သွေးစုပ်ကောင် (စ/ဆုံး)
~~~~~~~~~~~~
မူရင်းရေးသားသူ - ဆရာတာတေအဲဒီနေ့က ကျုပ်တို့အညာမှာ နေကြတ်တဲ့နေ့ဗျ။ထူးတော့ ထူးတယ်ဗျို့။
ခင်ဗျားတို့ ကျုပ်တို့တွေ နေကြတ်တဲ့အချိန် ဟာ ဆယ်မိနစ် ဆယ့်ငါးမိနစ်ပေါ့။
ဒီတစ်ခါ နေကြတ်တာက နာရီနဲ့ချီပြီး ကြာ
တာဗျ။ ကျုပ်စိတ်ထင်တော့ သုံးနာရီလောက်ကိုကြာတာဗျ။ခင်ဗျားလည်း သိပါတယ်၊ နေကြတ်တဲ့အချိန်
မှာ မျက်စိအတိုင်း မကြည့်ရဘူးလေဗျာ၊ နေ
ကာမျက်မှန်တွေ ဘာတွေ တပ်ပြီးမှ ကြည့်ရတာဗျ။ကျုပ်တို့ကတော့ နေကာမျက်မှန် မလို
ပါဘူးဗျာ။ မှန်ကွဲကလေးကို ယူပြီး ရေနံဆီမီး
ခွက်ထွန်း၊ မှန်မှာ မှိုင်းခံလိုက်တယ်။ပြီးတော့အဲဒီမှန်ချပ်ကလေး မျက်စိရှေ့မှာ ထားပြီးကြည့်ရင်
နေလုံးက နီနီလေးဗျ။မျက်စိမစူးတော့ဘူး။ တချို့ကတော့ ဓါတ်ပုံ
ရိုက်တဲ့ ဖလင်ချပ်အဟောင်းကို ခေါက်ပြီးမျက်စိရှေ့က
ခံကြည့်ကြတယ်။ကျုပ်တို့တောမှာက ဓါတ်ပုံ ဖလင် ဘယ်မှာ
ရှိမှာတုံးဗျာ။ မှန်ကွဲလေးတွေကိုပဲ မှိုင်းခံပြီးကြည့်ကြရတာပေါ့။လူကြီးတွေလည်း အံ့သြကြတာဗျ။ ကျုပ်တို့တစ်သက်မပြောနဲ့၊ သူတို့
တစ်သက်မှာတောင် နေ ဒီလောက်အကြာကြီးကြတ်တာ
မမြင်ဖူးကြဘူးလို့ ပြောကြတယ်။သုံးနာရီလောက် ကြာသွားတော့မှ နေလုံးကြီး
တဖြည်းဖြည်း ပြန်ပေါ်လာတာဗျ။ နေကြတ်
တာကလည်း တပေါင်းလကြီးဗျ။အချိန်က နေ့
လယ်(၁)နာရီလောက်မှာ စကြတ်တာ။အပူဆုံး အချိန်ပေါ့ဗျာ။အဲဒီညမှာ တော်တော်တော့ စိတ်ဝင်စားစရာ
ကောင်းတယ်ဗျို့။ဟိုဝိုင်း ဒီဝိုင်းတွေမှာ လူကြီး
တွေ စုပြီး အကြမ်းသောက်ရင်း နေကြတ်တဲ့
အကြောင်း ပြောကြ ဆိုကြပေါ့ဗျာ။ သူတို့ ကြုံ
ခဲ့ဖူးတဲ့ နေကြတ်တဲ့ အဖြစ်အပျက်တွေ နေ
ကြတ်တဲ့ အတိတ်နိမိတ်တွေ ပြောကြဆိုကြ။တချို့လည်း ရှေ့ခေတ်က တဘောင်တွေ ရွတ်
ကြပေါ့ဗျာ။ တချို့ကလည်း အယူတော်မင်္ဂလာ
ပညာအကြောင်း ပြောကြသဗျ။ အယူတော် မ
င်္ဂလာဦးနိုး ဆိုတဲ့ ပညာရှိကြီးအကြောင်း အာ
ဘောင်အာရင်းသန်သန်နဲ့ ချီးမွမ်းသမှုပြုကြ။
အဲဒီညက ကျုပ်တို့တစ်ရွာလုံး တော်တော်နဲ့ကို
မအိပ်ကြဘူးဗျာ။ ရွာလယ်လမ်းက ကုန်ခြောက်
ဆိုင်ဆိုတာ လက်ဖက်နဲ့ အကြော်ရောင်းလိုက်
ရတာ လက်ကို မလည်အောင်ပဲတဲ့ဗျို့။
YOU ARE READING
Myanmar Ghost Stories
Horrorကိုယ်တိုင်ဖတ်ချင်လို့စုရေးထားခြင်းဖြစ်ပါသည်။တစ်ခုမှမပိုင်ပါ။ #Allcrd