ကဝေသားခြောက်(တာတေ)

157 7 0
                                    

ကဝေသားခြောက် (စ-ဆုံး)
ရေးသားသူ...တာတေ

မိန်းမတွေသားခြောက်မွေးတာ ခင်ဗျားမြင်ဖူးလား၊၊

ကျုပ်တို့ရွာထနောင်းကုန်းမြောက်ပိုင်းမှာ ကိုဖိုးထွေးနဲ့ မရင်ဆို

တဲ့ လင်မယား၂ ယောက်ရှိသဗျ၊ ။သူတို့မှာသား၂ ယောက်

ရှိတယ်၊၊ အကြီးကောင်က ၁၂ နှစ်သားလောက်ရှိမယ်၊၊

အငယ်ကောင်က ၁၀ နှစ်သားလောက်ဗျ၊၊ ကိုဘိုးထွေးတို့

လင်မယားမှာယာပိုင်မရှိ၊ လှည်းမရှိ၊

နွားမရှိနဲ့လွှတ်ဆင်းရဲတာဗျို့၊၊ သား ၂ ယောက်ကိုဆရာတော်

ဆီအပ်ထားရတယ်၊၊ ပုဗ္ဗာရုံကျောင်းက ကျောင်းသားတွေ

ပေါ့ဗျာ၊၊ အကြီးကောင်ကဖိုးစတဲ့၊ အငယ်ကောင်ကဖိုးပတဲ့ဗျ၊၊

ခုတော့ဆရာတော်ကျောင်းမှာအကြီးကောင်လေးမရှိတော့ဘူး၊

အိမ်ပြန်နေတယ်၊၊ ၁၂ နှစ်ဆိုပေမဲ့ ဖိုးစကလူကောင်ထွားတော့

လူပျိုပေါက်ကြီးဖြစ်နေပြီဗျ၊၊ ယာထဲကိုင်းထဲလိုက်နိုင်နေပြီ၊၊

မိဘတွေနဲ့အတူတူ ဟိုယာ ဒီယာမှာနှမ်းနှုတ်၊ ပဲနှုတ်၊

ပေါင်းနှုတ်၊ မြေဆီပက်နဲ့ သူ့မိဘတွေလိုပဲအလုပ်သမားလုပ်နေ

ရတာပေါ့ဗျာ၊၊ အငယ်ကောင်ဖိုးပကတော့ အခုထိကျောင်းသား

လုပ်နေတုန်းပဲ၊၊ ဘဝကံမကောင်းခဲ့လို့ ဆင်းရဲတဲ့လူတွေမှာ

ဥစ္စာဓနသာဆင်းရဲတာတင်မဟုတ်ဘူးဗျ၊

အသိဥာဏ်လည်းဆင်းရဲ၊ ဘာတစ်ခုမှလည်း

ဟုတ်ဟုတ်ညားညား မလုပ်တက်၊ မကိုင်တက်ဗျ၊၊

သင်ပေးပြန်ရင်လည်း တက်အောင်၊ တော်အောင်သင်ယူနိုင်

တဲ့ကံမျိုးသူတို့မှာမရှိကြဘူး၊၊ ကံကောင်းတဲ့လူတွေဆီကို

ကောင်းတဲ့အကြောင်းတွေတစ်ခုပြီး တစ်ခုရောက်လာတက်

တာဗျ၊၊ ကံမကောင်းတဲ့လူတွေဆီကျတော့ မကောင်းတဲ့

Myanmar Ghost StoriesWhere stories live. Discover now