သူငယ်ချင်းတစ္ဆေ(စ/ဆုံး)
ရေးသားသူ...တာတေဒီနေ့ ကျုပ်တို့ဝိုင်းနဲ့ နှစ်ဝိုင်းကျော်က ဘိုးရင်မောင်
ရဲ့နှစ်ပတ်လည်လေဗျာ၊ ဘိုးရင်မောင်ကြီးက လွှတ်
အသက်ရှည်တဲ့ ဘိုးတော်ကြီးဗျ။ အသက်(၁၀၀)
အတိမှ ဆုံးတာ။ သူ့မိန်းမကြီးဘွားစိန်နုက အသက်
(၇၀)လောက်ကတည်းက ဆုံးသွားတာ။သူတို့သားသမီးတွေကလည်း တော်တော်လိမ္မာကြ
တာဗျ။ ဘွားစိန်နု ဆုံးတဲ့နေ့ရောက်တိုင်း ဘွားစိန်နု
အတွက် တစ်နှစ် တစ်ခါ ဆွမ်းသွတ်တယ်ဗျ။ ဘိုး
ရင်မောင် ဆုံးတဲ့နေ့ရောက်တိုင်းလည်း တစ်နှစ်
တစ်ခါ ဆွမ်းသွတ်တယ်။ဆွမ်းသွတ်တိုင်းလည်း ကျကျနန ချက်ပြုတ်ကျွေး
တာဗျ။ ချက်တာကတော့ ကျုပ်တို့ကာလသားတွေ
ပေါ့ဗျာ။ တာတေကတော့ ရပ်ရေးရွာရေး လက်မ
နှေးတဲ့ကောင်ဆိုတော့ မြို့တက် စျေးဝယ်ကလည်း
ပါတာဗျ။ ချက်ပြုတ်ပြီး ကျွေးမွေးဧည့်ခံတာပြီးလို့
အိုးကြီးခွက်ကြီးတွေ ဆေးကြော၊ ဘုန်းကြီးကျောင်း
ပြန်ပို့ပြီးမှ ကျုပ်တို့ အိမ်ပြန်ကြတယ်။ပုဗ္ဗာရုံဆရာတော်က ဟောထားတယ်ဗျ။ သေတဲ့
လူတွေဟာ ကုသိုလ်ကောင်းမှုတွေ ရှိကြပေမယ့်
သေခါနီးအချိန်မှာ တစ်ခုခုကို စိတ်ကစွဲသွားရင်
တစ္ဆေဖြစ်ပြီး အပါယ်ကျတော့တာတဲ့ဗျ။ အဲဒီလို
တစ္ဆေဖြစ်သွားရင် သူတို့မိသားစုက အကုသိုလ်
ကောင်းမှုလုပ်ပြီး အမျှအတန်းဝေပေးလိုက်တဲ့အ
ခါ ကျွတ်လွတ်ပြီး ဘဝကူးသွားကြရောတဲ့ဗျ။ဒါပေမဲ့ တစ်ခါတစ်လေမှာ မိသားစုက အလှူဒါန
ပြုတဲ့အချိန်မှာ တစ္ဆေဖြစ်သွားတဲ့သူက အနားမှာ
မရှိတာမျိုးလည်း ဖြစ်တတ်တယ်တဲ့။ ဒါဆိုရင် အ
မျှဝေလည်း ကုသိုလ်အမျှ မရတော့ မကျွတ်မ
လွတ်နိုင်ဘဲ တစ္ဆေဘဝမှာ အကြာကြီး သောင်
တင်နေတတ်တာတဲ့။ကျုပ်လည်း ဝိုင်းဝန်းလုပ်ကိုင်ပေးရင်းနဲ့ တရားနာရ
တာပေါ့ဗျာ။ ကျုပ်ဆရာတော် ဦးဂုဏကလည်း တ
ရားဟောကောင်းဗျ။ သူ့တရား နာပြီးရင် လူတွေက
နားလည်ပြီး ရှင်းလင်းသွားတာဗျ။ ကျုပ်အိမ်ပြန်
ရောက်တော့ ညနေ (၃)ချက်တီးလောက် ရှိပြီဗျ။
YOU ARE READING
Myanmar Ghost Stories
Horrorကိုယ်တိုင်ဖတ်ချင်လို့စုရေးထားခြင်းဖြစ်ပါသည်။တစ်ခုမှမပိုင်ပါ။ #Allcrd