သရဲဘဝကူးတာ ဖြစ်မယ်ဗျ၊ ကျုပ်တော့ မကြာမကြာ
တွေ့ဖူးတယ်။ ခင်ဗျားရော တွေ့ဖူးသလား မပြောတတ်ဘူး။
YOU ARE READING
Myanmar Ghost Stories
Terrorကိုယ်တိုင်ဖတ်ချင်လို့စုရေးထားခြင်းဖြစ်ပါသည်။တစ်ခုမှမပိုင်ပါ။ #Allcrd