"ကျုပ်နာမည်က အောင်ပင်လယ်ဆရာကျော်တဲ့ကွဲ့၊ မကြာခင်
အထက်ပုဂ္ဂိုလ်ကြီး ကြွလာလိမ့်မယ်၊ ကျုပ်ကို ဓာတ်စီးပြီး မင်းတို့လင်မယားကို ပြောစရာရှိတာတွေ သူကိုယ်တိုင် ပြောလိမ့်မယ်”မောင်စိန်တို့ လင်မယားကတော့ အထူးအဆန်းဖြစ်ပြီး
ဘာပြောရမှန်းတောင် မသိတော့ဘဲ လက်အုပ်ကလေးချီထားကြရတာပေါ့ကွယ်။အဲဒီလိုပြောပြီးတာနဲ့ အောင်ပင်လယ်ဆရာကျော် ဆိုတဲ့
လူက တဆတ်ဆတ် တုန်လာပြီး အထက်ပုဂ္ဂိုလ်ဆိုတာ ကြွလာ
ရောတဲ့ကွဲ့။“ဟေ့ ငါ့သားနဲ့ သမီး၊ မောင်စိန်နဲ့ မိပန်း နင်တို့ ဆင်းရဲ
လှချည်ကလား"“ဟုတ်ပါတယ် အဘရယ်၊ ကျုပ်တို့ လွှတ်ဆင်းရဲကြတာ
ပါဗျာ”လို့ မောင်စိန်က မရဲတရဲနဲ့ ပြန်ပြောသကွဲ့။
“အိမ်ထောင်ကျတာ သုံးနှစ်သာရှိတယ်၊ သားသမီးလည်း
ခုထိ မရကြပါလား”“ဟုတ်ပါတယ် အဘရယ်၊ ကျုပ်တို့မှာ သားသမီးလည်း
မထွန်းကားပါဘူးဗျာ”လို့ မောင်စိန်က ပြန်ပြီးလျှောက်တင်သတဲ့။
“အေး ဒါဆိုရင် ငါမေးမယ်၊ မင်းတို့လင်မယား မချမ်း
သာချင်ဘူးလား”“ဟာ ချမ်းသာချင်တာပေါ့ အဘရယ်”
“အေး ဟုတ်ပြီ၊ မင်းတို့ သားသမီးရော မလိုချင်ဘူးလားဟေ့"
"ဟာ သားသမီး လိုချင်တာလည်း ရူးမတတ်ပါပဲ အဘရယ် ”
“ကောင်းပြီ၊ မင်းတို့ကို သူဌေးဖြစ်အောင်လည်း ငါလုပ်ပေးမယ်၊ သားသမီး ရအောင်လည်း လုပ်ပေးမယ်၊ ကြိုက်သလား
မောင်စိန် ”“ဟာ အဘရယ်၊ ဘယ့်နှယ်ပြောပါလိမ့်ဗျာ၊ အဲဒီလိုသာဆိုရင် အဘခိုင်းချင်ရာ ခိုင်းပါဗျာ၊ ကျုပ်ရော ဟော့ဒီမိန်းမရော
လုပ်ပေးပါ့မယ်”မောင်စိန်က ဝမ်းသာအားရနဲ့ ပြန်ပြောသတဲ့ကွဲ့။
“ကျုပ်လည်း ခိုင်းချင်ရာခိုင်း လုပ်ပေးပါမယ် အဘရယ်”
လို့ မိပန်းကလည်း ဝင်ပြောသတဲ့။“ဟာ ဒါဆိုရင် နေရာကျပြီပေါ့ ကွယ်၊ အေး ဒီအတိုင်းတော့ မရဘူးကွဲ့၊ ငါပြောတာကို မင်းတို့ သေသေချာချာ နား
ထောင်ကြ၊ မင်းတို့ သဘောတူတော့မှ ကတိကဝတ်ပြုကြရမှာ”
YOU ARE READING
Myanmar Ghost Stories
Horreurကိုယ်တိုင်ဖတ်ချင်လို့စုရေးထားခြင်းဖြစ်ပါသည်။တစ်ခုမှမပိုင်ပါ။ #Allcrd