မဖဲဝါရဲ့ မဖဲဝါ - အမှတ် ၃ ( စ / ဆုံး)
~~~~~~~~~~~~~~~~~
မူရင်းရေးသူ _ ဆရာတာတေဒီကိစ္စကဝေးဝေးလံလံမှာ ဖြစ်ခဲ့တာမဟုတ်ဘူးဗျ။
ကျုပ်တို့ရွာကနေ နာရီဝက်လောက်လမ်းလျှောက်ရင်
ရောက်တဲ့မီးလောင်ကုန်းမှာတင် ဖြစ်ခဲ့တာဗျို့။
မီးလောင်းကုန်းဆိုတာ ခင်ဗျားသိပါတယ်။
'မဖဲဝါနေတဲ့အိမ်'မှာ မီးလောင်ကုန်းအကြောင်း
ကျုပ်ရေးခဲ့တယ်လေဗျာ။
ကျုပ်ကိုလာခေါ်တာက အရီးစိန်ရှန်ဗျ။သူ့သားချက်ဖောင်းက
လှည်းမောင်းလို့လေဗျာ။ အရီးစိန်ရှန်က မုဆိုးမပူပူနွေးနွေးဗျ။
အရီးယောင်္ကျား ဘိုးညွှန့်ဆုံးသွားတာရက်လည်ရုံရှိသေးတာဗျို့။
ကျုပ်လည်း သတင်းတွေ ကြားသင့်သလောက်တော့
ကြားပြီးပြီပေါ့ဗျာ။
"ဘယ်လိုများ ဖြစ်ရတာတုန်း အရီးရာ"
ကျုပ်က အရီးစိန်ရှိန်ကိုမေးကြည့်တော့ …
"ငါတော့ မပြောချင်တော့ဘူးတာတေရယ် တစ်အိမ်လုံးကို
အုံးဆန်နေတော့တာပါပဲဟယ်။ အိမ်အပေါ်ထပ်မှာ
ထပ်ခိုးပေါ်က ခုန်ချလို့ချ။ အိမ်ထဲက ပစ္စည်းတွေကို
လွှင့်ပစ်လို့ပစ်။ ထောင်ထားတဲ့ဖျာလိပ်တွေကို
လှဲပစ်တာကတော့ တဘုန်းဘုန်းပဲ တာတေရေ"
"ဟာ …ဒီလောက်တောင် ဆိုးနေတာလားအရီးရဲ့။
ဘိုးညွှန့်များ တစ်ခုခုကို စွဲလန်းသွားပြီး
မကျွတ်မလွတ်တာများလား အရီးရာ"
"တာတေရယ် နင်ဘိုးညွှန့်အကြောင်းကို နင်လည်း
သိတာပဲဟယ် သေခါနီးတဲ့အထိ အမှတ်မလွတ်ဘဲ
တရားမှတ်ရင်းနဲ့ အသက်ကုန်သွားတာ"
"ဒါဆိုရင်လည်း ထူးဆန်းနေတာပဲ အရီးရယ်"
"အေး…ဒါကြောင့်အရီးနင့်ဆီကိုပြေးလာခဲ့တာပေါ့ဟယ်။
အခုတော့ရွာထဲကလူတွေက ငါတို့အိမ်ကြီးကို ဝိုင်းရှေ့လာပြီး
YOU ARE READING
Myanmar Ghost Stories
Horrorကိုယ်တိုင်ဖတ်ချင်လို့စုရေးထားခြင်းဖြစ်ပါသည်။တစ်ခုမှမပိုင်ပါ။ #Allcrd