စုန်းရွာကြီး (စ/ဆုံး)
°°°°°°°°°°°°°°°°°°
ရေးသားသူ...တာတေဆရာတော့်ကျောင်းက ကျောင်းသားလေး
တောကျော် လာခေါ်တာဗျို့။"ကိုကြီးတာတေကို ဆရာတော် ခေါ်ခိုင်းလို့ဗျ"
"ဟေ …ဟုတ်လားကွ တောကျော်၊ အေး အေး
ငါလာခဲ့မယ် မင်းပြန်နှင့်တော့""ဟာ မဟုတ်ဘူးဗျ၊ ကိုကြီးတာတေကို တစ်ပါ
တည်း ခေါ်ခဲ့ရမယ်လို့ ဆရာတော်က မှာလိုက်
တာ""ဟ …ဒီလိုလားကွ၊ တောကျော်ရ၊ ကဲ ဒါဆိုရင်
ခုပဲ သွားကြတာပေါ့ကွာ"ဟုတ်တယ်ဗျ၊ ကျုပ်ဆရာတော်အကြောင်း ကျုပ်
က သိပြီးသားပါဗျာ။ ဆရာတော်က တော်တော်
ကြာတို့၊ နောက်မှတို့ ဆိုတာတွေ နည်းနည်းမှ
ကြိုက်တာ မဟုတ်ဘူးဗျ။ တောကျော်ပြောတာ
ဟုတ်တယ်။ အသားမည်းမည်း၊ အရပ်ပုပု၊ မျက်
လုံးပြူးပြူးနဲ့ တောကျော်ဆိုတဲ့ ကောင်က လမ်း
လျှောက်တော့ လွှတ်သွက်တာဗျ။ ကျုပ်ရှေ့က
သွားနေလိုက်တာ လှစ်လှစ် လှစ်လှစ်ကို ဖြစ်နေ
တာဗျ။ ကျုပ်မှာ ဒီကောင့်ကို မှီအောင် မနည်းကို
လိုက်နေရတာဗျို့။ဆရာတော့်ကျောင်းကိုရောက်တော့ ရှေးဟောင်း
လက်ရာ ပွတ်လုံးတိုင်ကြီးတွေနဲ့ ကနုတ်ပန်းတွေ
ဖော်ထားတဲ့ ကျွန်းလှေကားကြီးကနေ ကျောင်းကြီး
အပေါ်ထပ်ကို တက်ခဲ့တယ်။ဟာ၊ ကျုပ်မျက်လုံးကို
တောင် ကျုပ် မယုံနိုင်အောင် ဖြစ်သွားမိတာဗျာ။"ဟာ…ဆရာ"
ကျုပ် ဘယ်လိုမှကို မျှော်လင့်မထားတဲ့ လူတစ်
ယောက်ကို တွေ့လိုက်ရတာဗျာ။ကျုပ်ဆရာ နွံဖ
လေဗျာ။ ဆရာစိုင်းနွံဖပေါ့။ ဆရာနဲ့ ကျုပ်နဲ့ အ အဆက်အသွယ်ပြတ်နေတာ တော်တော်ကိုကြာ
ပြီဗျ။ ဆရာနွံဖက နဂိုပုံစံအတိုင်းပါပဲဗျာ။ တည်
ငြိမ်အေးဆေးတဲ့ မျက်လုံးတွေနဲ့ ကျုပ်ကိုကြည့်
ပြီး ပြုံးပြနေတယ်။ ဆရာနွံဖရဲ့ ဒီအကြည့်နဲ့ ဒီ
အပြုံးကို ကျုပ် ဘယ်တော့မှ မမေ့ခဲ့ပါဘူးဗျာ။"တာတေ၊ မင်း တော်တော်အံ့သြသွားသလား"
ဆရာတော်ကလည်း ပြုံးပြုံးကြီးလုပ်ပြီး မေးတာဗျ
YOU ARE READING
Myanmar Ghost Stories
Terrorကိုယ်တိုင်ဖတ်ချင်လို့စုရေးထားခြင်းဖြစ်ပါသည်။တစ်ခုမှမပိုင်ပါ။ #Allcrd