ခွာမဲ (စ-ဆုံး)
ရေးသားသူ...တာတေပြောပြရရင်တော့ အံ့သြစရာဗျ။ ကျုပ်တို့ရွာက ခွာမဲလို့ခေါ်တဲ့
ကရင်လေးကအခုအသက်ရှစ်နှစ်ရှိပြီ ။ဒီကောင်ခွာမဲ မွေး
ကတည်းက သရဲမြင်ရတဲ့ကောင်ဗျ။ဒီိကောင်က ၅နှစ်သား
လောက်ကတည်းက သူ့မိဘတွေကို ပြောတာဗျ။ပထမတော့
သူ့မိဘတွေက ခွာမဲ ပြောတာကိုနားမလည်ဘူးဗျ။ ခွာမဲ
ကလည်းသရဲဆိုတာမသိဘူးလေဗျာ။
" အမိုး ညက ရွာထဲကို အရူးမကြီး၀င်လာတယ်။ခွေးတွေ
၀ိုင်းဟောင်တော့မှထွက်ပြေးသွားတယ် ဗျ "
"ဖိုးခွား မဟုတ်ဘူး ၊ ဒီရွာမှာ အရူးမမရှိဘူး၊ ခွေးတွေဟောင်
တာက ဟိုးမြောက်ပိုင်းက ခွေးတွေနယ်ကျော်လာလို့
ဟောင်တာပါ ၊ မကြောက်နဲ့ မကြောက်နဲ့ "
"အမိုး.. ..ဖိုးခွားမကြောက်ပါဘူး။ ဒါပေမဲ့ ခွေးမဟုတ်ဘူးဗျ ၊
အရူးမကြီးလာတာ၊ ဖိုးခွားသေသေချာချာမြင်ရတယ် "
ခွာမဲကတော့ ပြောရှာသားဗျ။ ဒါပေမဲ့ သူ့မိဘတွေကမယုံကြ
ဘူး။ဒီအကြောင်းကို သူ့အဖေ သူ့အမေကိုရယ်စရာလိုသဘော
ထားပြီး လူစုံရင် ပြောပြောပြီး ရယ်ကြသဗျ။ တစ်ခါကျတော့
ခွာမဲကပြောသဗျ။
" အမိုး ညကလာတဲ့ အရူးမက ကြောက်စရာကြီးဗျ။
ဆံပင်ဖားလျား ကြီးနဲ့ မျက်လုံးကြီးတွေကပြူးထွက်နေတာ။
ပြီးတော့အဲ့ဒီ့အရူးမက အ၀တ်အစား မပါဘူး။ကိုယ်လုံးတီး
ကြီးဗျ။လူတွေလို လမ်းလျှောက် တာမဟုတ်ဘူးဗျ။
ဖင်ထိုင်လျက်ကြီးသွားတာ လက်နှစ်ဖက်ထောက်ပြီး ပြေး
တာများ လွှတ်မြန်တာအမိုး ရဲ့ "
" ဖိုးခွားရဲ့ အရူးမကြီးလာရင် ခွေးတွေဟောင်မှာပေါ့၊ညက
ခွေးဟောင်သံတွေ အမိုးတော့မကြားပါလား "
" အမိုး ဒီရွာက ခွေးတွေက အရင်လာတဲ့ အရူးမတွေကိုပဲ
YOU ARE READING
Myanmar Ghost Stories
Horrorကိုယ်တိုင်ဖတ်ချင်လို့စုရေးထားခြင်းဖြစ်ပါသည်။တစ်ခုမှမပိုင်ပါ။ #Allcrd