မဖဲဝါ မဝင်ရ { စ / ဆုံး }
°°°°°°°°°°°°°°°
မူရင်း _ဆရာတာတေ**************************************
ဒီတုန်းက တာတေ မြို့မှာ ကျောင်းနေတုန်းဗျ။
ရှစ်တန်းလောက်ထင်တာပဲ။ကျုပ်က မြို့ကျောင်း
တက်တုန်းက အမေ့ရဲ့အစ်ကို ဘကြီးရဲ့အိမ်မှာ
နေရတာလေဗျာ။ ဘကြီးက အမေ့ရဲ့အစ်ကို
လို့ မပြောရဘူးဗျ။ ကျုပ်အမေလိုပဲ ဝက်သား
ချက် လွှတ်ကောင်းတာ။ကျုပ် ဝက်သားကြိုက်
မှန်းသိလို့ထင်တယ် ဘကြီးက ကျုပ်ကို ဝက်
သား မကြာ မကြာ ချက်ကျွေးတာဗျ။ ဘကြီး
ချက်တဲ့ ဝက်သနီချက်က လွှတ်ကောင်းတာ
ဗျို့။ ဘကြီးက လူပျိုကြီးဆိုတော့ အိမ်မှာ သူ့
ဟာသူပဲ ချက်တာလေဗျာ။လျှော်တာ ဖွပ်တာကတော့ နာမိုးနီးလို့ခေါ်တဲ့
ကုလားမတစ်ယောက် ခေါ်ထားတယ်ဗျ။ ဘ
ကြီးက တစ်ယောက်တည်းနေရတဲ့ဆိုတော့
တစ်ခါတလေတော့လည်း ပျင်းမှာပေါ့ဗျာ။
ရွာလေးတွေဘက်ကို တစ်ခါတလေ သွား
လည်တတ်တယ်။"တာတေ၊ မင်း သီတင်းကျွတ်ကျောင်းပိတ်
ရက် ရွာပြန်ဦးမှာလား"ဘကြီးက ဆိုင်းမဆင့် ဗုံမဆင့်ကြီး မေးလိုက်
တာဗ်။"ဘကြီး ဘာကိစ္စရှိလို့တုံး"
"မင်း ရွာမပြန်ရင် ဘကြီး မင်းကို ခေါ်သွား
မလို့ကွ""ဟင် ဘယ်ကိုတုံး ဘကြီး"
"ဘကြီး ငယ်သူငယ်ချင်းတစ်ယောက် ရှိတယ်
ကွ၊ ဘဂျမ်းဆိုတဲ့ကောင် အသက်ကတော့ ဘ
ကြီးထက် နှစ်နှစ် သုံးနှစ်လောက်ကြီးတယ်။ဘ
ဂျမ်းတို့ရွာက ကုန်းတန်းလို့ခေါ်တယ်။ကုန်းခေါင်
ခေါင်ကြီးပေါ့ကွာ။မိုးရွာမှ ရေမြင်ရတဲ့ သဲချောင်း
လေးတွေတော့ ရှိတယ်ကွ၊ ဒါလည်း မိုးတွင်း
လောက်ပဲ ရေမြင်ရတာကွ၊ ပူပြီဆိုရင် လွှတ်
ပူပြီး အေးပြီဆိုရင် လွှတ်အေးတဲ့ရွာပေါ့ကွာ"
ကျုပ်က ဘကြီးပြောတဲ့ ကုန်းခေါင်ခေါင်ရွာ
ကြီးဆိုတာကိုတော်တော်လေး စိတ်ဝင်စား
သွားတာဗျို့။"ဒီကနေဆိုရင် တော်တော်ဝေးလား ဘကြီး"
"ဒီကနေ မန်ကျည်းတန်းကားကိုစီးပြီး မန်
ကျည်းတန်းမှာ တစ်ညအိပ်ရမယ်၊ နောက်
နေ့မနက် စောစောထပြီး လှည်းငှားသွားရ
မှာကွ"
YOU ARE READING
Myanmar Ghost Stories
Horrorကိုယ်တိုင်ဖတ်ချင်လို့စုရေးထားခြင်းဖြစ်ပါသည်။တစ်ခုမှမပိုင်ပါ။ #Allcrd