မဖဲဝါရဲ့မဖဲဝါ အမှတ်( ၂)
~~~~~~~~~~~~~~~~~
မူရင်းရေးသားသူ _ ဆရာတာတေတာတေ ဆိုတဲ့ ကျုပ်က စပ်စပ်စုစု သိပ်လုပ်တော့ နှိုက်နှိုက်ချွတ်
ချွတ်တွေလည်း သိတာပေါ့ဗျာ။ ကျုပ်တို့ အညာသားများ နွားတော့တအားချစ်တာဗျ။ ကိုယ့်အိမ်က နွားကြီးတွေဆိုရင် မျက်ခြည်မပြတ် ကြည့်နေကြတာ။ အစာကျွေးချိန် မှန်ရတယ်။
ရေချိုးချိန်မှန်ရတယ်။ ပြီးရင် သူတို့ဆီးသွားတာ ၀မ်းသွားတာကို
အမြဲတမ်းအကဲခတ်နေရတာဗျ။ ဆီးနဲ့၀မ်းကို ကြည့်ပြီးမှ လိုတဲ့ဆေးဝါးတိုက်ကျွေးပေးရတာဗျ။ ခုနက စကားပဲပြန်ဆက်ရဦးမယ်။
ကျုပ်က လွှတ်စပ်စုတဲ့ကောင်ဆိုတော့ နှိုက်နှိုက်ချွတ်ချွတ်တွေအတော်သိသားဗျ။ ကျုပ်တခါက ခရီးသွားတုန်း ဟင်္သာတ ဘက်က ဘိုးတော်တယောက်နဲ့ ဆုံဖူးသဗျ။ ဒီဘိုးတော်က နွား
တအားကြီးချစ်တာဗျို့။ ကျုပ်ကလည်းနွားတအားကြီးချစ်တဲ့ကောင်
ဆိုတော့ တန်းခင်သွားတာပေါ့ဗျာ။ဒီမှာတင် သူပြောပြတဲ့ နွားဆေးကိုကျုပ်သိခဲ့ရတာဗျ။ လူတိုင်းတော့ကြိုက်ချင်မှ ကြိုက်မှာဗျ။
ကျုပ်က စူးစမ်းချင်တဲ့ကောင်ဆိုတော့အဘ နွားကြီးတွေကိုစမ်းကြည့်တာ ကျုပ် အဘတောင်မသိဘူးဗျ။ဘာပြောကောင်း
မတုံးဗျာ။ ကျုပ်တို့ နွားကြီးတွေ ၀ဖီးလာပြီး ကျန်းမာရေး ကိုဒေါင်ဒေါင်ကိုမြည်နေရောဗျာ။ဒီလိုဗျ။ ခဗျားမှာ နွားရှိရင် စမ်းကြည့်လေ။
မလုပ်ရဲ ရင်လည်း မလုပ်နဲ့ပေါ့ဗျာ။ မြွေပွေးဖြစ်ဖြစ် မြွေဟောက်ဖြစ်ဖြစ် ပေါ့ဗျာ။ အသေရခဲ့ရင် ဝါးဘိုးဝါးကျည်တောက်ထဲမှာ အဲ့ဒီ
မြွေသေကို ခွေပြီးထည့်ဗျ၊ ပြီးရင် ကျည်တောက်ကို ဆားအပြည့်သိပ်လိုက်။နွားတင်းကုတ်ထဲက တိုင်တစ်တိုင်မှာ အဲ့ဒီဝါးပိုး ကျည်တောက်ကို ချိတ်ထား ။ ဆားက တဖြေးဖြေး ကျသွားလိမ့်
မယ်။ ဆားထပ်သိပ် ။ အဲ့ဒီလို ဆားကျလိုက် ထပ်သိပ်လိုက် လုပ်
ပေးရင်းက နောက်တော့ ဝါးကျည်တောက်ရဲ့ မျက်နှာပြင်မှာ
YOU ARE READING
Myanmar Ghost Stories
Horrorကိုယ်တိုင်ဖတ်ချင်လို့စုရေးထားခြင်းဖြစ်ပါသည်။တစ်ခုမှမပိုင်ပါ။ #Allcrd