အညာဆောင်းဗျ အေးချက်ကတော့ ကမ်းကုန်ရောဗျို့။တာတေတို့ အညာသားလေးတွေဆိုတာ ညရောက်ရင် မီးလှုံကြ ၊ ပြီးရင် အိပ်ရာဝင်တာနဲ့ ဂုန်နီအိတ်ကို ချုပ်ထားတဲ့ စောင်တစ်ထပ်အညာစောင်ထူထူတစ်ထပ်ခြုံပြီး ကွေးကြရတာပေါ့ဗျာ။
ဒီညနေထမင်းကလည်း စားကောင်းသဗျ။
ဖရဲကင်းလေးတွေအချိုချက်လို့၊ ချဉ်ပေါင်ဖက်
ကို မြေပဲနဲ့ရောထောင်းပြီး ကြက်သွန်နီအကွင်း
လိုက်လှီးထားတာလေးနဲ့ မြေပဲဆီမွှေးမွှေးလေး
လောင်းပြီးသုတ်ထားတာလေးရယ် ၊ အမဲခြောက်ကို ရေနဲနဲစိမ်ပြီးဖုတ်ထားတာလေးရယ် ပါသဗျ။ပဲဆီလေးနစ်နေအောင် ဆမ်းပြီးစိမ်ထားတော့
ကောင်းချက်ဗျာ။ ကျုပ်ဖြင့် ထမင်းဘယ်နှပန်းကန်ထည့်မိမှန်းတောင်မသိပါဘူးဗျာ။လကဖြင့် ပြာသိုတောင်ကုန်ခါနီးပေါ့။အအေးကတော့ နည်းနည်းမှကိုမလျော့သေးပါ
ဘူးဗျာ။ နေလုံးပျောက်ပြီး မိုးချုပ်တာနဲ့စိမ့်လာ
တော့တာဗျို့။ ကျုပ်လည်းဝိုင်းထဲမှာ စောစော
ပဲ မီးဖိုလိုက်တယ်။အဘတို့ အမေတို့ကအသက်
ကလေးတွေ ရကုန်ကြပြီလေဗျာ။အအေးဒဏ်သိပ်မခံနိုင်ကြတော့ဘူးဗျ။ ကျုပ်မီးဖိုမီးစွဲတာနဲ့ထင်းရုံထဲက ထင်းတုံးကြီးကြီးတွေ ဆွဲလာပြီးမီးကူးအောင် လုပ်လိုက်တယ်။
“ဟဲ့ ဘာတုံးတာတေရဲ့”
“လာ ကြ လာကြ အဘကိုပါ ခေါ်ခဲ့ ။ မီးဖိုပြီးပြီ
စောစောလေးမီးလှုံ ကြ၊ ဒီညတော်တော်အေးမဲ့
ပုံပဲ ခုတောင်မှ စိမ့်လာပြီ”“သြော် အေးအေး လာပြီဟေ့၊ တော့် ကိုဥာဏ်
တော့်သား တာတေ ခေါ်လို့ ၊ မီးဖို့ ပြီးပြီတဲ့”“အေး အေး လာပြီ လူလေးရေ”
အဘက ကျုပ်ကြားအောင်လှမ်းပြောတယ်။
ခဏနေတော့ အမေနဲ့ အဘကအိမ်ပေါ်က ဆင်း
လာကြတယ်ဗျ။ ကျုပ်ဖိုပေးတဲ့ မီးဖို့ဘေးမှာ ကျုပ်က တစ်ခါတည်း ဖျာကြမ်းလေးပါ ခင်းပေးထားတာဗျ.အဘက ရေနွေးကရားရော အကြမ်းပန်းကန်
တွေပါ ယူလာတယ်။ ဒါလည်း ကျုပ်တို့ အညာသူအညာသားတွေရဲ့ စည်းစိမ် တမျိုးပေါ့ဗျာ။
YOU ARE READING
Myanmar Ghost Stories
Terrorကိုယ်တိုင်ဖတ်ချင်လို့စုရေးထားခြင်းဖြစ်ပါသည်။တစ်ခုမှမပိုင်ပါ။ #Allcrd